Author's Profile Photo

Sam Myu Ter

1/10/2024

I dream of you

1 min read
18 Again
Creative
I dream of you's photo

" California poppy "ပန်းလေးတွေရဲ့ အဓိပ္ပာယ်က
' I dream of you '
'ကိုယ်မင်းကို အိမ်မက် မက်တယ်တဲ့' လေ။
မပိုင်ဆိုင်ရလည်း အိမ်မက်လေးတော့
ထည့်မက်ခွင့်ရှိတယ်မလား....။
တစ်နေရာစီ ဝေးနေပေမယ့်
အိမ်မက် မက်ခွင့်ရှိတယ်မဟုတ်လား...။
တစ်ခါတစ်လေ လက်တွေ့ရဲ့အမှန်တရားကို
စိတ်ဖြေချင်တဲ့အခါ
အိမ်မက်တွေကို ချစ်မိပါတယ်ပေါ့...။.(from ideal)

အကို့ရင်ခွင်ထဲရောက်နေတဲ့ ကျွန်မက
'မောင့်' ကို အိမ်မက် မက်မိတယ်...။

အဲ့ဒီနေ့က မောင် နဲ့ ကျွန်မ လမ်းခွဲခဲ့ကြတယ်။
အကြောင်းပြချက်တွေ ရှိမနေဘဲ ရှေ့ဆက်မဖြစ်နိုင်တော့လို့ပေါ့...။

ပုစွန်ဆီရောင်သန်းနေတဲ့ ညနေဆည်းဆာတစ်ခုမှာ
စိတ်တွေ လွင့်နေတဲ့ ကျွန်မက အကို နဲ့ စတွေ့ခဲ့တယ်။
အကို နဲ့တွေ့ရတာ သာမန်ပါပဲ
သူ့အခက်အခဲ ကိုယ့်အခက်အခဲ အပြန်အလှန်ဝေမျှရင်း ရင်းနှီးမှုတစ်ခုရခဲ့ကြတယ် ။
အချိန်ကာလတစ်ခုမှာပဲ အကိုနဲ့ ကျွန်မ အပြန်အလှန်
နားလည်မှုယူရင်း လက်တွဲခဲ့ကြတယ်...။
ရေရေရာရာ အကြောင်းပြချက်တွေမရှိပဲ
ခပ်မြန်မြန်ဆန်ဆန်ပဲ လက်ထပ်ဖြစ်ခဲ့ကြတယ်ဆိုပါတော့...။
ကျွန်မ အကို့ကို မချစ်ဘူး မောင့်ကို ချစ်တုန်းပဲ....။

ဘယ်သူ သိခဲ့မလဲ.....။
လက်ထပ်ပွဲနေ့မှာ သတို့သားနေရာမှာ မောင်မဟုတ်ပဲ
အကို ဖြစ်နေလို့ လက်ထပ်ပွဲက ထွက်‌ပြေးချင်စိတ်ပါက်နေတဲ့ သတို့သမီးတစ်ယောက် ရှိခဲ့တာကို...။
ဘယ်တတ်နိုင်မလဲလေ ကျွန်မ အမှားပဲကိုး။
ကိုယ်ကတဲ့ ဇာတ် ကိုယ်နိုင်အောင် မကနိုင်တဲ့ အဖြစ်။
မောင် က သိခဲ့မယ်မထင်ပါဘူး မုန်းနေရောပေါ့ 'မောင် '။
အကို့ ကိုလည်း အားနာမိပါရဲ့ ...။

အကိုနဲ့ လက်ထပ်ပီးတဲ့နေ့ထဲက ညအိပ်တဲ့အခါ
အကို့ရင်ခွင် ထဲ ရောက်နေတဲ့ ကျွန်မက မောင့်ကိုပဲ
ခဏခဏ အိမ်မက်မက်နေမိတာ...။
အိမ်မက်ထဲတောင် ကျွန်မက မောင့်ကို
စိတ်ကောက်မပြေသေးဘူးတဲ့ ရယ်စရာကောင်းလိုက်တာ။
တစ်ရေးနိုးထကြည့်တဲ့အခါ မောင်ဖြစ်မနေလို့
တိတ်တခိုးကြိတ်ငိုရတာလည်း ကျွန်မပါပဲ။
အကိုကတော့ သိမယ်မထင်ဘူးပေါ့...။

အိမ်မက်ကို ခေါင်းထဲထားမနေဘဲ
လက်တွေ့ အမှန်တရားကို
အကို နဲ့ အတူ ကျော်ဖြတ်ဖို့ ဆုံးဖြတ်ချက်တွေတော့
ချခဲ့ဖူးတာပဲလေ။
ဒါပေမယ့် ကျွန်မမှ မောင့်ကို မေ့မရပဲ
ဘယ်လိုလုပ်ရမလဲ အကိုရယ်...။
လူတစ်ယောက်ကို မေ့နိုင်အောင် ချစ်ပေးပါ လို့
တောင်းဆိုခဲ့တဲ့ကျွန်မကို အကိုကတော့ ကတိတွေ အထပ်ထပ်ပေးပါရဲ့
ဒါပေမယ့် မောင့် ကိုမေ့မရဘူး အကို.....။

မိုးတွေသည်းကြီးမည်းကြီး ရွာတဲ့ ညတစ်ညမှာ
ကျွန်မ အိမ်မက်က လန့်နိုးလာခဲ့တယ်။
တစ်ကိုယ်လုံးလည်း ချွေးတွေ စိုရွှဲလို့၊
ဘေးကိုကြည့်လိုက်တော့ အကိုမရှိတော့ဘူး။
ကျွန်မကို စာလေးတစ်စောင်ချန်ထားပီး
ထားသွားခဲ့လေတယ်...။
"ကျွန်မကို မချစ်ပေးနိုင်တော့ဘူးတဲ့ ။
ကျွန်မဘယ်လောက်ပဲ မေ့အောင်ကြိုးစားလည်း
မမေ့နိုင်ဘူးမလား ။ကိုယ်မင်းကို ကတိမပေးနိုင်တော့ပါဘူး ကိုယ့်ကိုလွတ်လပ်ခွင့်ပေးပါတော့ တဲ့"။
တောင်းပန်ပါတယ် အကိုရယ် စိတ်ပင်ပန်းစေမိခဲ့လို့။
ကျွန်မလည်း ပင်ပန်းရတယ် အကို...
အကို့ကို အားနာတဲ့စိတ် မောင့်ကို မေ့မရတဲ့ စိတ်...။

အကို မရှိတော့တဲ့ နောက်ပိုင်း
ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖြစ်တယ်..။
ကျွန်မအပေါ် ကောင်းပေးတဲ့အကို့ကိုလည်း
အိမ်ထောင်ဖက်ကောင်းတစ်ယောက်နဲ့ တွေ့စေချင်မိတယ် ။ကျွန်မရဲ့ စိတ်ရင်းပါ အကို...။
မောင့်ကိုရော အိမ်မက်မက်သေးလားတဲ့
သတိရတိုင်း မက်ပါတယ် မေ့မှမရပဲကိုး...။

တစ်နေရာစီဝေးပြီး မပိုင်ဆိုင်ရလည်း
အိမ်မက်တော့ ထည့်မက်ခွင့်ရှိတယ်မလား မောင်။
လက်တွေ့ရဲ့ အမှန်တစ်ရားကို ရင်နာပေမယ့်လည်းပေါ့...။


ကိုယ်တို့တွေ ဘယ်လောက်ထိ လွဲနေဦးမှာလဲ အချစ်ရယ်
သတိရတိုင်း အိမ်မက်ပဲထည့်မက်ခွင့်ရှိတဲ့ ဘဝက
သိပ်နာကျင်ရတယ်...။
နာကျင်စရာတွေ ရင်မှာမြိုသိပ်ရင်း
မင်းကိုပဲ အိမ်မက် မက်ပါ့မယ်။
အနည်းဆုံးတော့ အပြင်မှာမတွေ့ရလည်း
အိမ်မက်ထဲမှာတွေ့ရတယ်...။

ရှေ့ဆက်ပီးလည်း ' I dream of you'ပါပဲ အချစ်ရယ်
မင်းကို သိပ်မြတ်နိုးပါတယ်......။

(အရေးအသားလိုအပ်ချက်များသည်းခံပေးပါရန် နှင့်အပျင်းပြေရေးသားထားခြင်းဖြစ်ပါသည်)
# Sam Myu Ter

Photo from Pinterest

Keep Reading

မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲအလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။"သူလိုလူ"သင်ဟာခေါင်းဆောင်တစ်ယောက်ပါ