Nway Oo Maung
ဒီစာအုပ်ကတော့ လက်ရှိကာလပုံစံမျိုး ခေတ်ပျက်မှာ
အဖေကပြစ်သွားပြီး မျက်မမြင်အမေနှင့် ညီမလေးကို
မှောင်ခိုဈေးရောင်းလုပ်ကိုင်ကျွေးရာမှ၊ နိုင်သူစားစတမ်းခေတ်ကြီးထဲမှာ မိန်းမသားတစ်ယောက် ဘဝရပ်တည်ရေးအတွက်ရုံးကန်ရင်း နစ်မျောသွားရသော အပျိုးလေးတစ်ယောက်ရယ်၊
ခေတ်ဘယ်လိုပျက်နေပါစေ အများမိုးခါးရေသောက်သလိုမသောက်ပဲ မချမ်းသာရင်နေပါစေ ရိုးရိုးသားသားဘဝကိုရပ်တည်ချင်သော၊ ဖခင်ဖြစ်သူကသူလူလားမမြောက်ခင်လူသတ်ခံရပြီး၊ ယုတ်မာသောပထွေးနှင့်အတူမနေချင်၍ အိမ်ကထွက်လာသောကောင်လေးတစ်ယောက်တို့ကိုဇာတ်အိမ်တည်ထား၏။ခေတ်နောက်ခံကတော့ ၁၉၅၀ဝန်းကျင် ဆိုရှယ်လစ်ခေတ်ကိုနောက်ခံထားတယ်။လွပ်လပ်ရေးရပြီးစ နိုင်ငံမတည်ငြိမ်သေးသောကာလပေါ့၊လက်ရှိကာလနှင့်ခေတ်ပျက်ပုံးချင်းတူတော့တူတယ်။လက်ရှိကာလလို့ ခေတ်ပျက်ထဲမှာ ဘဝကိုသမရိုးကျရပ်တည်ဖို့ ခက်ခဲတဲ့ခါ "ကမ္ဘာမီးလောင်သားကောင်ချနင်း"ဆိုသလို ခေတ်ပျက်ထဲက လူ့လောဘသမာများနှင့် အမှောင်ထဲမှာအလင်းရှာနေသော သူတို့၏ဇာတ်လမ်းဖြစ်ပါတယ်။
လက်ရှိကာလနှင့်လည်းတူနေလို့ ဖတ်သင့်သောစာအုပ်ပါ။ နောက်ပြီး နှစ်တစ်ရာ မြန်မာဝတ္ထုတစ်ရာထဲမှာစာရင်းဝင်ထားသောစာအုပ်ဖြစ်ပါတယ်။
Keep Reading