Khai
မြစ်ရဲ့အနမ်းတွေကို ငါဝါးစားလိုက်တော့မယ်အချစ်။
ပန်းတစ်ပွင့်အတွက် စတေးခံရတဲ့နှလုံးသားတွေတကယ်မရှိဘူးပြောတိုင်းရယ်မောနိုင်တာ ကျိန်စာလား။ ငါမသိဘူး။ ငါကဘာမှကိုမသိဘူး။ မင်းရဲ့သွေးစွန်းနေတဲ့လမ်းတွေကိုလည်းငါမသိဘူး။ တစ်ယောက်ထဲလောင်ကျွမ်းရတဲ့ ပြာမျက်ရည်တွေကိုလည်းငါမသိဘူး။ အရူးလိုကောင်။ ကမ္ဘာပေါ်မှာ မီးတွေမိုးလိုရွာရင်တောင် ငါကအေးခဲနေဦးမှာပဲလား။ အချစ်ရဲ့ဆင့်ကဲဖြစ်စဥ်မှာ အရာအားလုံးကိုချနင်းရက်တဲ့ရက်စက်မှုမျိုး ငါ့ဆီမှာတကယ်ရှိနေတယ်။ အသွားထက်တဲ့ကမ္ဘာတွေမှာ ငါ့ကိုခြောက်ခြားစေတဲ့ အိပ်မက်တစ္ဆေဟာငါကိုယ်တိုင်ပါပဲ။ နတ်သမီးရဲ့အူတိုင်ကို ကိုယ်တိုင်ဆွဲနှုတ်ပြီးမှကိုးကွယ်ခွင့်ရမယ်ဆိုတဲ့ အယူသီးသူတစ်ယောက်လိုငါ။ မြစ်ရဲ့အနမ်းတွေကိုငါဝါးစားခဲ့တာဘာထူးသေးလဲ။ ငါဟာ ငါ့ကိုယ်ငါတောင်မီးတင်ရှို့နိုင်လောက်မယ့် ငရဲခန်းထဲမှာ တစ်ယောက်ထဲကျရှုံးသွားတဲ့သူပါ။ အဲဒီ့ကမ္ဘာအထိမင်းလိုက်လွမ်းပေးမယ်ဆိုလည်း ငိုဖို့ပဲ။ မင်းမလွမ်းလည်းငိုဖို့ပဲ။
အဲ့တော့အချစ်ရယ်။ မြစ်ရဲ့အနမ်းတွေကို ငါဝါးစားလိုက်တော့မယ်။
Keep Reading