Author's Profile Photo

Nuu Yee(နုရီ)

5/10/2024

To Mama Myain

1 min read
Art
18 Again
To Mama Myain's photo

ချစ်လှစွာသော`မမမြိုင်´
===============================

မနက်စောစော လက်ဖက်ရည်ဆိုင်ထိုင်တော့
ဘေးခုံကလူငယ်တစ်စုက
စိတ်ပျက်လက်ပျက် လက်မှိုင်ချပြီး
သူတို့ကိုယ်ပိုင်အဘိဓာန်အရ အချစ်ကို
အဓိပ္ပါယ်အမျိုးမျိုး ဖွဲ့ဆိုနေကြတယ်

ခက်တယ် "မမမြိုင်"
လူတွေက ဒီဘက်ခေတ်မှာ သာယာမှုကို
အချစ်လို့ခေါင်းစဉ်တပ်နေကြတယ်ဗျာ။
ဒါဆိုရင်တော့ ကျွန်တာ်ဟာခေတ်နောက်ပြန်တဲ့ လူငယ်တစ်ယောက်ပေါ့ "မမမြိုင်"
သစ္စာတရားကို လက်ကိုင်ထားပြီး
မေတ္တာတရားနဲ့ပဲ့ သံယောဇဉ်‌ကြိုးတွေကို
ချည်နှောင်ထားခဲ့ရင် ပိုပြီးခိုင်မြဲလိမ့်မယ်
လို့ ခံယူထားတဲ့ လူတစ်ယောက်ပါ"မမမြိုင်"

ကျွန်တော်ဟာ လူတစ်ယောက်ကို အေးအေးချမ်းချမ်းပဲမေတ္တာမျှချင်သူပါ "မမမြိုင်"
ဒါပေမဲ့ဗျာ အေးချမ်းတဲ့မေတ္တာတွေကိုရှာဖွေရင်း ပူပြင်းတောက်လောင်တဲ့ မေတ္တာတွေနဲ့ပဲ
ကျွန်တော်တွေ့နေရတော့
ခက်တယ် "မမမြိုင်"

နောက်ပြီးတော့ လူတွေဆီမှာ ကတိသစ္စာဆိုတာဟာလဲ မရှိသလောက် နည်းပါးလာပြီ
အစစ်အမှန်ဆိုတဲ့ရာတွေအဟာ
တစ်ဖြေးဖြေးနဲ့
ပျောက်ကွယ်လာပြီး အတုအယောင်တွေက
တစ်ဖြေးဖြေးနဲ့ ထင်ပေါ်လာတော့
အချစ်မေတ္တာစစ်စစ်တွေ
ပျောက်ကွယ်သွားမှာ
ကျွန်တော်စိတ်ပူတယ် "မမမြိုင်"

"ဝ"ကို "ဝိ"လုပ်
မရှိတာကို ရှိအောင်လုပ်
တစ်ယောက်ပြီး တစ်ယောက်အပြိုင်တွဲ
ရည်းစားများတာကို ဂုဏ်ယူစရာတစ်ခုအဖြစ် ပြောဆိုနေကြပြီးတော့
ဖောက်ပြန်တာကို ထမင်းစားရေသောက်လို သဘောထားလာတဲ့လူတစ်ချို့တွေကြောင့် အချစ်မေတ္တာတွေဟာ နှစ်ပြားမတန်အောင်ပဲ
ဈေးပေါနေရပြီ "မမမြိုင်"

လက်ဖက်ရည်နဲ့ ဆေးလိပ်ကို
စွဲစွဲမြဲမြဲကြိုက်တတ်တဲ့ လူငယ်တွေ
မနက်ခင်းအစကို စိတ်ပျက်လက်ပျက်နဲ့
နိုးထကြပြီး ကဗျာတွေကို အလွန်ပင်မှနှစ်ခြိုက်ကြတဲ့ လူငယ်အများစုဟာ
ချစ်ခြင်းတရားမှာ ပုံပျက်ပန်းပျက်
ကျရှုံးခဲ့ဖူးတဲ့သူတွေပဲ "မမမြိုင်"
အဲ့ဒီ လူငယ်တွေအထဲမှာ ကျွန်တော်ကိုယ်တိုင်ဟာလဲ
တစ်ယောက်အပါအဝင်ပါပဲ "မမမြိုင်"

အခုတော့ အကြည်ဓာတ်ခံကလေး
ကော့ညွှန့်သွယ်နေတဲ့ နှုတ်ခမ်းပါးလေးနဲ့
အလွန်ပင်မှ အေးချမ်းလွန်းလှပြီး "မြိုင်"ဆိုတဲ့ နန်းဆန်ဆန် အမည်နာမတစ်ခုနဲ့
ကျွန်တော် အသက်ဆက်ဖို့
အကြောင်းပြချက်ကလေးတစ်ခုကို
ရှာတွေ့ခဲ့ပြီ
ဒါဟာ ကျွန်တော့ဘက်ကိုယိမ်းဖို့
စည်းရုံးရေးဆင်းတဲ့စကားလုံးနုတွေ
မဟုတ်ပါဘူး "မမမြိုင်"

အို..."မမမြိုင်"
"မမမြိုင်" ပြောနေကျစကားအတိုင်း
"မြိုင်"တို့မိန်းမတွေဟာ
မေးခွန်းတွေကိုမကြိုက်ဘူး
တောင်းဆိုတာတွေလဲ မကြိုက်ဘူး
သူတို့ကြိုက်တာရိုးသားစွာ ဖွင့်ဟဝန်ခံချက်ပဲဆို"မမမြိုင်"
ဒါကြောင့် ကျွန်တော် "မမမြိုင်"ကို မေတ္တာရှိနေတဲ့အကြောင်း ရိုးသားစွာပဲ ဖွင့်ဟဝန်ခံပါရစေ "မမမြိုင်"

"မမမြိုင်"......."မမမြိုင်"ရေ......
ကျွန်တော် ခေါ်နေတာ ကြားပါရဲ့လား "မမမြိုင်".....။



-Nu Yee(နုရီ)☘️

Keep Reading

မေဦးမိုးရဟန်းတန်မဲ့ လန့်ခဲ့သည်ကိုယ်ပိုင်ဝေဒနာမျက်နှာကို တော်တော်တည် ထားသည်စုံစမ်းမေးမြန်းခြင်း သည်းခံပါကျောက်စာတိုင် ပမာယောက်ခမရတဲ့နေ့လွင့်မျောနှင်းစက်များကောင်းမြတ် (ခရာတော)မြစ်ရဲ့အနမ်းတွေကို ငါဝါးစားလိုက်တော့မယ်အချစ်