Author's Profile Photo

ဆွေ (မန္တလေး)

8/10/2024

ရူးလောက်အောင် ချစ်မိပါတယ်ဆိုတဲ့ စကား

1 min read
Book Review
18 Again
ရူးလောက်အောင် ချစ်မိပါတယ်ဆိုတဲ့ စကား's photo

ဒီစကားက တကယ်ပါဆိုပြီး သက်သေပြတဲ့အမျိုးသမီး တစ်‌ယောက်အကြောင်း ‌ဖတ်ရမှာပါ။

တစ်စုံတစ်ယောက်ဖို့ ရူးလောက်အောင် ချစ်နေတဲ့ စိတ်မနှံ့အရူးမတစ်ယောက်ကို လက်ထပ်ယူရဲတဲ့ အမျိုးသား တကယ်ရှိပါ့မလား။

စိတ်ကူးနဲ့လက်တွေ့၊ အချစ်နဲ့အမုန်း၊ အကောင်းနဲ့အဆိုး အမြဲဒွန်တွဲနေတဲ့ လောကမှာ ချစ်၍လည်း မစွဲနဲ့၊ မုန်း၍လည်း မစွဲနဲ့ဆိုတဲ့ မြတ်စွာဘုရား အဆိုအမိန့်အတိုင်း လက်တွေ့ကို လက်ခံနိုင်သွားတဲ့အချိန်မှ ဘေးနားကချစ်ခြင်းမေတ္တာဟာ ဘယ်လောက်အေးချမ်းလဲဆိုတာ သတိထားမိတာပါ။ ဆွေတို့လက်တွေ့မှာလည်း
ကိုယ်မရနိုင်တဲ့အရာပေါ်ကို မျှော်ကိုးနေရင်း ပူလောင်နေတဲ့သူတွေဟာ များပါတယ်။ တကယ်တမ်း ဘေးနားမှာ ရှိတဲ့ကိုယ်ပိုင်ဆိုင်ထားတဲ့ အေးချမ်းမှုတွေကိုတော့ မျက်ကွယ်ပြုတတ်လေ့ရှိကြပါတယ်။ ဒီစာအုပ်မှာ ဒါကိုအဓိက မီးမောင်းထိုးပြသွားပါတယ်။

အချစ်အကြောင်း ပေါ့ပေါ့ပါးပါးလေး ဖတ်ချင်ပါတယ်ဆိုတဲ့ လူတွေအတွက် ဒီစာအုပ်ဟာ ဖတ်လို့ကောင်းမဲ့ စာအုပ်လို့ မြင်ပါတယ်။

စာအုပ်နာမည် - မောင့်နွေဦး
စာရေးသူ - မယ်ညို

အမှတ်တရ ရင်ထဲနင့်နေအောင် တွဲမြင်စေတဲ့ အရာတွေက ကံ့ကော်ပန်း၊ စာအိတ်၊ ပူဖောင်းတွေနဲ့ အတူ ဆင်တူလက်ပတ်ကြိုးလေးတွေပါ။

အကြိုက်ဆုံးဇာတ်ကောင်အကြောင်း နည်းနည်းပြောပါဆို အဓိကဇာတ်ကောင် နွေဦးခင်ထက် ဘုန်းသိုက်ကို ပိုသဘောကျမိတယ်။ အနစ်နာခံတယ်။ ချစ်ရတဲ့သူက အချိန်တွေ ကိုယ့်အတွက် မဟုတ်နေတာတောင် သူချစ်တဲ့သူရဲ့ မိသားစုအတွက် သူ့ချစ်သူရဲ့ ဘဝအတွက် အနားနားမှာ ရှိနေရရင် ကျေနပ်ပြီဆိုတဲ့ စိတ်ကလေးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ သူ။ ရိုးရိုးရှင်းရှင်းလေးပဲ မြင်တာပါ။

မိန်းကလေးတွေ ချစ်ရင် ရူးလောက်အောင် ချစ်တာမှန်တယ်။ ယောကျာ်းလေးတွေ ချစ်ရင် မရူးပဲနဲ့ တစ်ဘဝလုံးစာနဲ့ လဲပြီးကို ချစ်နိုင်တယ်လို့ ပြောပြပေးသလိုပါပဲ။

ဂျိုကာ ဟာလေကွင်းကို ပြောတဲ့ စကားလိုပဲပေါ့ ငါ့အတွက်သေနိုင်လား အာ... အဲ့တာအရမ်းလွယ်လွန်းတယ်။ ငါ့အတွက်အသက်ရှင်နိုင်မလား။တဲ့ အင်း... ချစ်‌ခြင်းမေတ္တာအတွက် သေတယ် လွယ်ပါတယ်။ ချစ်ခြင်းမေတ္တာအတွက် ရူးတယ် လွယ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ကိုယ်မချစ်တဲ့သူ့အနားနေပြီး အရိပ်တကြည့်ကြည့် ပျိုးထောင်ပေးမယ်ဆိုရင်ကော လွယ်မလား။

ဖတ်သည့်ကာလ
၆၊ အောက်တိုဘာလ၊ ၂၀၂၄ မှ ၈၊ အောက်တိုဘာလ၊ ၂၀၂၄ ထိ။

ဆွေ (မန္တလေး)
၈၊ အောက်တိုဘာလ၊ ၂၀၂၄။

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ