Author's Profile Photo

Yukai

20/09/2024

အတိတ်မှရုန်းထွက်လိုက်ပါ

1 min read
Life Style
Personal Development
Health
အတိတ်မှရုန်းထွက်လိုက်ပါ's photo

အတိတ်ဆိုတာဘာလဲ။ အတိတ်လို့ပြောလိုက်တာနဲ့ ကောင်းတဲ့အတိတ်လည်း ရှိသလို မေ့ပစ်ချင်စရာကောင်းတဲ့ အတိတ်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အတိတ်ကနေရုန်းထွက်နိုင်ကြပြီလား။

ဘ၀မှာ ကိုယ်အလိုအပ်ဆုံးလူ ကိုယ်အချစ်ဆုံးလူတစ်ယောက်က ကိုယ့်နားမှာရှိနေရင် ဘာမှမဖြစ်ပေမယ့် အဲ့လူမရှိတော့တာနဲ့ ကျွန်တော်တို့ ဘ၀က စုတ်ပြတ်သတ်တော့တာပဲ။

ကျွန်တော်တို့ အတွက်အဲ့အချိန်တွေဟာ တကယ်အပင်ပန်းဆုံးအချိန်တွေပါ။
ဒါပေမယ့် ကျွန်တော်တို့ ကျော်လွှားရမှာပဲမလား။

ဆရာကြည်ဇော်အေးကပြောတယ်

"စိတ်ရှိသလောက်သာ
ခံစားမှုနောက်ကို လိုက်ကြေးဆို
အသက်တောင် ပြန်ပါမလာဘူး" တဲ့။

ကျွန်တော်တို့လည်း ဘ၀မှာ ခံစားချက်တွေကို ရှေ့တန်းမတင်ထားသင့်ပါဘူး။ ဘ၀ကြီးက အင်မတန်မှ တိုတောင်းပါတယ်။ လူတိုင်းက ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ကြိုးစားနေကြတာပဲမလား။ ပျော်‌လိုက်ပါ။

အရာအားလုံးကို ဆုံးရှုံးသွားပြီလို့ ခံစားဖူးတယ်မလား။ အဲ့လိုအခြေအနေကနေ ပြောင်းလဲပစ်လိုက်ပါ။ ကိုယ့်ရဲ့ lifestyle က အစ ပြောင်းလဲလိုက်ပါ။ အမြဲ positive thinking ပဲတွေးပါ။ ကောင်းတဲ့အရာတွေကိုပဲလုပ်တဲ့အခါ လူကပါ ကံကောင်းမှုတွေရလာပြီး ပြောင်းလဲသွားမှာပါ။

ဘ၀ကြီးက ပင်ပန်းတယ်လို့တွေးတဲ့အခါ ဘ၀ကြီးမှာ ပျော်ရွှင်စရာတွေ အများကြီးရှိတယ်ဆိုတာလည်း မမေ့ပါနဲ့။ မနောက်ကျသေးပါဘူး။ အခုကစပြီး ပြောင်းလဲပြီး အနာဂတ်ကို အကောင်းဆုံး ပုံဖော်ပါ။

အတိတ်က‌နေ ရုန်းထွက်နိုင်ကြပါစေ။

-Yukai

Keep Reading

အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ