Nway Oo Maung
အရင်တစ်ပါတ်က ကိုရီးယားနိုင်ငံကောက်ရိတ်သိမ်းပွဲတော်(추석ချူဆော့)ပိတ်ရက်ရှည်မှာ
ဇာတိမြေက သူငယ်ချင်းတွေနှင့် တွေ့ဆုံပြီးအပြန်၊ ကျွန်တော်နေသော နေရာသို့ပြန်ရန် တွေဆုံရာမြို့၏ ဘူတာသို့ ရထားစီးဖို့အသွား၊ မြေအောက် ရထားဘူတာ၏ ဈေးတန်းတစ်ခုမှာ အမြင်အာရုံထဲက ထုတ်မရသောဖြစ်ရပ်တစ်ခု မြင်လိုက်ရ၏။ မြင်ကွင်းကဒီလိုပါ"အသက်၅၀ဆယ်ဝန်းကျင် မူးပြီးလဲနေသောလူတစ်ယောက်ကို ကိုရီးယားဇာတ်လမ်းတွေထဲကလို ငယ်ငယ်ချောချော ယူနီဖောင်းအပြည့်စုံနှင့် အသက်၂၅ဝန်းကျင် အမျိုးသားနှစ်ယောက် နှင့်အမျိုးသမီးတစ်ယောက်ဟာ ၊ မူးနေသောလူ၏ဘေးနားမှာရပ်လျက် ပိုက်ဆံအိပ်ထဲက နိုင်ငံသားမှတ်ပုံတင်အချက်လတ်တွေစစ်ဆေး နေရပ်လိပ်စာရှာပြီး လူမှုကယ်ဆယ်ရေးကားနှင့်တင်သွားတာဖြစ်ပါတယ်"။ ကျွန်တော်မှာ အတွေးတွေ တစီတစ်တန်းကြီးနဲ့ ကြည့်နေမိတယ်၊ခေါ်သွားတာက အမှုလိုလို့ရဲစခန်းခေါ်သွားတာလဲမဟုတ်ဘူးနော်? အိမ်တိုင်ရာရောက် အိပ်ယာထဲပို့ပေးမှာပါ၊ ကျွန်တော်စတွေးမိတာက " ငါဆိုရင်ကော ပြန်ပို့နိုင်သောအနေထားရှိရင် လဲနေသောအမူးသမားကို ပြန်ပို့ပေးမလားသူ့အိမ်ကို၊ ကိုယ့်နိုင်ငံမှာကော ဘူတာတွေ ကားဂိတ်တွေ လမ်းဆုံတွေမှာမူးလဲနေသော လူများကို ဘလိုစီမံကြလည်း ၊ လူသားချင်းဘလောက်စာနာကြလည်း "အစုံပါပဲတွေးနေမိတာ။ ဖြစ်ရပ်လေးတခုမှသည် နိုင်ငံတစ်နိုင်ငံ၏ စံနှုန်းတွေ လူသားချင်းစားနာမှု အစိုးရတစ်ရပ်၏ ပြည်သူအပေါ်ထားသောစေတနာ အို တွေးမဆုံးတော့ပါဘူး ။အသင်စာရှု့သူလည်း တွေးကြည့်ပါ သင်ကော သင့်ပတ်ဝန်းကျင်ကော ဘယ်လိုရှု့ထောင့်ကနေမြင်မိလည်း။
Keep Reading