Your Dearie

တစ်ခါတုန်းက လယ်သမားတစ်ယောက်က အရမ်းကို ချောမော၊ထက်မြက်၊နားလည်ပေးတတ်တဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့လက်ထပ်ထားတယ်တဲ့။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်လဲ အရမ်းချစ်မြတ်နိုးပီး တလေးတစားလည်းရှိကြတယ်တဲ့။ သူတို့လင်မယားက မြို့တစ်မြို့ရဲ့တောင်ကုန်းလေးပေါ်မှာနေထိုင်ကြတယ်တဲ့။ သူတို့မှာ အိမ်နီးချင်း မိန်းမကြီးတစ်ယောက်လဲရှိတယ်တဲ့။
ဒါမဲ့အိမ်နီးချင်းမိန်းမကြီးက လယ်သမားမိန်းမကို သဘောမတွေ့ဘူးတဲ့။အဲလိုသဘောမတွေ့တာကိုလဲ မလျှိုထားဘဲအမြဲထုတ်ပြလေ့ရှိတယ်တဲ့။ လယ်သမားမိန်းမအလုပ်ကနေအိမ်ပြန်လာတာကို စောင့်တယ်။ပီးတော့ ပြန်ရောက်ပီဆို သွားစော်ကားပြောဆိုပီး အနှောက်အယှက်ပေးလေ့ရှိတယ်တဲ့။
တညနေမှာတော့
"မင်းက ဘယ်လိုအရှက်မဲ့တဲ့မိန်းမမျိုးလဲ။ ဘယ့်နှယ်အဖေက နိုင်ငံခြားသွားပီး ပညာသင်ခိုင်းတယ်။ ပညာတတ်ပီးကြွယ်ဝတဲ့အမျိုးသမီးဖြစ်လာရင် နိုင်ငံရေးသမားတွေနဲ့လက်ထပ်ခိုင်းတာကို မင်းက လယ်သမားမိန်းမလာလုပ်တယ်။ ခုတော့ လယ်ထဲမှာတနေကုန်နေရပီး ညစ်ပတ်တဲ့နွားတွေနဲ့ဘဲ အလုပ်လုပ်နေရတယ်၊ မင်းက ကျရှုံးနေတဲ့မိန်းမတစ်ယောက်ဘဲ"ဆိုပီး ခနဲ့ပြောဆိုတယ်တဲ့။
တစ်ရက်ကျပြန်တော့
"မင်းကရုပ်လေးလှရင်လှမယ်။ ဒါမဲ့မင်းရဲ့စိတ်ဝိညာဥ်က မှောင်မိုက်တယ်။ မင်းရဲ့စိတ်က ကမ္ဘာကြီးပေါ်ကအမှိုက်တွေနဲ့ပြည့်နေတာ။ မင်းကသနားစရာကောင်းတယ်။ လုပ်နိုင်စွမ်းမရှိတဲ့မိန်းမ။ အဆုံးထိတန်ဖိုးတစ်စက်မှ မရှိဘူး။ မင်းကဘာအတွက်မှ အသုံးမဝင်ဘူး"ဆိုပီး ပြောဆိုတိုက်ခိုက်ပြန်တယ်တဲ့။
အမြဲကြုံရင်ကြုံသလို ခနဲ့ပြောဆိုတယ်။ စိတ်ဒဏ်ရာရအောင်၊ စိတ်ရှုပ်ထွေးအောင်၊ ဒေါသထွက်အောင် ခနဲ့ပြောဆိုတယ်တဲ့။ ဒါမဲ့ လယ်သမားမိန်းမက အမြဲတည်ငြိမ်ပီး စိတ်အနှောက်အယှက်မဖြစ်ဘဲနေတယ်တဲ့။
စိတ်ဆိုးဒေါသထွက်ပီးတုံ့ပြန်မဲ့အစား သူကစိတ်တည်ငြိမ်စွာနဲ့ အပြုံးလေးနဲ့ဘဲ တုံ့ပြန်တတ်တယ်တဲ့။
အဲလိုနဲ့ မိန်းမကြီးကသူဘဲ စိတ်ရှုပ်ထွေးလာတယ်တဲ့။ သူအားစိုက်ပီး စော်ကားပြောဆိုသမျှ လယ်သမားမိန်းမကအဖက်မလုပ်တော့
သူကနားမလည်နိုင်ဘဲဖြစ်နေတယ်တဲ့။ သူကဘဲသည်းမခံနိုင်တော့ဘဲ လယ်သမားမိန်းကဆီ ချည်းကပ်ပီး
"ဟေး..ငါကမင်းစိတ်ဆိုးအောင် နေ့တိုင်းစော်ကားပြောဆိုနေပေမဲ့
မင်းကိုကြည့်ရတာ တစ်စက်ကလေးမှစိတ်ထိခိုက်ပုံမပေါ်ဘူး။ဘာလို့လဲ"ဆိုပီး သွားမေးတော့တယ်တဲ့။
လယ်သမားမိန်းမက
"ကျွန်မမေးခွန်းတစ်ခုလောက်မေးလို့ရမလား။ အကယ်၍မင်းက ငါ့ကိုလက်ဆောင်တစ်စုံတစ်ခုပေးတယ်ဆိုပါတော့ ငါကလက်မခံဘဲငြင်းရင် အဲဒီလက်ဆောင်က ဘယ်သူ့ဆီမှာလဲ"
မိန်းမကြီးက "ငါ့ဆီမှာဘဲလေ"
လယ်သမားမိန်းမက ပြုံးပီး
"ကောင်းပီ၊ အဲဒီအဓိပ်ပါယျက မင်းစော်ကားပြောဆိုသမျှကို
ငါကလက်မခံသ၍ အဲဒီစော်ကားမှုက မင်းနဲ့ဘဲကျန်ရှိနေတာလေ။
ငါ့အတွက်မဟုတ်တဲ့ ငါ့ဆီမှာရှိမနေတဲ့တစ်စုံတစ်ခုတွက် ငါကဘာလို့
စိတ်အနှောက်အယှက်ဖြစ်နေရမှာလဲ" ဆိုပီးပြန်ဖြေတယ်တဲ့။
ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ?
ပေးချင်တဲ့ message က ကမ္ဘာကြီးပေါ်ကလူတွေက တနေ့တခြား တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ဖို့၊ အငြင်းပွားဖို့၊ ဝေဖန်ဖို့တွေဘဲ အားသန်လာကြတယ်။ ကျွန်တော်တို့တွေက ရိုင်းစိုင်းတဲ့သူတွေကို ရှောင်ပြေးလို့မရဘူး။ ဘာလို့ဆိုလူမှုပတ်ဝန်းကျင်ရဲ့ တစ်စိတ်တဒေသဖြစ်နေပီးသားမို့လေ။ နေ့စဥ်ဘဝမှာ ထိတွေ့ရင်ဆိုင်နေကြရတယ်။ ဒါမဲ့ကျွန်တော်တို့ဆင်ခြင်နိုင်တာက လူတွေကိုယ့်ကို ဝေဖန်တိုက်ခိုက်တဲ့အခါ၊ အပြစ်ပြောဆိုတဲ့အခါ၊ ရယ်ပီးခနဲ့အခါ၊ စိတ်ထိခိုက်အောင် ပြောဆိုကြတဲ့အခါ ဒေါသမထွက်စိတ်မပြိုလဲဖို့ပါဘဲ။
အမြဲသတိရနေဖို့လိုတာက စော်ကားပြောဆိုမှုတွေက ကျွန်တော်တို့လက်မခံသ၍ စော်ကားပြောဆိုသူတွေနဲ့ဘဲကျန်ရှိနေမှာဖြစ်တယ်ဆိုတာကိုပါ။
သင်ပိုင်ဆိုင်တဲ့အရာမဟုတ်တဲ့အတွက် သူတို့ကသင့်ဆီကိုယူလာရင်လဲ သင်လက်မခံသ၍တော့ သူတို့ဆီမှာဘဲကျန်ရှိနေမှာမဟုတ်လား။ သင်ကစိတ်ထိခိုက်ဝမ်းနည်ဒေါသထွက်နေစရာအကြောင်းမရှိပါဘူး။
#MoralStory
Keep Reading