Tawtawti
-4-
"စုံစမ်းမေးမြန်းခြင်း သည်းခံပါ"
......................................
(၁)
နေ့လယ်ခင်း ကောင်းကင်တခွင်က ကြည်သာလင်းရှနေသည်။ သည်မြင်ကွင်းကို ကြည့်ရင်း စိတ်ကူးထဲတွင် အတွေးရိပ်တွေက ဝေဖြာနေ၏။
ဟုတ်သည်။
စာကြည့်စားပွဲတွင်ထိုင်လျက် ပြတင်းတံခါးကနေ ငေးကာ ဇာတ်လမ်းတပုဒ်ကို ရေးချအသက်သွင်းဖို့ စဥ်းစားခန်းဝင်နေမိခြင်းပင်။
ထိုစဥျ..
"ဗျို့...စာရေးဆရာ ..ငြိမ်လှချည်လားဗျ"
မေးလာပုံက ကိုယ်ကပဲ ဝုနျးဒျုငျးကွဲပွီး နေ
နေနေရမလိုလို။
ကြည့်လိုက်တော့...
အသံနဲ့အတူ အိမ်ပေါ်အရောက်လှမ်းတက်လာသူက ရပ်ကွက်လူကြီး ဦးဖိုးလင်း။
"သြော်..ဟုတ်ကဲ့၊ လာ...ထိုင်ဗျာ၊ ကိစ္စအထွေအထူးကော ရှိလို့လားခင်ဗျ"
"လမ်းကြုံလို့ ဝင်လည်တဲ့သဘောပါပဲ"
သည်တော့လည်း
"ဒါဆို..ပြန်ဗျာ၊ စာရေးစရာရှိသေးတယ်"
ဟု မောင်းထုတ်လို့မှ မရမည့်အတူ ကိုယ်လည်း ကိုယ့်အာရုံကိုဖြတ်ပြီး ကော်ဖီမစ်နဲ့ တည်ခင်းဧည့်ခံရတော့သည်ပေါ့။
နောက်...
"ရပ်ကွက်ရုံးမှာကော..အမှုအခင်း ငြိမ်းရဲ့လားဗျ"
ပြောစရာမရှိဘူးဆိုကာ အငြိမ်အတိုင်း ထိုင်နေလို့က မရပြန်သေး။ ထို့ကြောင့် သူနဲ့သင့်ရာဆိုင်ရာ စကားကို လောကဝတ်ပြု၊
လမ်းကြောင်းပေး မေးစမ်းရပြန်သည်။
"ဇယားကင်းတယ် ရှင်းတယ်ရယ်လို့တော့ မဟုတ်လှဘူးပေါ့ဗျာ၊ ဒေါသကိုမထိန်းနိုင်လို့ ဖြစ်ကြရတဲ့ ကိစ္စလေးတွေကတော့ ရောက်လာတတ်ကြတာပါပဲ၊ တဦးအပေါ်တဦး သည်းခံစိတ်လေးမွေးတတ်ကြရင်တော့ ပြဿနာဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ၊ ခန္တီစမင်္ဂလံ၊ သည်းခံခြင်းက မြတ်သောမင်္ဂလာ ဆိုသလို အောင်မြင်ရာလို့လည်း ယူဆတယ်မလား"
သို့ဖြင့်...။
............................................
(၂)
နောက်တနေ့။
ရပ်ကွက်ထဲက ကိုဝေ ဆိုသူ ပေါက်ချလာသည်။
"ပြောရမှာတော့ အားနာပါတယ်ဗျာ "
ထိုသို့ တစုံတဦးက အစချီပြီဆိုလျှင် ကိုယ့်ဆီက တခုခုကို တောင်းဆိုဖို့ နိဒါန်းပလ္လင်ခံ
ခြင်းဟု သမ္ဘာအရ သိနှင့်လိုက်ပြီသာ ဖြစ်သည်။
"ကဲ..အပိုမယွင်းတဲ့ လိုရင်းကိုသာ အတိုနှင်းတော့ဗျာ"
"အဆိုသွင်းရရင်တော့ ငွေငါးထောင် ခဏလှည့်ပါလား၊ အခက်အခဲလေးရှိလို့ပါ၊ တပတ်အတွင်း မပျက်မယွင်း ပြန်ပေးပါ့မယ်"
"ယူသွားလေ၊ ကျွန်တော်လည်း နည်းနည်းအဆင်ပြေနေချိန်မို့ ပေးနိုင်တာပါ"
ချက်ချင်းပင် လက်ငင်း ချေးသုံးလိုက်၏။
လူမှုရေးနှင့် ယဥ်ကျေးမှုကရှိသေးသည်ကိုး။
သို့ဖြင့်...။
..............................................
(၃)
လူမမာတယောက်၏ သွင်ပြင်ကဲ့သို့ ညနေခင်းပုံရိပ်က မှိုင်းဖျော့ထုံရီနေသည်။
"ဟေ့လူ...ကျွန်တော် ရာထူးတိုးတော့မယ်ဗျ၊ အဲဒါ...ကျွန်တော့်ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ဖက်ရည်တိုက်သင့်တယ်"
အသိတယောက်က ကျွန်တော့်ကို မြင်တော့ ခြံထဲကို ဝမ်းသာအားရလှမ်းဝင်လာသည်။ တိတိပပ ဆိုရသော်..ထိုသူကား ကိုကျော်။
ခုံတန်းလျားတွင် ထိုင်နေသော ကျွန်တော့်အနား နေရာယူလိုက်ရင်းက ပြော၏။
"ရာထူးတိုးမယ့်သူက တိုက်ရမှာမဟုတ်ဘူးလား"
"ဥပမာဗျာ..စာမေးပွဲအောင်တဲ့သူကို တခြားသူက ချီးမြှင့်ဆုပေးသလိုပေါ့၊ သူ့အရည်အချင်းကို အသိအမှတ်ပြုပေးရာရောက်တဲ့အနေမျိုးလေ၊ အောင်တဲ့သူက ပြန်ကျွေးရတာကတော့ သဘာဝမကျဘူးမလား"
ရော်...ဒါဖြင့် ရာထူးတိုးခံစားခွင့်ကြတော့ကော သူပဲရယူမှာမလား။
ရှိပါစေတော့။
ဦးဖိုးလင်း ပြောဖူးသလို သည်းခံပေါ့။
ကိုယ်ကလည်း လူမှုရေးနဲ့ ယဥ်ကျေးမှုရှိချင်သေးသကိုး။
"အေးဗျာ..တိုက်ပါ့မယ်"
"ဒါနဲ့...ထမင်းကောစားပြီးပြီလား..စာရေးဆရာ"
"စားပြီးပြီဗျ"
"ဘာချက်လဲ"
"ကန်စွန်းရွက်နဲ့ ကြက်အသည်းအမြစ်နဲ့ ရောကြော်တာ"
"အိမ်မှာကတော့ ဝက်သုံးထပ်သား၊ ပုဇွန်ထုတ်နဲ့ အမဲအသဲနဲ့ ချက်တယ်ဗျ၊ ကျွန်တော့်အမျိုးသမီးလက်ရာပေါ့"
ကျွန်တော့်အနှစ်သက်ဆုံးဟင်းလျာတွေဖြစ်သည်ကြောင့် ကိုယ်သာမစားရသေးလျှင် သူက ခေါ်များကျွေးမလို့ မေးတာလားဟု တံတွေးကိုကြိတ်မျိုချကာ မချင့်မရဲပင် တွေးမိသွား၏။
သို့သော်...
"ဒါပေမယ့် အမျိုးသမီးက သူကြိုက်တာတွေ သူရွေးချက်တာဗျ၊ ကျွန်တော့်ဘက်ကြတော့ မငဲ့ဘူး၊ အဲ့ဒီ့ ဟင်းတမယ်မှ ကျွန်တော်က မကြိုက်လို့ အခုအထိ ထမင်း မစားရသေးဘူး"
"အယ်လ်.."
"အတော်ပဲဗျာ..စာရေးဆရာချက်တဲ့ဟင်းကတော့ ကျွန်တော့်အကြိုက်ပဲ၊ တခါတည်း ထမင်းပါ ကျွေးမယ်မလား၊ ပြီးမှ လက်ဖက်ရည်က အချိုတည်းမယ်လေ"
သည်လိုဆိုပြန်တော့လည်း ဟင်းချင်းလဲစားကြမယ်လေ ဟု ကိုယ်က ပြောထွက်ဖို့ အားနာနေမိသည်။ သူ့အိမ်သူ မျက်နှာကလည်း ရှိသေးသည်မလား။
ကိုင်း...ကောင်းကရော။
ရာထူးတိုးတာကော၊ ဟင်းကောင်းချက်တာတွေကော အကြွားခံနေရသေးသည့်အပြင် ကိုယ်ကချည်း ပြုစုရမည့်ကိန်း။
ဒကာခံရပြီး ကုသိုလ်မရ မဖြစ်ရလေအောင် စေတနာမကွက်မိဖို့ စိတ်ကိုထိန်းရသည်။
သည်းခံလော့..။
ဦးဖိုးလင်းကိုပင် ဖြတ်ခနဲ သတိရမိသေး၏။
သို့ဖြင့်...။
............................................
(၄)
ငွေလှည့်ထားသူ ကိုဝေကတော့ ရက်ချိန်းအပြည့်တွင် ကတိအတိုင်း ပြန်ရောက်ချလာသည်။
"မယုံကြည်မှာစိုးလို့သာ လူလုံးလာပြရတာ၊ ယူငွေကတော့ မဆပ်နိုင်သေးပါဘူး၊
ပြန်မ'ချေ'နိုင်သေးမယ့်အတူတူ ဝစ္စနှစ်လုံးပေါက်လေးထည့်ပြီး ထပ်ပြီးလည်း 'ချေး'ပေးပါဦး၊ အဆင်မပြေသေးလို့ပါ"
"အယ်..."
"ကျွန်တော်လည်း လာရကျိုးနပ်အောင်၊ ခင်ဗျားလည်း ပြန်ရရင် တပေါင်းတည်းစုထားသလိုဖြစ်ပြီး ပေးရကျိုးနပ်အောင်၊ နှစ်ဦးနှစ်ဘက်
Unlock to read this premium article with 10 points.