Author's Profile Photo

SarPhat Author

22/03/2024

မြကြာဖြူ - ခင်နှင်းယု

1 min read
Book Review
မြကြာဖြူ - ခင်နှင်းယု's photo

ချစ်လာရင် ရအောင်ယူတတ်ဖို့ပညာ ဒီမိန်းမကတတ်တယ်။သူက အချစ်မှော်အောင်ထားသူ တစ်ယောက်ပေပဲ။ ဒါပေမဲ့ တောင်းခံလာမှ အချစ်ကိုပေးဖို့ မေ့လျော့ခဲ့တဲ့မိန်းမတစ်ယောက်ဟာ သူက အချစ်ကိုစတင်သိမ်းသွင်းခဲ့မိတဲ့အတွက် သူ့မှော်ပညာဟာ အခုတန်ဖိုးမရှိတော့ဘူး။
ရှယ်လီ(မြကြာဖြူ)

မိန်းမတစ်ယောက်နှလုံးသားမှာရှိတဲ့အချစ်ရဲ့အတိမ်အနက်ကို တိုင်းတာဖို့ ကိရိယာမရှိပါဘူး။
ရှယ်လီက အင်ဂျင်နီယာရဲ့သမီး သူ့ဘဝရှေ့ရေးဟာ
တက္ကသိုလ် ဒီဂရီပေါ်မှာမတည်ဘူး ၊ ဒီဂရီမရလည်း
သူလင်တစ်ယောက်ရရင် အမြတ်ပဲ ၊ ဒါ့ကြောင့်သူ့မှာ
ကျောင်းသူနဲ့မတူအောင်ဝတ်စားပြီး မြှုပ်နှံထားရတာ၊
အခုသူအမြတ်ထွက်သွားပြီ၊ တူးတူးဘဝကိုတော့သိတယ်မလား တူးတူးအဖေဟာခြံသမား လူငှားတွေရှိတယ်ဆိုပေမယ့် ဒူးရင်းခြံရော စားပင်သောက်ပင်တွေစိုက်တဲ့ ဥယာဥ်ရောလုပ်ရတော့ သိပ်ပင်ပန်းတယ်။
ဖေဖေဝင်ငွေနဲ့ တူးတူးကို ဒီဂရီရအောင်မနည်းထားရတာ ဒီတော့ တူးတူးအတွက်က ဒီဂရီရဖို့ ပထမ၊
ဒီဂရီရဖို့ အဓိက ၊ မင်းကဒီတော့မေးတယ် အတာဆိုဘာလို့ရည်းစားထားသေးလဲလို့ ဘာလို့ဆို တူးတူးချစ်တဲ့စိတ်ကိုမထိန်းနိုင်လို့ ပြီးတော့ ကိုလင်းဟာ
ရှယ်လီနဲ့မတွေ့ခင် တူးတူးအတွက် ချစ်သင့်ချစ်ထိုက်တဲ့လူတစ်ယောက်ဖြစ်ခဲ့လို့ပဲ။

တူးတူး(ခင်မေသိုက်)

လင်းကို ခွင့်လွတ်ပါလို့ မဆိုလိုပါဘူး တူးတူး
ချစ်သူရှိတဲ့မြေမှာခေါင်းချဖို့ လင်းပြန်လာတာ၊
တူးတူးခေါင်းမှာ ကံ့ကော်ပန်းတွေဝေလို့.....

လင်း(လင်းရွှေအောင်)

'ဘုရားသခင်သည် နေရာတိုင်းမှာ မရှိနိုင်သောကြောင့်
မိခင်များကို ဖန်ဆင်းပေးထားသည်။'''တဲ့

ဒီစာအုပ်ကလေးကိုတော့ မိန်းကလေးတိုင်းဖတ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။
အထူးသဖြင့် ကလေးကိုထိန်းကျောင်းနေတဲ့ မိခင်တွေ
ပိုပြီးဖတ်သင့်ပါတယ်။

ဒီစာအုပ်ထဲက ရှယ်လီဟာ တက္ကသိုလ်ရဲ့ Queen တစ်ယောက် သူဟာ ချစ်သူရှိနေတဲ့ လင်းကို ချစ်မိပြီး
ရအောင်ယူခဲ့တယ်။
လူတိုင်းကသူ့ကို အောင်နိုင်ခြင်းနဲ့ထွက်ခွါသွားတယ်လို့ထင်ကြပေမယ့် တကယ်တမ်းကျတော့ သူ့ဘဝရဲ့
ရှုံးနိမ့်ခြင်းတွေဟာ အဲ့ကစခဲ့တာပဲ။

ဒီစာအုပ်ထဲမှာ လုယူနိုင်းခြင်းဟာ အနိုင်ရခြင်းမဟုတ်ဘူး ရှုံးနိမ့်ခြင်းရဲ့အစဖြစ်တယ်ဆိုတာကို ပြောပြပေးထားတယ်။

လုယူခံလိုက်ရတဲ့သူရဲ့နေရာကနေရော
လုယူလို့ရသွားတဲ့သူတစ်ယောက်ရဲ့နေရာကနေရော
ခံစားနားလည်တတ်အောင် တကယ့်လက်တွေ့အဖြစ်အပျက်ကိုအခြေခံပြီး ဆရာမကရေးထားပေးတယ်။

ကျောင်းသူဘဝမှာ အပျော်အပါးမက်ခဲ့ပေမယ့်
မိခင်တစ်ယောက်နေရာရောက်လာတဲ့အခါ အိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းပြီး
ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ်ဆိုတာကိုလဲ ပြထားပေတာမို့ မိန်းကလေးတွေဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။

ဘယ်လိုအခြေနေဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်အနေနဲ့ ရပ်တည်နိုင်စွမ်းရှိဖို့ လမ်းပြပေးထားတယ်လို့ ခံစားရပါတယ်။

#soung?

Keep Reading

တဇောက်ကန်းသမားဟိုလိုလို ဒီလိုလို ဝေလည်လည်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မြကတ္တီပါလမ်း (Book review)ပန်းကြာဝတ်မှုံ - ခင်ခင်ထူး ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ