Author's Profile Photo

Kyi Nue (ကြည်နူး)

10/09/2024

ကျွန်မချစ်တဲ့ မိုးရာသီ ☔

1 min read
General Knowledge
ကျွန်မချစ်တဲ့ မိုးရာသီ ☔'s photo


ပြောထားတဲ့ခေါင်းစဉ်လိုပဲကျွန်မမိုးရာသီကိုချစ်တယ်၊မိုးရာသီကိုလည်းတောင့်တမိတယ် ဒါပေမယ့်မနှစ်သက်တဲ့သူတွေလည်းရှိကြတာပေါ့။ဒီရာသီကိုမကြိုက်ကြတဲ့အကြောင်းကတော့ အိမ်အပြင်ဘက် လမ်းအသွားအလာလှုပ်ရှားမှုကို အဟန့်အတားဖြစ်‌စေတဲ့ရွံဖွက်တွေ၊မိုးသည်းထန်တဲ့အချိန်နေတွေကြောင့်များကြတယ်။ရာသီတိုင်းကတော့လောကကိုအကျိုးပြုမှုရှိကြသလို တစ်ဖက်မှာလည်းမကောင်း‌တဲ့အချက်လေးတွေရှိတာသဘာ၀ပဲမဟုတ်လား ?

ကျွန်မကကောမိုးတွင်းကိုဘာလို့ကြိုက်တာလဲ ?

မိုးပေါက်လေးတွေကျတဲ့အချိန်‌ ခြောက်ကပ်ပီးရက်‌ပေါင်းများစွာအပူဒဏ်ခံထားရတဲ့မြေကြီးထဲကို စမ့်၀င်သွားတဲ့မိုးရည်စက်လေးတွေကြောင့်‌ ထွက်လာတဲ့မြေသင်းရနံ့လေးကစတာပေါ့ အချိန်အတော်အကြာစောင့်စားခဲ့ရတဲ့ဒီမိုးရည်စက်လေးနဲ့မြေသင်းရနံ့လေးကကျွန်မအတွက်တော့ဘာနဲ့မှမလဲနိုင်ဘူး။ရာသီဥတုအပူဒဏ်ကိုရက်အတော်အကြာခံရတဲ့ကျွန်မတို့မြန်မာလူမျိုးတွေလည်းဒီလိုပဲခံစားရမယ်ထင်တယ် မိုးရာသီက ကျွန်မတို့ဖန်ပုလင်းထဲမှာချုပ်နှောင်ခံထားရတဲ့စက်၀န်းအတွင်းကနေ လွတ်မြောက်သွားစေတယ့် အေးချမ်းမှုကိုခံစားရစေမယ့်အချိန်ကာလလေးတစ်ခုလည်းဖြစ်လို့ပါ။မိုးရွာတဲ့နေ့တွေမှာအကြာကြီးအိပ်မယ်၊ခေါက်ဆွဲပြုတ်ပူပူလေးစားပီး စောင်ခြုံထဲမှာဇာတ်ကားကြည့်မယ် ပိတ်ရက်၊ညနေမိုးရွာချိန်လေးကိုအပြည့်အ၀ခံစားရတဲ့ပျော်ရွှင်မှုအရသာကိုခံစားမိကြမှာပါ?️

မုတ်သုံမိုးဟာ မိတ်ဆွေသတိမထားမိလောက်တဲ့ပျော်စရာလေးတွေနှစ်စဉ်ဖန်တီးပေးနေခဲ့တယ်ဆိုတာသိရဲ့လား??

ကျောင်းသားကျောင်းသူဘ၀တုန်းကဆိုမိုးရေထဲမှာ ရွံဗွက်တွေညစ်ပတ်နေအောင်ဘောလုံးကန်ခဲ့ကြတယ်၊ ပြေးလွှားဆော့စကားခဲ့ကြတဲ့ပျော်စရာအခိုက်အတန့်တွေကပြန်မရနိုင်တော့ပါဘူး ဒါပေမယ့်ကျွန်မအဖေရဲ့သူငယ်ချင်းဦးလေးတစ်ယောက်ပြောချက်အရ သူကမိုးရွာနေတဲ့အချိန်စက်ဘီးထွက်စီးရတာကြိုက်တယ်တဲ့ဘာလို့ဆို သူပြန်ပီးငယ်သွားသလိုခံစားရလို့တဲ့ ဒီလိုမိုးရာသီအမှတ်တရ‌တွေလူတိုင်းရှိကြမှာပဲ။ မိုးရေမချိုးဖူးတဲ့သူမရှ်ိဘူးဟုတ်? မိုးရွာလို့ကျောင်းမသွားရတာ၊အမေဆူလို့အ၀တ်တွေပြေးယုတ်ရတဲ့အချိန်တွေ၊မိုးကြောင့်ဆရာ၊ဆရာမမလာလို့ပျော်ခဲ့တဲ့အချိန်‌တွေဟာကျွန်မတို့‌ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းအမှတ်တရလေးတွေပဲမဟုတ်လား


"မိုး" ဆိုတဲ့စကားလုံးလေးကိုကလှသကိုး။ရွာပြီးရင်ရေငွေ့ပြန်တယ် နောက်တော့တိမ်တွေအဖြစ်စုစည်းပြီး ကမ္ဘာမြေကြီးပေါ်ပြန်ရွာချတဲ့ ရေသံသရာစက်၀န်းလေးပဲ။ဒီမိုးကြောင့်ပဲ ကမ္ဘာပေါ်ကအပင်နဲ့သက်ရှိဘ၀ရှင်သန်မှုတွေအတွက်အကျိုးပြုနေတာဖြစ်ပါတယ်။သို့ပေမယ့်ရာသီဥတုပြောင်းလဲမှု၊ဖောက်ပြန်မှုတွေကြောင့် သဘာ၀ဘေးအန္တာရာယ်တွေလည်းရှိနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် မုတ်သုံမိုးက စိုက်ပိုင်းရေးကိုအဓိကထားလုပ်ကိုင်ကြတဲ့တောင်သူ လယ်သမားဦးကြီးတွေအတွက်တော့ ရွှေမိုးငွေမိုးလိုပါပဲ။စပါးပင်‌လေးတွေ၀င်းမှည့်ပြီးကောက်ရိတ်သိမ်းဖို့၊အသီးအနှံလေးတွေစိုက်ခင်းထဲလတ်ဆတ်စမ်းစိုနေတာမြင်ရတဲ့ထမင်းရှင်တောသူဦးကြီးများအကြိုက်များတဲ့ချစ်စရာ‌ရာသီလေးပေါ့။"မိုး"ဟာစိုက်ပျိုးရေး၊စီးပွားရေး၊စွမ်းအင်ထုတ်လုပ်မှုနဲ့သက်ရှိ/သက်မဲ့တွေအတွက်အရေးပါလှပြီး အပူပိုင်းမုတ်သုံရာသီ၊မြန်မာနိုင်ငံမှာနေထိုင်နေတဲ့ကျွန်မတို့လိုပြည်သူအများမျှော်ရသော ရာသီလေးပါပဲဟုဆိုချင်ပါတော့တယ်။

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်