Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

19/04/2025

ဝမ်းသာ ဝမ်းနည်း

1 min read
Poetry
Earthquake

ဝမ်းသာ ဝမ်းနည်း

​နေပူစပ်ခါး
​နွေ​နေပူပူ
​နေ့လည်​ခေါင်​ခေါင်
ဆန်နှစ်ပြည်အ​​ရေး
နှစ်ပြနီးပါး လူတန်းရှည်။

စံ​တော်ချိန် ​နှစ်နာရီ
ဆယ်နာ​ရီကတည်းက
စီတန်းခဲ့ကြ။

လှူသူက တစ်ဦး
ယူသူက အများ။

တုန်ခါမှု​ကြောင့်
ယိုင်တိုင်တိုင် ဘဝ​တွေ
ရမ်းခါခဲ့ရ။

ပျဥ်းမငုတ်တိုလို
ရှင်သန်ခဲ့တဲ့ သူ​တို့တွေ
အမြစ်ပါ ​ခြေချစရာ မကျန်​အောင်
ကံနည်းခဲ့ကြ။

ဟော ...
ဆန်​ဝေ​တော့မယ်။

​ဟေးခနဲ ​အော်သံ
ချပ်ခနဲ လက်ခုပ်တီးသံ
လက်ခနဲ ပြုံး​​​ပျော် မျက်နှာ။

သူတို့ ​ပျော်ကြတယ်။

တစ်ဝမ်းတစ်ခါး လှဖို့
သူတို့ တန်းစီကြတယ်။

​နေပူစပ်ခါး
ပူ​​​စပ်ပူ​​​လောင်
​နွေကန္တာတိုင်းပြည်က
သူတို့​​တွေ
ဆန်နှစ်ပြည်အတွက်
ရုန်းကန်ခဲ့ကြတယ်။

13.4.25 (Sun)

Keep Reading

ဘဝခရီးသည် ဤလူငယ်လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်