Author's Profile Photo

Sky Anna

12/10/2024

မယ်ထွေးလေးနှင့် သီတင်းကျွတ်လပြည့်နေ့

1 min read
Education
Entertainment
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
မယ်ထွေးလေးနှင့် သီတင်းကျွတ်လပြည့်နေ့'s photo


ယနေ့သည် သာမန်နေ့မဟုတ် မြတ်စွာဘုရားရှင်သည် မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား အကြောင်းပြု၍ တာဝတိံသာနတ်ပြည်၌
ကုသလာဓမ္မာ ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ အစရှိသည့် အဘိဓမ္မာ ခုနှစ်ကျမ်းအား
ဟောကြားတော်မူပြီးနောက် လူ့ပြည်သို့ပြန်လည်ဆင်းသက်တော်မူခဲ့သည့် နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့ပင်ဖြစ်လေသည်။

ဤသို့ နေ့ထူးနေ့မြတ်လေးတွင်'မယ်ထွေး'လေးမှာ ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် မြတ်စွာဘုရားရှင်အားပူဇော်ရန် နေအိမ် ဘုရားကျောင်းဆောင်တွင် ဆီမီးများဦးစွာ ထွန်းညှိပူဇော်လေသည်။

ထို့နောက် ​'မယ်ထွေး' လေးသည် ခြံအတွင်းသို့အဝင်လမ်းမှစ၍ အိမ်ရှေ့ဝရန်တာမှ အိမ်လှေကားထစ်များ၊မီးဖို၊သနပ်ခါးကျောက်ပြင်များပါမကျန် ခြံစောင့်နတ်၊မြေစောင့်နတ်၊အိမ်စောင့်နတ်၊မီးဖိုစောင့်နတ် အစရှိသည့် နတ်များပါ မြတ်စွာဘုရားအား ပူဇော် နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆီမီးများထွန်းလိုက်လေသည်။

ယခုလို နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် မမေ့မလျော့ ပြုလုပ်ရသည်မှာ ကျေးဇူးရှင်ဖြစ်သော မိဘနှစ်ပါးအား ရှစ်ခိုးကန်တော့ရန်ပင်ဖြစ်လေသည်။ ထို့ကြောင့် 'မယ်ထွေး'လေးသည် မုန့်ဖိုးစု၍ဝယ်ထားသော မုန့်ကလေးများနှင့် အ​မွှေးတိုင်၊
ဖယောင်းတိုင်လေးများအား မိဘနှစ်ပါးရှေ့တွင်ချကာ လက်အုပ်ချီ ၍ရှစ်ခိုးကန်တော့လိုက်လေသည်။

''မယ်ထွေးရေ...ရွာဦးကျောင်းဘုရားမှာ ဆီမီးပူဇော်ရန်အတွက် သွားရအောင်ဟေ့..''
'မယ်ထွေး'လေး၏ သူငယ်ချင်းများဖြစ်ကြသော ဝိုင်းကြည်မတို့ အုပ်စုမှာ အော်ခေါ်ရင်း ခြံရှေ့ဘက်တွင် အုပ်စုလိုက် မတ်တပ်ရပ်စောင့်နေကြလေသည်။
'' လာပြီ ဝေ့...''ဟု ဆိုကာ မယ်ထွေးလေးမှာ အမိနှင့်အဖအား ခွင့်တောင်းပြီး ရွာဦးကျောင်းရှိစေတီတွင် ဆီးမီးပူဇော်ရန် ထွက်လာလေသည်။

နှစ်စဥ်နှစ်တိုင်း ဝါကျွတ်သော်လည်း လူပျိုကြီးဘဝမှ မကျွတ်သေးသော ကာလသားခေါင်းဆောင် ဦးစိန်တိုး တို့အဖွဲ့မှ ဆီမီးများ မီးပုံးများဖြင့် ရွာလမ်းတစ်လျှောက် ထွန်းညှိအလှဆင်ထားလေသည်။ချိတ်ဆွဲထားသော မီးပုံးလေးများတွင် ကာတွန်းရုပ်ပြောင်လေးများနှင့်ကဗျာများလည်းရေးသားထားလေသည်။
ကလေးများလည်း ပြေးလွှားဆော့ကစားနေကြကာ
မီးရှူး၊မီးပန်းများလည်း ဖောက်၍ ပျော်ပါးနေကြသည်။
ကောင်းကင်ယံတွင် လွှင့်တင်ထားသော မီးပုံးများမှာလည်း တရွေ့ရွေ့နှင့် လေကြောင်းအတိုင်း လိုက်ပါစီး‌ေမျာနေသည်၊
'မယ်ထွေး'လေးတို့ အဖွဲ့သည် လမ်းတစ်လျှောက် မီးပုံးများအားငေးရင်း ရေးတွက်ရင်းပင် ရွာထိပ်ရှိဘုရားသို့ရောက်လာလေသည်။
ရွာထဲရှိ လူတချို့မှာ မိသားစုလိုက် ဆီးမီးပူဇော်နေသည်ကိုတွေ့ရလေသည် ' မယ်ထွေး' လေးတို့ သည်လည်း
အသင့်ပါလာသော ဖယောင်းတိုင်များအား ဘုရားရင်ပြင်အပြည့်ထွန်းညှိလိုက်လေသည် ။

ကောင်းကင်ယံတွင် လမင်းကြီးမှာ ထိန်ထိန်သာနေကာ လူအများမှာလည်း ကောင်းမှုကုသိုလ်များသာပြုလုပ်နေကြသည်။
တစ်နည်းအားဖြင့် သီတင်းကျွတ်လပြည့်နေကို ဘုရား ဆုပန်နေ့ဟု မှတ်သားထားဖူးလေသည်။
အဘယ်ကြောင့် ဆိုသော် မယ်ထွေး လေး၏အဖွားသည် ဤသို့ ပြောဖူး‌ေလသည်
မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ သိကြားမင်းသည် ရွှေစောင်းတန်း၊ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း တို့အားဖန်ဆင်းပူဇော်သည်။

မြတ်စွာဘုရားသည် ပတ္တမြားစောင်းတန်းမှ ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့်နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းတွင် ဗြဟ္မာတို့ခြံရံ လိုက်လာသည်။ထိုသို့ တင့်တယ်စွာဆင်းသက်လာသော မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို ဖူးမြင်ကြရကုန်သော၃၆ယုဇနာအတွင်းရှိ ပရိတ်သတ်အားလုံးပင် တစ်ယောက်မျှမကျန် ဘုရားဆုကိုတောင်းကြလေသည်။
ထို့ကြောင့် ဤသို့ ထူးခြားလသော မွန်မြတ်သည့် သီတင်းကျွတ်လပြည့်နေ့အား ဘုရားဆုပန့်နေ့ဟုလည်းသတ်မှတ်နိုင်ပေသည်။

ထိုအပြင် မြန်မာနိုင်ငံရှိပွဲတော်များ အားလုံးထဲတွင် သီတင်းကျွတ်မီးထွန်းပွဲတော်သည် ​​မြန်မာလူမျိုးတို့အတွက် ဒုတိယအစည်ကားဆုံးသောပွဲတော်လည်းဖြစ်လေသည်။

Sky Anna

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?