Author's Profile Photo

Chitsu

15/09/2024

" ဗီလိန် ဖြစ်ချင်ကြလား "

1 min read
Life Style
Personal Development
Poetry
" ဗီလိန် ဖြစ်ချင်ကြလား "'s photo


" ဗီလိန် တစ်ယောက်ဖြစ်ရတာ လွယ်မယ်များ ထင်နေကြလား။ သူတို့ကိုယ်တိုင်ကရော သူတို့ပုံစံတွေကိုကြိုက်တယ် ထင်ကြရဲ့လား"

အမည်း မရှိဘဲ အဖြူဆိုတာပေါ်မှာမဟုတ်ဘူးလေ။
လူကောင်းလေးတွေ ပိုကောင်းလာဖို့နဲ့ ဇာတ်လမ်း တွေ အထွတ်အထိပ်ရောက်ဖို့ ဗီလိန်ဆိုတာကြီးကသက်သက် ဘလိန်းခံနေရတာ။

ဘာလို့ ဗီလိန်တွေ ခံစားရ​တော့ ပျော်တာလဲ...??

တကယ်တော့ ကြည့်တဲ့သူကလည်း သင်းတို့ ဒုက္ခရောက်မှ စားဝင်အိပ်ပျော်ကြတာကိုး။

ရှင်တို့မသိကြရိုးလား...ဇာတ်တစ်ခုလုံးရဲ့ ခရာက ဗီလိန်ပါ။

စင်ဒရဲလားတွေ၊ စနိုးဝှိုက်တွေ ဆိုတာ ဗီလိန်တွေကြောင့် ရှင်တို့ရင်ထဲ ရောက်နေကြတာနော်။

သူတို့အားလုံးက လှတပတရုပ်ရည်လေးနဲ့ နောက်ဆုံးမင်းသားလေးနဲ့ ပေါင်းဖက်ဖို့အရေး မိထွေးတွေက ဗီလိန်လုံးလုံးဖြစ်ပြီး ဇာတ်တစ်ခုလုံးကို သယ်လာတာ။

ဗီလိန်ကြောင့် ဇာတ်ရှိန်တက်ကြည့်ကောင်းတာကို မသိဘဲ နောက်ဆုံး ရှင်တို့ရင်ထဲ ကျန်ခဲ့တာက မင်းသမီးလေးတွေပဲလေ။

ဘယ်လောက်ပဲ ရင်ထဲရောက်အောင် လုပ်ပေးလုပ်ပေး ဗီလိန်ဆိုတဲ့အမျိုးကိုက အပယ်ခံဆိုတာသိပြီးသားမို့....
ကျရာ ဇာတ်ရုပ်ယူရင်း မျက်နှာကြောကို တင်းထားလိုက်မယ်။

ရလဒ်ကတော့ Fuck သံလေးကြားရပါသေးရဲ့...။

Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော့်ပြောင်းလဲမှု အချို့၏ အစပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞