SarPhat Author

ကျွန်မတို့လူတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့အရာတွေရှိကြပါတယ်။ အဲဒါတွေက သက်ရှိတွေလဲဖြစ်နိုင်သလို၊ သက်မဲ့တွေလဲဖြစ်နိုင်ပါတယ်။ မျက်စိနဲ့မြင်နိုင်တဲ့အရာတွေဖြစ်နိုင်သလို၊ မျက်စိနဲ့မမြင်နိုင်တာတွေလဲဖြစ်နိုင်ပါတယ်။
ကျွန်မတို့ဘယ်အရာတွေကို တန်ဖိုးထားကြတာလဲ? ဘာကြောင့်တန်ဖိုးထားကြတာလဲ?
ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုကို အခြားသူတစ်ဦးက မထီမဲ့မြင်ပြုတာမျိုး၊ အလေးမပေးတာမျိုး၊ လာစော်ကားတာမျိုးခံရရင် ကျွန်မတို့ဟာ အရမ်းကိုခံစားကြရပါတယ်။ သက်ရှိတွေဟာဆိုရင် ကျွန်မတို့ မိဘ၊ မိသားစု၊ ချစ်သူ၊ မောင်နှမ၊ သူငယ်ချင်းအပေါင်းအသင်းစသဖြင့်ပေါ့၊ သက်မဲ့တွေဟာဆိုရင်တော့ အလုပ်အကိုင်၊ အနုပညာနဲ့ အခြားသောအရာတွေအများကြီးဖြစ်နိုင်ပါတယ်။ ဥပမာ- သက်ရှိထဲမှာဆိုရင် ကျွန်မတို့မိဘတွေပဲဆိုပါတော့။ အတော်များများဟာ ကိုယ့်ရဲ့မိဘတွေကိုတန်ဖိုးထားကြပါတယ်။ ငါ့ကိုကြိုက်တာပြော ငါ့မိဘကိုထည့်မပြောနဲ့ဆိုတာမျိုး ကြားဖူးကြပါလိမ့်မယ်။ အဲဒါဟာ သူ့ကိုယ်သူထက် သူ့မိဘကိုတန်ဖိုးထားတဲ့သူမို့ပါ။
အဲလိုပါပဲ ကိုယ်လုပ်ကိုင်တဲ့အလုပ်နဲ့ပတ်သက်ပြီး တန်ဖိုးထားတဲ့သူတွေရှိပါတယ်။ ကျွန်မကိုယ်တိုင်လဲ ကျွန်မတန်ဖိုးထားတဲ့သူတွေရှိသလို ကျွန်မတန်ဖိုးထားတဲ့အရာတွေရှိပါတယ်။ ကျွန်မဆိုရင် အခုလက်ရှိလုပ်နေတဲ့ ကျွန်မရဲ့ကိုယ်ပိုင်ထူထောင်ထားတဲ့အလုပ်လေးကို ကျွန်မတန်ဖိုးအရမ်းထားပါတယ်။ အကောင်းဆုံးလဲစနစ်ချပြီး အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ပါတယ်။ အကျိုးအမြတ်များများလျင်မြန်စွာရဖို့ထက် ချမှတ်ထားတဲ့ Objective နဲ့ Targetကိုပြည့်အောင် Focus ထားပါတယ်။ အဲလိုမျိုးကျွန်မတန်ဖိုးထားပြီး ကြိုးစားလုပ်ဆောင်တဲ့အရာပေါ်မှာ အခြားသူတစ်ယောက်က သေချာစွာမသိပဲ အပေါ်ယံနဲ့ မကောင်းတဲ့ Bad attitude ပြောဆိုတာမျိုးဆိုရင်တော့ ကျွန်မအနေနဲ့ စိတ်ထဲမှာ မသက်မသာခံစားရပါတယ်။ ကျွန်မလိုပဲ လူတိုင်းမှာသူတို့ရဲ့ တန်ဖိုးထားတဲ့အရာအသီးသီးရှိကြမှာပါ။ အဲလိုမျိုးသူများတွေက တန်ဖိုးထားတဲ့အရာတွေကို ကိုယ်ကမသိလိုက်လို့ပဲဖြစ်စေ၊ သိသိရက်နဲ့ဖြစ်စေ မပြောသင့်မပြောထိုက်တာမျိုး၊ စည်းမကျော်သင့်ပဲစည်းကျော်ပြောဆိုတာမျိုး လုံးဝမလုပ်မိစေဖို့ အကြံပြုလိုပါတယ်။ ကိုယ့်စိတ်ကိုယ်သဘောအတိုင်း ကိုယ်ပြောချင်တာ ကိုယ်လုပ်ချင်တာကိုလုပ်လိုက်တာဟာ တဖက်လူအတွက် သူတို့တန်ဖိုးထားတဲ့အရာကို ထိခိုက်စော်ကားစေတာမျိုးဟာ ကိုယ့်ရဲ့ Image ကိုထိခိုက်စေပါတယ်။ ကိုယ်ဟာစိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချို့ယွင်းသူလို့လဲ မြင်ရစေနိုင်ပါတယ်။
လူသားတိုင်း ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ထိန်းသိမ်းကာကွယ်နိုင်ရင်း တိုးတက်အောင်မြင်ကြပါစေ။ အခြားသူများရဲ့တန်ဖိုးထားတဲ့အရာများကိုလဲ ရည်ရွယ်၍သော်လည်းကောင်း၊
မရည်ရွယ်၍သော်လည်းကောင်း ထိပါးပုတ်ခတ်ခြင်းမပြုနိုင်အောင် စောင့်စည်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
#TheNoteBySDကျွန်မနဲ့ ကျွန်မတို့တန်ဖိုးထားတဲ့အရာတွေ

#TheNoteBySD
Keep Reading