Author's Profile Photo

မောင်ဇင်(မှိုင်းဌာနီ)

20/10/2024

ချစ်သူတွေခိုနားရာမြေ

2 mins read
Life Style
Personal Development
ချစ်သူတွေခိုနားရာမြေ's photo


ဒီဆောင်းပါးလေးကို မဖတ်ခင်မှာ စာဖတ်သူများအနေနဲ့ "အချစ်" ဆိုတာကိုသိကြမယ်လို့ထင်ပါတယ်။အဲ့လိုသိကြတဲ့သူတော်တော်များများထဲက အများစုဟာဆိုရင် "အချစ်"ဆိုတာကို "ကောင်လေးက ကောင်မလေးကိုပိုး၊ကောင်မလေးက သဘောတူ၊အရွယ်ရောက်တာ၊မရောက်တာဂရုမစိုက်ဘဲ လက်ထပ်ကြ၊ ရိုင်းတယ်မထင်ကြပါနဲ့ အိပ်ယာပေါ်က ဇာတ်လမ်းလေးတွေ" ကိုပဲ ပြေးပြေးမြင်တတ်ကြပါတယ်။ ဒီလိုသိမြင်တတ်ကြတာက အတော့်ကိုလွဲမှားလွန်းပါတယ်။ အမှန်တော့ "အချစ်၊love" ဆိုတာက "ယောင်္ကျားလေးဖြစ်စေ၊မိန်းကလေးဖြစ်စေ တစ်ဖက်သားအပေါ်မှာ မေတ္တာစိတ်အပြည့်နဲ့ကြည့်ရှု့စောင့်ရှောက်နားလည်သစ္စာရှိပေးတာပါ။"

ခုခေတ်ရဲ့ အခြေအနေပြောင်းလဲလာမှုတွေအရ ပြောပြရမယ်ဆိုရင်ကတော့ "အချစ်" ဆိုတာ "onlineတွေပေါ်မှာဖွန်ကြောင်တတ်တဲ့သူတွေရဲ့နှုတ်ထွက်စကား"၊"Sexနဲ့ဆိုင်တဲ့ကိစ္စတွေပေါ်မှာပဲ ရမက်များတဲ့သူတွေရဲ့ ဆောင်ပုဒ်"၊"အများသူငှာရှေ့လည်း မဖွယ်မရာလုပ်တတ်တဲ့သူတွေရဲ့ လက်စွဲတော်ကျင့်စဉ်" တွေဖြစ်လို့နေပါတယ်။ဆရာကြီးလယ်တွင်းသားစောချစ် ပြောသလို "ခုခေတ် အချစ် ကလေ အိပ်ယာပေါ်ကကိစ္စပြီးရင် ဘာမှမဟုတ်တော့ဘူး"ဆိုသလိုပါပဲ၊ဒီစကားကသိပ်ကိုမှန်လွန်းနေတာတော့ စိတ်မကောင်းစရာပါပဲ။ တစ်ကယ် နဖူးတွေ့၊ဒူးတွေ့ "အချစ်"ဆိုတာကို သိတဲ့သူတွေက "အချစ်"ဆိုတာဟာ (သိပ်ကို နူးညံ့ကဗျာဆန်တယ်၊ရိုးရှင်းတယ်)လို့ပဲသိထားကြတာပါ။ စာရေးသူကျွန်တော်လည်း စာတွေ့အနေနဲ့ရော၊လက်တွေ့အနေနဲ့ရော "အချစ်"ဆိုတာကိုခံစားသိမြင်ယုံကြည်ခဲ့တာမို့ခုလိုတွေပြောနိုင်ရတာပါ။

နောက်ပိုင်း တခြားနိုင်ငံတွေကိုမပြောကြသေးဘဲနဲ့ ကိုယ့်နိုင်ငံထဲ လူငယ်၊ရွယ်တွေကြားထဲမှာ နားလည်နေကြတဲ့ "အချစ်"ဆိုတာကိုက (ကျောင်းမှာဆို နမ်း၊အများရှေ့လည်း ပေါင်ပေါ်တက်ထိုင်၊နင့်လင်နဲ့ငါ့လင်လု၊ မင်းစော်နဲ့ငါ့စော် ဘယ်သူပိုကိတ်လဲ) ဆိုတာတွေဖြစ်နေကြတော့ ကျွန်တော်ဒီဆောင်းပါးကနေ လူငယ်၊ရွယ်တွေကိုပြောပြချင်ပါတယ်။ ဘာတွေဆိုရင် "အချစ်ကို တစ်ကယ်ချစ်တတ်ရင် ဘာပြဿနာ၊ဘာနှိုင်းယှဉ်စရာကိစ္စမှမရှိဘူး"ဆိုတာပါပဲ။ [အတိအကျဆိုရရင် ဆရာကြီးလယ်တွင်းသားစောချစ်ရဲ့ သူ့ဘဝဖြစ်ရပ်အကြောင်းလေးတွေကိုဟောပြောခဲ့တဲ့ စာပေဟောပြောပွဲလေး၂ခုကို နားဆင်ကြည့်လိုက်ကြပါ။]

နောက်တစ်ချက် "အချစ်"ကိုဗန်းပြပြီး ဆယ်ကျော်သက် ၁၆/၁၇/၁၈လေးတွေ လက်ထပ်ကြတဲ့ကိစ္စပါ။ 

"ဘာဖြစ်လဲ ကြိုက်လို့ယူတာကြီး"။

"မိဘပေးစားလို့ယူရတာ"။

"ချစ်လွန်းလို့ ၂ဉီး၂ဖက်ကကို ခိုးပြေးတာ"။

ဒီလိုစကားသံတွေကြားဖူးကြမယ်ထင်ပါတယ်။ကိုယ့်ဘာသာစဉ်းစားသုံးသပ်ကြည့်ကြဖို့ ပြောပြရမယ်ဆိုရင်....

"ကြိုက်လို့ယူတာ ဆို ယူပါ၊မှတ်ထားပေးပါ၊ဘယ်လောက်ကြိုက်ကြ ကြိုက်ကြ စားစရာမရှိတဲ့အဆုံးကွဲကြမှာပါ။"

"မိဘပေးစားလို့ယူရတာ ဆို ယူပါ၊ကိုယ့်ဘဝအခြေအနေနဲ့စားဝတ်နေရေးနိုင်နင်းနိုင်မလား စဉ်းစားချင့်ချိန်ပေးပါ၊ကိုယ့်ဘဝအခြေအနေကို ကိုယ်ကလွဲပြီး ဘယ်သူမှနားမလည်၊မသိရှိနိုင်ဘူးမို့ ဆင်ခြင်ပေးကြပါ။"

"ချစ်လွန်းလို့ ၂ဦး၂ဖက်က ခိုးပြေးတာ ဆို ပြေးပါ ၊မှတ်ထားပါ ခိုးပြေးပြီဆို (ရိုင်းတယ်မထင်ပါနဲ့)... လိင်မှုကိစ္စပိုင်းတွေပြီးသွားပြီမို့ ရုတ်တရက်မိဘကသဘောမတူလို့ကွဲကြရင်ပဲဖြစ်ဖြစ်၊အကြောင်းရင်းတစ်ခုကြောင်းကွဲကြရပြီဆိုရင်ပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်စလုံးက လူပျို၊အပျိုပြန်မဖြစ်ပါဘူး၊ ကွဲကြပြီပဲထားကြပါဦးစို့ရဲ့....ပတ်ဝန်းကျင်ရဲ့ရုတ်ချကဲ့ရဲ့သံတွေ၊အထင်အမြင်သေးခံရတာတွေက ကိုယ်တွေ၂ယောက်ပဲခံရတာမဟုတ်ပါဘူး နှစ်ဖက်မိဘတွေပါ ဂုဏ်သိက္ခာကျဆင်းပြီးမျက်နှာပျက်တတ်ရပါတယ်၊ဆိုတော့ ဆင်ခြင်နိုင်ကြပါစေ။"

ဒီလိုပြောတော့ "မင်းဟာကလည်းကွာ၊ဒါဆို ငါတို့ကတစ်ယောက်ပေါ်တစ်ယောက်စိတ်မဝင်စားကြရတော့ဘူးလား"ဆိုရင် စိတ်ဝင်စားလို့ရပါတယ်၊ဆယ်ကျော်သက်လူငယ်၊ရွယ်တွေမှာ"အချစ်"ဆိုတာကိုမြည်းစမ်းကြည့်လို့ရပါတယ်၊ဆေးလိပ်စမ်းသောက်သလိုပါပဲ "သောက်ကြည့်ပါ ကောင်းကျိုးများလား၊ဆိုးကျိုးများလား" အပေါ်မူတည်ပြီးရွေးချယ်တတ်ကြရင်တော့ တစ်ကယ့်ကိုသာယာကြည်နူးဖွယ် ချစ်သူ၂ဦးကြား "ချစ်သူတွေခိုနားရာမြေ"အစစ်အမှန်ကိုရပါလိမ့်မယ် ဆိုတဲ့အကြောင်းပြောကြားရင်း ဒီဆောင်းပါးကို ဒီမှာတင်ပဲ နိဂုံးချုပ်ရပ်နားပါရစေခင်ဗျာ။

ဖောင်တိန်ဖြင့်ရှင်သန်မည့်

မောင်ဇင်(မှိုင်းဌာနီ)။(၂၀.၁၀.၂၄)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း