Author's Profile Photo

Heathen(တိတ္ထိ)

10/10/2024

အောင်မြင်ခြင်းဆိုတာ

1 min read
Life Style
Personal Development
General Knowledge

လူအချို့က အောင်မြင်တယ်မအောင်မြင်တယ်ဆိုတာကို ပိုက်ဆံရအောင်ရှာနိုင်တယ်၊မရှာနိုင်ဘူးဆိုတာနဲ့ လွဲမှားနေကြတယ်
တကယ်တော့အောင်မြင်ခြင်းဆိုတာက ပိုက်ဆံရတာမရတာထက် ကိုယ်ဖြစ်ချင်တာတွေဖြစ်အောင်ကြိုးစားတာ မျိုး၊သင်ဟာ မပျင်းရိဘဲသင့်ရည်မှန်းချက်ကို ရောက်အောင်ကြိုးစားနေလျှင် သင်သည် ထိုရည်မှန်းချက်ပန်းတိုင်ကိုရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ သင်ဟာအောင်မြင်သူတစ်ဉီးဖြစ်နေပါပြီ။ ဘာကြောင့်လဲ သင်သည်သင့်ရဲ့စိတ်ကိုချိုးနှိမ်ပြီး သင့်ရဲ့အလုပ်တာဝန်တွေကို ပြီးဖြတ်နိုင်ခဲ့လို့ဘဲ ဖြစ်တယ်။
ကိုယ်နေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်အေးအေးချမ်း
ချမ်းဖြတ်သန်းနိုင်ခဲ့တာ၊ခက်ခဲပြီးပင်ပန်းတဲ့နေ့တစ်နေ့ကိုကျော်ဖြတ်နိုင်ခြင်းကလဲ သင့်ဘဝရဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

သတ္တိကောင်းပြီး ဝီရိယ ရှိတယ့် သင်က မွေးစကစ၍ ယခုချိန်ထိအခက်အခဲမျိုးစုံကို ဖြတ်သန်းပြီး တဲ့အတွက်
သင်ဟာယခုအချိန်အထိအောင်မြင်သူတစ်ယောင်ဖြစ်ပါတယ်။

  • သင်ယခုသင်ရောက်ရှိရာအရပ်မှာသင်ပျော်မွေ့တယ်ဆိုရင်လဲဒါဟာသင့်ရဲ့အောင်မြင်မှုတစ်ခုဖြစ်နေပါပြီ။သင်သင်ုကိုယ်သင်ဒီရှုပ်ထွေးတဲ့လောကကြီးမှာပျော်အောင်ထားပေးခဲ့လို့လေ။

တကယ်တော့ အောင်မြင်တယ် မအောင်မြင်တယ် ဆိုတာက သင်မည်သို့မည်ဖုံယခုအချိန်ထိ ရှင်သန်ရန်ကြိုးစားခဲ့တာပေါ်မူတည်နေပါတယ်။ဘဝဆိုသည်ကိုထိုသူပိုက်ဆံမည်မျှရှာခဲ့သည်နှင့်မတိုင်းတာကြပါဘူး ထိုသူပြုလုပ်ခဲ့တဲ့ကောင်းခြင်းမကောင်းခြင်း ထိုသူ သူ၏အချိန်တွေကိုဘယ်လိုအသုံးချ ခဲ့လဲ သူအောင်မြင်တယ်ဆိုတာထက် သူဘာလို့အောင်မြင်ရလဲ ဆိုတာကိုဘဲသိချင်ကြတယ်။
သင်အခုရင်ဆိုင်နေတဲ့အခက်အခဲတွေဆိုတာအဲ့လူတွေသင့်အကြောင်းပြောလာတဲ့အခါမှာ အောင်မြင်မှုတစ်ခုဖြစ်လာလိမ့်မယ်။
အောင်မြင်ခြင်းဆိုတာ ခရီးလမ်းဆုံးရောက်ရှိခြင်းမျိုး လိုရာခရီးရောက်ရှိခြင်းတွေထက် ထိုခရီးကို သင်မည်သို့သွားခဲ့သည် မည်သင်ခန်းစာကိုရရှိခဲ့သည် ကို စစ်ဆေးသော စာမေးစာစစ်ပွဲကြီး ဖြစ်တယ်။သင့်ဘဝမှာ သင့်လောက် အောင်မြင်သူမရှိ၊သင့်လောက်လဲရှုံးနိမ့်ဘူးလူ မရှိပါဘူး။
ဝတ်ရုံဖြူနဲ့မင်းသားလေး ကိုလည်းမ မျှော်ပါနဲ့ ဓားတရမ်းရမ်းနဲ့လူကြမ်းတွေကိုလဲမကြောက်ပါနဲ့ သင့်ပုခုံးပေါ်မှာဝတ်ရုံဖြူရှိသလို ရမ်းဝှေ့နေတဲ့ဓားတချောင်းကလဲသင့်လက်ထဲမှာရှိပြီး ဖြစ်တယ် အဲ့ဓားနဲ့ဘယ်သူကိုချိန်ရွယ်မယ်ဆိုတာဟာသင့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။မင်းသားသရဖူဟာလည်း သင့်ခေါင်းထက်မှာ လူကြမ်းမျက်နှာဖုံးကလဲ သင်မျက်နှာထက်မှာ-


"ဒါကြောင့် ဒီကအောင်မြင်ပြီးနေတဲ့ လူသားလေးရေ နောက်နေ့တွေမှာလဲ အောင်မြင်သူတစ်ယောက်ထပ်ဖြစ်အောင် ကြိုးစားလိုက်ပါအုံး
ဒီလူသားတွေက စိတ်အားငယ်တတ်သလို စိတ်ဓာတ်လဲပြင်းထန်ကြလို့ပါ။"

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းသူဟာလည်း ဖခင်ဘဝမှာလိုအပ်တာ တစ်ခုပဲတက်ညီလက်ညီ ပန်းတိုင်ဆီသို့