SarPhat Author
ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့ အရာတွေကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ အဓိကလိုအပ်တဲ့အရာကတော့ Self-Discipline ပဲဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့လည်း မိမိပုံဖော်တည်ဆောက်ချင်တဲ့ အနာဂတ်ကိုဖန်တီးဖို့ Self-Discipline ကိုစတင်ပြီးလေ့ကျင်နိုင်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ မိမိကိုယ်တိုင် Self-Dispiline ကောင်းမွန်အောင် ဘယ်လိုနေထိုင်နိုင်မလဲဆိုတဲ့ အချက် (၃) ချက်ကို မျှဝေပေးလိုက်ရပါတယ်။
၁။ ပြတ်သားပြီး အဓိပ္ပါယ်ရှိတဲ့ ပန်းတိုင်များချမှတ်ပါ။
ဘဝမှာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ ပြတ်သားပြီးရှင်းလင်းတဲ့ ပန်းတိုင်တွေသတ်မှတ်ထားနိုင်တာက Self-Dispiline ရဲ့ အခြေခံပဲဖြစ်ပါတယ်။
ကိုယ်ဖြစ်ချင်တဲ့အရာ၊ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်းသိရှိထားမှ နေ့စဥ်ဘဝကို စည်းစနစ်တကျ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
ကိုယ့်အတွက် အမှန်တကယ်အဓိပ္ပါယ်ရှိပြီး ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ ပန်းတိုင်တစ်ခုက အားကောင်းတဲ့ စိတ်အားထက်သန်မှုတစ်ခုဖြစ်လာပြီး စည်းစနစ်တကျ အာရုံစိုက်ဖို့ လွယ်ကူလာပါတယ်။
၂။ နေ့စဉ်ရည်မှန်းချက်များကို စနစ်တကျလိုက်နာပေးဖို့သတိရပါ။
တစ်မတ်တည်းရှိခြင်းကလည်း Self-Discipline ရဲ့ အခြေခံတစ်ခုဖြစ်ပါတယ်။ ဒီလို Routine တစ်ခုဖန်တီးထားခြင်းက လုပ်ရမယ့်အလုပ်တွေကိုသေချာသိမြင်စေတယ်။
ဆုံးဖြတ်ချက်ဝေဝါးတာမျိုးလျော့ချပေးတယ်။ သေချာအာရုံစူးစိုက်မှုကိုမြှင့်တင်ပေးပါတယ်။ အချိန်ကို အကျိုးရှိအောင် စီမံပြီး လုပ်ရမယ့် အလုပ်တွေကို ဦးစားပေးအလိုက်လုပ်ဆောင်နိုင်တယ်ဆိုရင် ပြင်ပအနှောက်အယှက်တွေကိုလည်း လျှော့ချနိုင်သလို အလုပ်ပိုတွင်စေပါတယ်။
၃။ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရင်း စဉ်ဆက်မပြတ် စတင်လေ့ကျင့်ပါ။
Self-Discipline က ခဏတာရေတိုမှာပေါ်ပေါက်လာတဲ့ စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ရေရှည်အနာဂတ်ကောင်းမွန်ဖို့ရာ ရည်ရွယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုကို စတင်တည်ဆောက်ပြီး စည်းစနစ်ကျမှုကို ရေရှည်ထိန်းသိမ်းကာ မစဥ်းစားပဲလုပ်ကိုင်ခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ မိမိရဲ့ အနာဂတ်ကို ပုံဖော်ဖို့ရာ Self-Discipline ကို စတင်ကျင့်သုံးတဲ့အခါ ရေရှည်လုပ်ကိုင်နိုင်ဖို့နဲ့ ပန်းတိုင်ကိုရောက်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့ အရာများကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် အထက်ပါအချက်များကို လိုက်ပါလုပ်ဆောင်ရင်း အနာဂတ်အတွက် ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့ အရေးပါတဲ့ Self-Discipline ကို စတင်မွေးမြူလုပ်ဆောင်နိုင်ပါတယ်။
Keep Reading