Author's Profile Photo

HONEY

14/09/2024

"အလင်္ကာ"

1 min read
Life Style
Education
General Knowledge

ကျွန်တော် ဟိုနေ့က ရသပြောပြပေးပြီးသွားပြီဆို‌ေတာ့ ဒီနေ့ အလင်္ကာ အကြောင်း၊ အဓိပ္ပာယ်၊ ဘယ်လိုနေရာတွေမှာ အသုံးပြုလဲဆိုတာကို
သိသလောက် ပြောပြပေးသွားပါမယ်ဗျ။

အလင်္ကာဆိုတာဟာ ပါဠိစကား အလင်္ကာရ မှ
သက်ဆင်းလာခြင်း ဖြစ်ပြီး‌ေတာ့၊ အလင်္ကာက မြန်မာစကားမဟုတ်ဘဲ ၊ ပါဠိစာပေ ဝေါဟာရစကားလုံးပင်ဖြစ်ပါတယ်။ အနက်တန်ဆာ ဟုလည်း အဓိပ္ပာယ်ရပါတယ်။လူကို အဝတ်တန်ဆာဆင်လျှင် လှပသလို စာကိုအလင်္ကာဖြင့် ရေးတဲ့အခါ
နှစ်လိုဖွယ် ဆိုတာဖြစ်လာကြပါတယ်။
မြန်မာစာ မြန်မာတွေမှာလည်း ပါဠိအသံမပျောက်ပဲ အလင်္ကာဟူ၍ပင် အများဆံုးအသုံးပြုလာခဲ့ကြပါတယ်။

အလင်္ကာ (၆)မျိုး ရှိပြီး လက္ခဏာများမှာ -
ဥပမာအလင်္ကာ
ရူပကအလင်္ကာ
အတိဿယဝုတ္တိအလင်္ကာ
ဝင်္ကဝုတ္တိအလင်္ကာ
မြည်သံစွဲ အလင်္ကာ တို့ပဲဖြစ်ပါတယ်။

အလင်္ကာတစ်မျိုးချင်းစီကိုရှင်းပြပါမယ်။
ဥပမာအလင်္ကာ ၊ ဥပမာအလင်္ကာဆိုတာ ခိုင်းနှိုင်းဖွဲ့ဆိုထားတာကို ပြောတာပါ။ (အကြောင်းအရာတစ်ခုကို ဂုဏ်ရည်တူအခြားအကြောင်းအရာ နှင့် ခိုင်းနှိုင်းခြင်းကို ဆိုလိုတာပါ)။
အချက်လေးချက်နဲ့ချိန်ထိုးပြီးလေ့လာနိုင်ပါတယ်။
၁။ အဓိကအကြောင်းအရာ "အနှိုင်းခံ" (ဥပမေယျ)
၂။ ဂုဏ်ရည်တူခိုင်းနှိုင်းသည့်အကြောင်းအရာ "အနှိုင်း"
၃။ တူသောဂုဏ် (သဓမ္မ)
၄။ အနှိုင်းပြစကား (ဥပမာ‌ဇောတက) တို့ဖြစ်ပါတယ်။
"ဆင်ကန်းတိုးသို့" ၊ မျောက်အုန်းသီးရသလို "
ကဲ့သို့၊ လို့၊ နှယ် ၊ တူ ၊ သဖွယ် ၊ အလားသဏ္ဌာန် (အနှိုင်းပြစကား)

ရူပကအလင်္ကာ
ရူပက နှင့် ဥပမာဆင်တူတဲ့ အချက် သုံးချက်ရှိပါတယ်။
၁။ အဓိကအကြောင်းအရာ "အနှိုင်းခံ" (ဥပမေယျ)
၂။ ဂုဏ်ရည်တူခိုင်းနှိုင်းသည့်အကြောင်းအရာ "အနှိုင်း"
၃။ တူသောဂုဏ် (သဓမ္မ)
အဓိကကွဲပြားတဲ့ အကြောင်းအရာ ရူပကအလင်္ကာသည် တစ်ခုနှင့်တစ်ခု ခွဲခြားမရအောင်တူပြီး၊ ထပ်တူထပ်မျှဖြစ်သည်ဟူ၍ "ထပ်တူပြု" လိုက်ခြင်းပင်ဖြစ်တယ်။
ရူပကအလင်္ကာ ၏ အချုပ်မှာ-
၁။ အဓိကအကြောင်းအရာ "အနှိုင်းခံ" (ဥပမေယျ)
၂။ ဂုဏ်ရည်တူခိုင်းနှိုင်းသည့်အကြောင်းအရာ "အနှိုင်း"
၃။ တူသောဂုဏ် (သဓမ္မ)
၄။ အနှိုင်းခံနှင့် အနှိုင်းကို ထပ်တူပြုခြင်းတို့ဖြစ်ပါတယ်။
"ဂုဏ်နံ့"။ "ဉာဏ်တန်ဆောင်" ။

အတိဿယဝုတ္တိအလင်္ကာ

အတိဿယဝုတ္တိအလင်္ကာ သည် ဝင်္ကဝုတ္တိအလင်္ကာ အနွယ်ဝင်ဖြစ်ပြီး သွယ်ဝိုက်ဖွဲ့နွဲ့ထားခြင်း ဖြစ်ပါတယ်။

အလွန်အကြူးဖွဲ့ဆိုထား = အမှန်တကယ် ရှိသင့်ရှိထိုက်တာထက် လွန်လွန်ကြူးကြူး ဖွဲ့ဆိုသွယ်ဝိုက်သဘောလည်းပါမယ်ဆိုရင် အတိဿယ။

အခြေခံအချက် လေးချက်
၁။ အဖွဲ့ခံ (အလင်္ကာရိယ)
၂။ တန်ဆာဆင်ဖွဲ့ဆိုသော အဖွဲ့အနွဲ့ အစီအကုံး (အလင်္ကာရ)
၃။အလွန်အကြူးဖွဲ့ဆိုခြင်း (အတိသယ)
၄။ တိုက်ရိုက်မဆို သွယ်ဝိုက်ဆိုခြင်း(ဝင်္ကဝုတ္တိ) တို့ဖြစ်ပါတယ်။

ဝင်္ကဝုတ္တိအလင်္ကာ
တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပြောဆိုရင် ဝင်္ကဝုတ္တိ။

ဝင်္က = "ကွေ့ကောက်ခြင်း၊ သွယ်ဝိုက်ခြင်း"
ဝုတ္တိ= ပြောဆိုခြင်း

"ဂုဏ်နံ့ကင်း"။ "နှလုံးမခြား"။
မြည်သံစွဲ အလင်္ကာ
မြည်သံ= အဓိကပြောလိုသော အကြောင်းအရာ ကို ပေါ်လွင်စေရန် သရုပ်ဖော်ရေးဖွဲ့ထားခြင်းဖြစ်ပြီး
တန်ဆာဆင်ရေးဖွဲ့ထားတဲ့ သဘောလည်းရှိပါတယ်။
"‌ငွေသံတချွင်ချွင်"၊ "သံဝါဖြောက်ဖြောက်" ။

အဆုံးထိဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခဗျ။
နားလည်သိရှိမယ်လို့လဲ ထင်ပါတယ်။

"စာဖတ်သူလေးတို့ဘက်မှာ ရေတွေတက်နေရင်လည်း ဂရုစိုက်ကြပါ" ။??

အဆုံးထိဖတ်ပြီးသွားပြီးရင် အသဲလေးနှိပ်ခဲ့လို့ရပါတယ်ဗျ။?

#ဟန်နီ






Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ