Author's Profile Photo

SarPhat Author

22/03/2024

မိန်းမတွေ ဘာ့ကြောင့်ရစ်တာလဲ?

5 mins read
Life Style
Personal Development
မိန်းမတွေ ဘာ့ကြောင့်ရစ်တာလဲ?'s photo

လောကမှာ မသောက်ပဲ မမူးပဲ ရစ်တဲ့သူတွေရှိတယ်။ အဲ့ဒါ မိန်းမတွေပဲ။

မိန်းမဆန်တဲ့ မိန်းမတိုင်းလိုလို ရစ်ကို ရစ်တယ်။ မရစ်တဲ့ မိန်းမဆိုလို့ Tom Boy တွေပဲ ရှိမယ်ထင်တယ်။

ဒါဆို ဘာ့ကြောင့် မိန်းမတွေရစ်တာလဲ။ 

မိန်းမတစ်ယောက်နဲ့ အောင်မြင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်ရင် မိန်းမတွေ ဘာ့ကြောင့် ရစ််တာလဲ ဆိုတာ သိဖို့လိုလိမ့်မယ်။ 

မိန်းမတွေ ရစ်ရတဲ့ အဓိ က အကြောင်းအရင်း သုံးခု ရှိတယ်။

ဒီနေ့ အဲ့ဒီ အကြောင်းအရင်း သုံးမျိုးကို ပြောပြပေးသွားမယ်။

ပထမဆုံးအကြောင်းအရင်းက စမ်းသပ်ချင်လို့ပဲ။ 

မိန်းမတစ်ယောက် ဟာ ယောင်္ကျားတစ်ယောက်နဲ့ relationship တစ်ခု စပြီး ဆိုတာနဲ့ အရင်ဆုံး လုပ်တဲ့ အရာက အဲ့ဒီလူ အပေါ် အမျိုးမျိုး စမ်းသပ်တော့တာပဲ။

ရစ်တာတွေ ပြဿနာရှာတာတွေဟာ relationship မှာ မိန်းကလေးတိုင်း လုပ်လေ့ရှိတဲ့ အရာပဲ။ 
အိမ်ထောင်ကျသွားတဲ့ အထိ လည်း လုပ်နေဦးမှာပဲ။
လုပ်လည်း လုပ်သင့်တဲ့ အရာ တစ်ခုလို့ ကျွန်တော်မြင်တယ်။ မရစ်တတ်တဲ့ မိန်းမတွေဟာ relationship မှာ အဆင်မပြေကြတာများတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိန်းမတစ်ယောက်ဟာ မရစ်တတ်ဘူးဆိုရင် ယောင်္ကျားတစ်ယောက်နဲ့ တူနေလို့ပဲ။ ယောင်္ကျားအချင်းချင်း တွဲနေရ သလို ကျွန်တော်တို့တွေ ခံစားရလို့ပဲ။ 

မိန်းမတွေဟာ တစ်ခါ တလေ ကျရင် ပြဿနာ သေး သေး လေးတွေကို အကြီးကြီးတွေ ဖြစ်အောင် ပုံဖော်လေ့ရှိတာ သတိထားမိလိမ့်မယ်။

 တစ်ခါတလေ ကျရင် ကိုယ် က အလုပ်က အဆင်မပြေ ကောင်မလေးကလည်း ပြဿနာရှာနဲ့ စိတ်တွေ ညစ်နေရလိမ့်မယ်။

ဘာ့ကြောင့် သူတို့ တွေ အဲ့ဒီလို အကြောင်းမရှိ အကြောင်းရှာပြီး ရစ်နေကြတာလဲဆိုတော့ သူရွေးထားတဲ့ သူဟာ ဘယ်လောက်ထိ မိန်းမတစ်‌ယောက်ရဲ့ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ ဒေါသ လှိုင်းလုံးတွေကို ကိုင်တွယ်နိုင်လဲဆိုတာ သူသိချင်လို့ပဲ။ သူ စမ်းသပ်ကြည့်ချင်လို့ပဲ။

 အဲ့ဒီ အချိန်ကျွန်တော်တို့ဟာ သူနဲ့ပြိုင်ပြီး မိန်းမတစ်ယောက်လို ကပ်ကပ်လန် အောင် ရန်ပြန်တွေ့‌ နေမယ်ဆိုရင် သူ့ရဲ့ စမ်းသပ်ချက်မှာ ကျရူံးသွားပြီလို့ ပြောလို့ရနိုင်တယ်။ တကယ်တော့ သူတို့ဟာ ကျွန်တော်တို့မှာ ကိုယ့်ကိုကို ထိန်းချုပ်နိုင်စွမ်း ဘယ်လောက်ထိ ရှိလဲဆိုတာ စမ်းသပ်နေကြတာပါ။ 

နောက်ထပ် သူတို့ စမ်းသပ် ရတဲ့ အကြောင်းအရင်းက သူရွေးချယ်ထားတဲ့ သူဟာ ဘယ်လောက်ထိ ဖိအားဒဏ်တွေကို ခံနိုင်လဲဆိုတာ သူသိချင်လို့ပဲ။ 

တကယ်တော့ ယောင်္ကျားတစ်ယောက်အနေနဲ့ လူပျိုလူလွတ်ဘဝမှာ ဖိအားတွေ ဆိုတာ အိမ်ထောင်သည် ဘဝလောက် ရှိမှာ မဟုတ်ဘူး။ 
ကျွန်တော်တို့မှာ အလုပ်က ပေးတဲ့ ဖိအားတစ်ချို့ရှိလိမ့်မယ်။ မိသားစုကပေးတဲ့ ဖိအားတစ်ချို့ရှိလိမ့်မယ်။ ဒီလောက်ပါပဲ။ 

အဲ့ဒီအခါ ချစ်သူ မိန်းကလေးကလည်း ကျွန်တော်တို့ ကို ဖိအားတစ်ချို့ပေးလိမ့်မယ်။

တစ်ခါတလေ ကျွန်တော်တို့မှာ အလုပ်က ပေးတဲ့ဖိအားတွေ ရှိနေတဲ့ အချိန် ချစ်သူ မိန်းကလေးကပါ ခဏခဏ ရစ် ခဏ ခဏ ပြဿနာရှာပြီး ဖိအားတွေပေးလိမ့်မယ်။ 

အဲ့ဒီ အချိန်ဖိအားဒဏ်ကို မခံနိုင်တဲ့ လူတစ်ချို့ဟာ ‌ကိုယ့်ကောင်မလေးကို သူ အလုပ်ထဲမှာ ဘယ်လိုတွေ အဆင်မပြေကြောင်း ပြောပြမိသွားလိမ့်မယ်။

 အဲ့ဒီအခါ မိန်းကလေးရဲ့ အမြင်မှာ သူဟာ ဒီလို ဖိအားလေးတောင် မခံနိုင်ပါလား။
 အိမ်ထောင်သည် ဘဝရောက်တဲ့အခါ ဒီထက် များတဲ့ ဖိအားတွေကို သူဘယ်လို ကိုင်တွယ်မှာလဲ။ သူ့ကို ငါဘယ်လို ယုံရမှာလဲလို့ တွေးနေလိမ့်မယ်။ 

တစ်ကယ်တော့ ယောင်္ကျားတစ်ယောက်ရဲ့ ဘဝမှာ အရေးအကြီးဆုံးက ကိုယ့်ရဲ့ ဖိအားတွေ ကို ကိုင်တွယ်နိုင်ဖို့ပဲဗျ။ 

 တစ်ခါတလေ ကိုယ့်မှာ နဂိုထဲက ဖိအားတွေ ရှိနေတဲ့ အချိန် ဖိအားတွေ ထပ်လာပေးတဲ့ ချစ်သူ မိန်းကလေးအပေါ် နားလည်ရ ခက်နေလိမ့်မယ်။ 
 
တစ် ကယ် တော့ သူတို့ အဲ့ဒီလို အမျိုးမျိုး ရစ်ပြီး ကျွန်တော်တို့ ကို ဖိအားတွေပေးနေတာဟာ သူရွေးထားတဲ့ လူဟာ အိမ်ထောင်သည် ဘဝရောက်တဲ့အခါ ရင်ဆိုင်လာရ မယ့် ဖိအားတွေကို ကိုင်တွယ်နိုင်မယ့်သူဟုတ်ရဲ့လား ဆိုတာ သူ သိချင်လို့ပဲ။ 

ကျွန်တော်တို့ကို စိတ်ပိုင်းဆိုင်ရာ အရ ပိုပြီး သန်မာစေချင်လို့ပဲ။ ပိုပြီးတော့ ရင့်ကျက်စေချင်လို့ပဲ။ 

အဲ့ဒီအရာဟာ မိန်းမတစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့အရာလို့တောင် ပြောလို့ရတယ်။ ကိုယ့်ရဲ့ လက်တွဲဖော် အမျိုးသားဆီ ကနေ အကောင်းဆုံးသော အရည်အချင်းတွေ ထွက်ပေါ်လာအောင် သူတို့တွေဟာ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖန်တီးပေးနေတာ လို့တောင်ပြောလို့ရတယ်။ 

Gym ကစားဖူးတဲ့ သူတွေ ဆို သိလိမ့်မယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ကြွက်သားတွေကို ပိုပြီး ကြီးထွားစေချင်တယ်ဆိုရင် တစ်ဖြည်းဖြည်း အလေးတင်စော့သွားရတယ်။ ကြွက်သားတွေကို ပိုလေးတဲ့ ဝိတ်နဲ့ တစ်ဖြည်းဖြည်း pressure တွေ တိုးပြီးပေးရတယ်။ 

အဲ့ဒါမှလည်း muscle တွေဟာ ဖိအားဒဏ်တွေကို ပိုခံနိုင်အောင် ပိုပြီး သိပ်သည်းအောင် ပိုပြီးထုထည်ကြီးမားအောင် တည်ဆောက်လာကြတယ်။ 

အဲ့ဒီလိုပဲ ဘဝ ကပေးတဲ့ ဖိအားတွေ ချစ်သူ မိန်းကလေးက ပေးတဲ့ ဖိအားတွေကို ကျော်လွန်သွားနိုင်ပြီဆိုရင်တော့ ကိုယ့်ရဲ့ ဘဝဟာ ပိုပြီး တစ်ဆင့်မြင့်လာလိမ့်မယ်။ အနာဂတ်မှာ အခုထက်ပိုပြီး ကြုံလာရမယ့် ဖိအားတွေကိုပိုပြီး ကိုင်တွယ်လာနိုင်လိမ့်မယ်။

တစ်ချို့ လူ တွေရှိတယ်။ သူတို့ ရဲ့ ချစ်သူ မိန်းကလေးက သူတို့ကို ဖိအားပေးလိုက်တာနဲ့ ရစ်လိုက်တာနဲ့ သူတို့ရဲ့ လုပ်နေကျ အလုပ်တွေ ပျက်ကုန်တာတွေရှိတယ်။ အလုပ်ထဲမှာ စိတ်မပါတော့ဘူး။ 

အလုပ်ကို အာရုံစိုက်လို့မရတော့ဘူး။

အဲ့ဒီလို ဖြစ်သွားတာ ဟာ မိန်းကလေးတစ်ယောက်ရဲ့ စမ်းသပ်ချက်မှာ ကျရူံးသွားတယ်လို့လည်း ပြောလို့ရတယ်။ 
ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ ချစ်သူ မိန်းကလေးကကိုယ့်အပေါ် ဘယ်လောက်ပဲ ပြဿနာတွေ ရှာနေပါစေ စိတ်မညစ်သင့်ဘူး။ စိတ်တွေ ရှုပ်ထွေးမသွားသင့်ဘူး။ အလုပ်နှင့် သမီးရည်းစားဆက်ဆံရေးအပေါ် သက်သက်ဆီခွဲထားဖို့လိုတယ်။ ကိုယ့်ကို ခဏခဏ ပြဿနာရှာတဲ့ သူ့ အပေါ်လည်း အချစ်တွေ မလျော့သွားသင့်ဘူး။ သူ့ရဲ့ ကိုယ့်အပေါ် စိတ်ကောက်မူတွေ ပြဿနာရှာမူတွေကို ဘဝဆိုတဲ့ ဟင်းပွဲရဲ့ အစပ်အရသာတစ်ခုလို့ပဲ သဘောထားသင့်တယ်။ သူနဲ့ ပြိုင်ပြီး ရန်ဖြစ်မယ့်အစား သူ့ရဲ့ ပြဿနာရှာမူတွေအပေါ် ပြန်ပြီး စနောက်သင့်တယ်။ ဟာသတွေလုပ်ပြီး သူ့ရဲ့ ဒေါသလှိုင်းလုံးတွေကို ငြိမ်သက်အောင် ဖန်တီးသင့်တယ်။

ဒုတိယ တစ်ချက်က ပျင်းလို့ရစ်တာပဲ။

တစ်ခါတလေ ကြရင် သူနဲ့ ကိုယ့်ရဲ့ relationship က အရာရာ အဆင်ပြေနေသလို ဖြစ်နေလိမ့်မယ်။ အဲ့ဒီအခါ သူ့အမြင်မှာ relationship က ပျင်းဖို့ကောင်းနေလိမ့်မယ်။ 

တစ်နေ့တစ်နေ့ ရန်လည်း မဖြစ်ရတာ ကြာတဲ့ အခါ relationship ဟာ ပျင်းစရာကောင်းနေသလို သူခံစားလာရလာလိမ့်မယ်။
အဲ့ဒီအခါ ငါတို့ relationship က ပျင်းဖို့ကောင်းလိုက်တာ။ ငါဒီနေ့ ဒီဘဲကို ဘယ်လိုပြဿနာရှာရင်ကောင်းမလဲ။ ဘယ်လိုရစ်ရင်ကောင်းမလဲဆိုပြီး တွေးနေလိမ့်မယ်။ အကြံတွေ ထုတ်နေလိမ့်မယ်။ 

တတိယ အချက်ကတော့ ဒရာမာ တွေ ကြိုက်လို့ပဲ။
မိန်းမတိုင်း လိုလိုဟာ ဒရာမတွေကြိုက်တယ်။ ဒရာမာ မကြိုက်တဲ့ မိန်းမဆိုတာ ရှိမယ်မထင်ဘူး။ ဒရာမဇတ်ကားတွေရဲ့ အားပေးသူ ပရိတ်သတ်အများစုဟာ မိန်းမတွေပဲဗျ။ 
အရင်တုန်းကဆိုရင် K Drama series တွေ အခုဆို မြန်မာ Drama series တွေလည်း အများကြီး ထွက်လာနေပြီ။

မိန်းမတွေဟာ သူတို့ ဘဝမှာ ဒရာမာ တွေ မရှိရင် မနေနိုင်ကြဘူး။ 
ဒရာမာ တွေ အမြဲတမ်းရှာ ဖွေ နေကြတယ်။ 
တစ်ခါတလေ သူငယ်ချင်းတွေကြားမှာ ဒရမ်မာရှာတယ်။ တစ်ခါတလေ အလုပ်ထဲမှာ ဒရမ်မာတွေရှာတယ်။ တစ်ခါတလေ ကြတော့ မိသားစုမှာ ဒရာမာရှာတယ်။ နောက်ဆုံး သူတို့လိုချင်တဲ့ ဒရမ်မာကို ဘယ်မှာမှ မရနိုင်တဲ့အခါ သူတို့ရဲ့ လက်တွဲဖော်ဆီမှာ ဒရမ်မာတွေ သွားရှာလေ့ရှိတယ်။

ဒရာမာတွေပြည့်ပြီး လောင်နေရတာကို သူတို့တွေရဲ့ မသိစိတ်ထဲကနေ သဘောကျလေ့ရှိတယ်။ အဲ့ဒီအရာဟာ သူ့တို့စိတ်ရဲ့ အမှောင်အခြမ်းပဲ။

တစ်ခါတလေ သူတို့ ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲထဲက ဒရာမာ မင်းသမီးလိုမျိုး သူတို့ ဘဝထဲမှာ ဒရာမာတွေ ရှိနေစေချင်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ရုပ်ရှင်ထဲက ဇတ်ကောင်တစ်ခုလို ဒရာမ‌တွေ ရှိနေဖို့ မလွယ်ဘူး။

အဲ့ဒီအခါ သူတို့ရဲ့ လက်‌တွဲဖော်ကလည်း ဒရာမာ မပေးနိုင်တဲ့သူ သူတို့ကို အရမ်းချစ် အရမ်းအလိုလိုက်တဲ့သူ ဖြစ်နေမယ်ဆိုရင် သူတို့ ဘဝမှာ ဘာဒရာမာမှ ရှိမှာမဟုတ်ဘူး။

အဲ့ဒီတော့ သူတို့လိုချင်တဲ့ ဒရာမတွေကို သူတို့ကိုယ်တိုင်ဖန်တီး ယူလိမ့်မယ်။ 

အမျိုးမျိုး ရစ်မယ်။ အမျိုးမျိုး ပြဿနာရှာမယ်။ သူတို့လိုချင်တဲ့ ဒရာမာတွေ မရမချင်း ပြဿနာတွေရှာနေလိမ့်မယ်။ 

သူတို့ လိုချင်တဲ့ ဒရာမာတွေ ရသွားပြီဆိုမှ သူတို့ ကျေနပ်လိမ့်မယ်။ 

အခုလောက်ဆိုရင် အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူ မိန်းကလေးဟာ ကိုယ့်အပေါ် ဘာ့ကြောင့် ရစ်တာလဲ၊ ဘာ့ကြောင့် ပြဿနာတွေရှာနေရတာလဲဆိုတာ အရင်ကထက် ပိုပြီး နားလည်လာပြီ လို့ ယူဆပါတယ်။ 

အခုလို မိန်းမတွေရဲ့ စိတ်ကိုပိုပြီး နားလည်မှလည်း အနာဂတ်မှာ ပိုကောင်းတဲ့ ဆက်ဆံရေးတစ်ခုကို ကိုယ့်ရဲ့ ချစ်သူ ရည်းစား ဒါမှမဟုတ် ဇနီးမယားနဲ့ အတူ တည်ဆောက်နိုင်ပါလိမ့်မယ်။

အမျိုးသားတွေကို ပြောချင်တာကတော့ ကိုယ့်ရဲ့ ချစ်သူ မိန်းကလေးကိုယ့်အပေါ် ရစ်တယ် ပြဿနာရှာတယ်ဆိုတာ ကိုယ့်ကို မုန်းလို့ ကြည့်မရလို့မဟုတ်ပဲ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာအရ သန်မာတဲ့ အမျိုးသားတစ်ယောက် ဖြစ်စေချင်လို့ပါ။

အမျိုးသမီးတွေကို မှာချင်တာတော့ ကိုယ့်ရဲ့ လုပ်တွဲဖော်အပေါ် ရစ်တယ် ပြဿနာရှာတယ်ဆိုတာ မှားယွင်းတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုပါ။

အဲ့ဒီလို ရစ်တာဟာ ကိုယ့် ရဲ့ အိမ်ထောင်ဖက် အလောင်းအလျာဟာ ဘယ်လောက်ထိ ကိုယ့်ကို ချစ်လဲ၊ ဘယ်လောက်ထိ စိတ်ပိုင်းဆိုင်ရာအရ သန်မာလဲဆိုတာ သိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပါ။ ဒါ့ကြောင့် ရစ်သာရစ်ပါ။ အရစ်မခံနိုင်တဲ့သူ ကိုယ်နဲ့ ခဏခဏ ရန်ပြိုင်ဖြစ်တဲ့သူမျိုးတွေကိုတော့ ချစ်တဲ့ စိတ်နဲ့ တွယ်ကပ်မနေပါနဲ့။ အဲ့ဒီလူတွေဟာ အိမ်ထောင်တစ်ခုကို ကိုင်တွယ်နိုင်ဖို့အတွက် စိတ်ပေါင်းဆိုင်ရာအရ ရင့်ကျက်မူမရှိသေးဘူး လို့ ပြောလို့ရနိုင်ပါတယ်။ 

ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်ကို စိတ်ပိုင်းဆိုင်ရာအရ ပိုပြီး သန်မာအောင် လေ့ကျင့်ပေးပါ။ အမျိုးသားတွေအနေနဲ့ လည်းစိတ်ပိုင်းဆိုင်ရာ ကိုယ့်လက်တွဲဖော်ရဲ့ ရစ်တာတွေ ပြဿနာရှာတာတွေကို ကိုယ့်ကို ပိုပြီး ရင့်ကျက်သန်မာစေချင်လို့ လုပ်နေတယ်လို့ပဲ မြင်ပါ။

အားလုံးပဲ relationship တွေ အဆင်ပြေကြပါစေ။

Aung Paing Phyo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး