Nway Oo Maung
ရည်မှန်းချက် ပန်းတိုင်ရှိတဲ့သူဟာ အချိန်ကိုတန်ဖိုးထားအသုံးချမှ၊ အချိန်အတိုင်းတာတစ်ခုရှိတဲ့အခါ ကိုယ်ရည်မှန်းသောပန်းတိုင်ဟာ ပိုပြီးနီးစပ်လာမှာပါ။
ကျွန်တော်တို့ ဘဝတွေဟာလည်း အချိန်ဆိုတာကြီးနဲ့ ဖွဲ့စီးထားတယ်၊အောင်မြင်ကျော်ကြားသူတို့၏ ဘဝအကြောင်းကိုလေ့လာတဲ့ခါ သူတို့ဟာ အချိန်ကိုတန်ဘိုးရှိစွာ အသုံးချတတ်တာကိုတွေ့ရတယ်။လူတိုင်းဟာ တစ်ရက်မှာ ၂၄နာရီရရှိကြပေမဲ့ အသုံးချပုံချင်းမတူကြပါဘူး။ ၂၄နာရီမှာ အိပ်ချိန် ၈နာရီ အလုပ်လုပ်ချိန်၈နာရီ ပေါင်း၁၆နာရီဟာ လူအများစုအသုံးချတာခြင်းတူကြပါတယ်၊ ကျန်တဲ့၈နာရီကို ဘယ်လိုအသုံးချတယ်ဆိုတာအပေါ်မူတည်ပြီး အောင်မြင်သူနှင့်ကျရှုံးသူ (သို့မဟုတ်) ရည်မှန်းချက်ပန်းတိုင်ရှိသူနှင့်/မရှိသူဟာကွာခြားသွားတယ်။ အားလပ်ချိန် 8နာရီမှာ တစ်နေ့ကို ၁နာရီ ၂နာရီလောက်ပဲ ကိုယ်ဝါသနာပါတဲ့အကြောင်းရာတစ်ခုကိုလေ့လာခဲ့မည်ဆိုရင် ၊ အဲ့ဒီလူဟာ လပေါင်းများစွာကြာသည့်အခါမှာ သက်ဆိုင်ရာနယ်ပယ်မှာ အတိုင်းတာတစ်ခုထိ အောင်မြင်မှုရနေမှာပါ။ပုဂံရာဇဝင်မှာ သက်တော်၆၀ကျော်ထိ စာပေကျမ်းဂန်သိပ်ပြီးမလေ့လာပဲ အမှတ်တမဲ့ နေလာတဲ့ဘုန်းကြီးတစ်ပါဟာ၊ နေ့စဉ်သုံးနေတဲ့ဒန်ပူချောင်းတွေကို ကျောင်းအောက်ကလေးထောင်ခန့်မျှရှိသော ကျဉ်းထဲကိုပစ်ချလေ့ရှိသတဲ့။ ကျဉ်းထဲမှာ ဒန်ပူချောင်းတွေပြည့်လာတဲ့အခါ ဘုန်းကြီးဟာ ဒန်ပူချောင်းတွေကိုကြည့်ရင်း အတွေးတစ်ခုပေါ်၏။ "ငါသာ တစ်နေ့တစ်ခုဒန်ပူချောင်းတွေ သုံးပြီးကျဉ်းထဲမှာ ပစ်ခဲ့သလိုမျိုး နေ့စဉ်နေ့တိုင်း စာပေနည်းနည်းချင်းလေ့လာခဲ့မည်ဆိုလျင် အခုချိန် စာပေကျမ်းဂန်အတော်နှံ့စပ်နေမှာပဲ" လို့တွေးမိတယ်။ အဲ့လိုတွေးမိတဲ့အချိန်ကစလို့ နေ့စဉ်စာပေလေ့လိုက်တာ စာပေကျမ်းဂန်အတော်တတ်မြောက်တဲ့ ဆရာတော်တစ်ပါးဖြစ်လာ၏။ မြန်မာသမိုင်းမှာ အသက်ကြီးမှစာတတ်လို့ ဦးကျည်ပွေ့လို့နာမည်တွင်၏။ ကျွန်တော်တို့ဟာလည်း နေ့စဉ်ကိုယ်ဝါသနာပါတဲ့ အကြောင်းအရာကိုတစ်နာရီ(သို့မဟုတ်) နာရီဝက်လောက်အချိန်ပေးပြီး လေ့လာခဲ့မည်ဆိုလျင် လိုချင်တဲ့ပန်းတိုင်သို့ရောက်မည်မှာမလွဲပါ။
Keep Reading