Tawtawti
-6-
"ကိုယ်ပိုင်ဝေဒနာ"
(၁)
"နှလုံးခုန်သံက ပုံမှန်ရှိရဲ့လားခင်ဗျာ"
ကိုယ့်ကို သွေးပေါင်တိုင်းပြီးတဲ့နောက်...
လက်ချောင်းထိပ်ကလေးကနေ နှလုံးခုန်သံကို စက်ကလေးတခုနဲ့ ထပ်မံစမ်းသပ်အပြီးမှာ နပ်(စ်)မလေးကိုမေးလိုက်တယ်။
နပ်(စ်)မလေးတွေမြင်လိုက်ရင် ကိုယ်ဟာ လက်ဖက်သုတ်ကို ပြေးသတိရမိတော့တာပဲ။
သူတို့ဝတ်ထားတာက...အဖြူနဲ့အနီယူနီဖောင်းဝတ်စုံမလား။
လက်ဖက်သုတ်ထဲမှာပါတဲ့ ဂေါ်ဖီနဲ့ခရမ်းချဥ်သီးကလည်း အဖြူနဲ့အနီလေ။
ယူနီဖောင်းကာလာချင်းအရောင်တူကိုး။
"ပုံမှန်ပါပဲရှင်"
"သြော်...ဆရာမလေးကလှလို့ ကျွန်တော့်နှလုံးခုန်သံတွေ မြန်နေသလားလို့ပါ"
ကိုယ့်ရှေ့မှာ ရှက်ပြုံးနှင်းဆီလေးပွင့်ပေါ့ကွယ်။
နောက်...ကိုယ်နဲ့အဖော်ပါလာတဲ့ သူငယ်ချင်းကိုဇွဲနဲ့ ဆရာဝန်ရှိတဲ့အခန်းဆီ ထပ်သွားရတယ်။
ဆရာဝန်ဆီအရောက်မှာတော့...
ပြီးခဲ့တဲ့ရက်က သူရိုက်ခိုင်းခဲ့တဲ့ အန်ထာစရောင်းစာရွက်ကို ပြပြီး အဖြေစောင့်ယူရတယ်။
"ဖြစ်တာကိုတော့သိပြီ၊ ပြီးရင် လိုတဲ့ဆေးသောက်ဖို့ စာရေးပေးလိုက်မယ်၊ တခါတည်း သွေးပါစစ်သွားလိုက်ဗျာ...၊ စစ်ပြီးရင်ပြန်လာပြဦး "
...... .......................................
(၂)
"အောင်ကိုကို..HIV "
ကိုယ့်အမည်ရင်းကို ခေါ်သံနဲ့အတူ
သွေးစစ်ဌာနကဆရာမလေးက စာရွက်ကလေးလှမ်းပေးရင်းပြောတယ်။
"ဗျာ..HIV.."
အာမေဋိတ်လိုလို ပြန်မေးသလိုလိုဖြစ်သွားတာကို သူကခေါင်းညိတ်ပြတာ တွေ့လိုက်
တယ်။ ဒါဆို...အတည်ထပ်ပြုပေးလိုက်တာပေါ့။
ပြီးတော့...ကိုယ့်အတွေးတွေ လွင့်သွားမိတယ်။
သွေးစစ်ချက်အဖြေစာရွက်ကိုလှမ်းယူရင်း ဖတ်လည်းမကြည့်မိတော့ဘူး။
သူ့ပါးစပ်ဖျားမှာတင် လမ်းဆုံးသွားတယ်။
ကိုယ် ဘယ်ကကူးခဲ့သလဲပဲ...စဥ်းစားနေမိတယ်။
လက်ဖျံမှာ ကလောင်နာမည်ကို တက်တူးထိုးခဲ့တုန်းကလည်း တခါသုံးအပ်နဲ့ပါပေါ့။
HIV positive ရှိသူတွေနဲ့ ထမင်းအတူစားသောက်ဖူးလည်း ဒါက..ကူးနိုင်ခြေမှမရှိတာပေါ့။
ကဲ. .ထား။ ဖြစ်တာကတော့ဖြစ်ပြီ။ ကုသလို့ရတဲ့နည်းနဲ့အသက်ဆက်ရှင်အောင်နေရမှာပဲ။ ကိုယ့်ဆီကသူများကိုမပြန့်ပွားဖို့ပဲထိန်းရတော့မယ်ပေါ့။
ဒါပေမယ့် မသေမချင်း ရေတွင်းကရေငင်ရသလို ပုံမှန်ဆေးသောက်နေရမယ့် အဖြစ်မျိုးကတော့ ကိုယ့် ဆန္ဒအကင်းမဲ့ဆုံး ရှင်သန်နေမှုပါပဲ။
ဒီလိုနဲ့ မျောက်အုပ်လို မငြိမ်သက်နေတဲ့ စိတ်ကို ကျောက်ရုပ်လို သက်ငြိမ်အောင်ထိန်းပြီး မှုံတည်တည်နဲ့ ထွက်လာခဲ့တယ်။
အနားမှာ အတူပါသူ ကိုဇွဲကလည်း မင်သေသေပဲ။
"ဘဝကို ART နဲ့ပဲ ဖြတ်သန်းရတော့မယ် တူတယ်"
ART ဆိုတာ အနုပညာကို ပြောတာမဟုတ်၊ HIVဖြစ်ရင် စွဲသောက်ရတဲ့ဆေးလေ။
ကိုယ်ကမပွင့်တပွင့် ပြောမိလိုက်တယ်။ ဒါပေမယ့် သူ့ကိုတောင် ရဲရဲမကြည့်မိဘူး။
အင်း...ဘာမှမဘာဖူးပါဘူးပြောလည်း သူယုံပါ့မလားဆို ရှက်စိတ်ကဝင် သိမ်ငယ်မိသေးတယ်။
ယှဥ်ရပ်ကပ်ပါလာပေမယ့် သူ့ဆီကလည်း ဘာသံမှထွက်မလာ။
စိတ်မကောင်းများဖြစ်နေမလားပဲ။
ဟူး...
ခုအရွယ်အထိအပျော်အပါးလည်းမလိုက်စားဖူးဘူး။
ဘာမမှတ်နဲ့...မာဆတ်တောင် မသွားဖူးဘူး။
ဘယ်ကောင်မလေးပါးကိုတောင် မနမ်းဖူးမင့်ဟာကို..။
ဒါနဲ့တောင်..ကံဆိုးပြီး လာဖြစ်ရလေခြင်း...မတန်ဘူးကွာလို့တော့ ဟာသစိတ်နဲ့လည်းဖြေမိသေးတယ်။
ဒုက္ခတခုနဲ့ကြုံရင် စိတ်ပေါ့အောင် ရယ်စရာ လို ဖော့ပြီးပြောင်းပြန်တွေးတတ်တာကအကျင့်ပါနေကျမလား။
လျှောက်လာရင်း...ဆရာဝန်ဆီပြန်ရောက်လာတယ်။
"သွေးစစ်ပြီးပြီ..ဒေါက်တာ၊ ဒါပေမယ့် ရလဒ်မကောင်းဘူး"
ဆေးရုံရဲ့ပြင်ပလူနာဌာနမှာဆိုတော့ လူနာတွေကများတယ်။
စိတ်ကိုထိန်းလည
Unlock to read this premium article with 10 points.