Author's Profile Photo

Leo Nann

9/09/2024

တရုတ်လိုရှာ၊ကုလားလိုစု၊ဗမာလိုမဖြုန်းနဲ့

2 mins read
Life Style
Personal Development
General Knowledge
တရုတ်လိုရှာ၊ကုလားလိုစု၊ဗမာလိုမဖြုန်းနဲ့'s photo

"တရုတ်လိုရှာ၊ကုလားလိုစု၊ဗမာလိုမဖြုန်းနဲ့"ဆိုတဲ့ စကားပုံလေးကို
စာဖတ်သူလေးတို့ ကြားဖူးကြပါလိမ့်မယ်။

ဒီစကားပုံက ဘာအတွက်ကြောင့်ရှိနေရတာလဲ။

ဘာကိုပြောချင်တာဖြစ်မလဲ။

ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီး စာဖတ်သူလေးတို့စိတ်ထဲမှာ ထင်သာမြင်သာရှိလာအောင်
သဘောတရားလေးအချို့ကို ရေးသားဖော်ပြပေးသွားပါမယ်ရှင့်။

ဒီစကားပုံလေးအကြောင်း မပြောခင်မှာ
စီးပွားရေးအကြောင်းလေးကို နည်းနည်းလောက် တွေးဆကြည့်ရအောင်။

လောကမှာ မချမ်းသာချင်တဲ့သူရယ်လို့မရှိပါဘူး။

ဒါပေမဲ့ လူအများစုက ချမ်းသာအောင်မလုပ်တတ်ဖြစ်နေကြပါတယ်။

လူနေထိုင်မှုပုံစံ၊အတွေးအခေါ်လွဲမှားမှု၊အလေ့အကျင့်တွေအရ စီးပွားရေးမှာ ထင်သလောက်ရှေ့မရောက်နိုင်ဖြစ်နေတတ်တာမျိုးပါ။


စီးပွားရေးမှာ ကြိုးစားသလောက်အရာမထင်ဖြစ်နေတာက ယိုပေါက်တွေရှိနေလို့ပါပဲ။


ဒီယိုပေါက်တွေကို မပိတ်နိုင်သရွေ့
"အိတ်ပေါက်နဲ့ဖားကောက်"ရသလို
ဖြစ်နေမှာပါ။


တို့မြန်မာပြည်ကြီးကို ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင်
သယံဇာတပေါများတာကြောင့်
ချမ်းသာတဲ့နိုင်ငံဖြစ်သင့်ပါတယ်။
သို့ပေမဲ့ ကမ္ဘာ့အဆင့်မီချမ်းသာမှုကို
မျက်ဝါးထင်ထင် မတွေ့ရ ဖြစ်နေသေးတာတော့ အမှန်ပါပဲ။

မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ
ရှေးမြန်မာတွေအကြောင်းကို ခဏလောက် ဘေးဖယ်ထားလိုက်ရအောင်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးက ချွတ်ခြုံကျနေခဲ့ပါတယ်။
နယ်ချဲ့လက်အောက်ခံဖြစ်နေချိန် စစ်အတွင်းမှာ
မြန်မာနိုင်ငံကို စစ်ဘေးအရ(ဒါမှမဟုတ်)စီးပွားရေးအရရောက်ရှိလာကြတဲ့
တရုတ်နဲ့ကုလားတို့အများအပြားရှိနေခဲ့ပါတယ်။စစ်ပြီးကာလမှာတော့ (မြန်မာ၊တရုတ်၊ကုလား) ဒီ၃မျိုးစလုံးဟာ ဇီးရိုးအနေအထားမှာပါ။အားလုံးတန်းတူလောက်ပါပဲ။
သို့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ
တရုတ်နဲ့ ကုလားတို့က တဖြည်းဖြည်း
ချမ်းသာသွားကြတယ်။တို့မြန်မာများကတော့ ဒုံရင်းဒုံရင်းပါပဲ။
မဆင်းရဲလျှင်တောင် သိသိသာသာ ချမ်းသာလာတာမတွေ့ရပါဘူး။

ဒါဟာ ဘာ့ကြောင့်လဲ။

တရုတ်လူမျိုးတွေက ရှေ့ရေးကို တစ်လံအကွာကနေ ကျော်ကြည့်တတ်ကြတယ်။ဒါ့ကြောင့် ရှေ့လာဘ်မြင်တာပေါ့။နောက်ပြီး အကျိုးစီးပွားတစ်ခုကိုလုပ်တဲ့အခါမှာ
"ဘယ်အထိပေါက်မြောက်နိုင်မလဲ၊ခန့်မှန်းခြေအမြတ်ကဘယ်လောက်၊အရှုံးကဘယ်လောက်ထိရှိနိုင်မယ်"စတာတွေကိုပါ ကြိုတွေးပြီး စီးပွား‌ရေးကို တစိုက်မတ်မတ် လုပ်တတ်ကြသူတွေပါ။
ငွေရပေါက်ရလမ်းတွေကို လုံးဝအလစ်ဟင်းမခံတတ်ကြပါဘူး။
ခွင်(ဂွင်)တွေ့ပြီဟေ့ဆိုလျှင် အမိအရဖမ်းဆုပ်တတ်ကြသူတွေပါ။
တရုတ်တွေဟာ ငွေရှာတော်တယ်လို့နာမည်ကြီးပါတယ်။

နောက်ပြီး ကုလား(အရပ်အခေါ်)တွေဟာ
ငွေစုတဲ့နေရာမှာနာမည်ကြီးသူတွေပါ။
အလုပ်လုပ်ပြီး ရလာတဲ့ပိုက်ဆံကို လွယ်လွယ်ဖြုန်းမပစ်တတ်ကြပါဘူး။
အစားအသောက်ကအစ သိုသိုသိပ်သိပ်
စေ့စေ့ငှငှကလေး စားသောက်ပြီး
ရသမျှပိုက်ဆံကို ကုတ်ခြစ်စုဆောင်းသူတွေပါ။
စံပြ ငွေစုသူလို့တောင် ခေါ်ဆိုထိုက်ပါတယ်။

တို့မြန်မာများမှာတော့ စကားပုံတွေထဲအထိပါ အသုံးအဖြုန်းကြီးသူတွေအဖြစ်
နာမည်ဆိုးရှိနေတာပါ။

["ဗမာလိုမဖြုန်းနဲ့"ဆိုတဲ့အပိုင်းကိုတစ်ချက်ရှင်းပြချင်ပါတယ်။ရှေးအခါက မြန်မာကို ကမ္ဘာတစ်ဝှမ်းမှာ ဗားမား(Burma)လို့လူသိများပါတယ်။ဒါကြောင့် စကားပုံထဲက ဗမာဟာ မြန်မာတွေအာလုံးကို ကိုယ်စားပြုပါတယ်။]

မြန်မာတွေလည်း ငွေမရှာတတ်တာတော့မဟုတ်ပါဘူး။
ဉာဏ်ကောင်းတဲ့ ရွှေမြန်မာများဟာ ငွေမရှာတတ်ဘူးလို့တော့ ဆိုစရာမရှိပါဘူး။
သို့ပေမဲ့ အများစုကတော့ ရလာတဲ့ငွေကို
ရရစားစားဝါးဝါးမြိုမြိုလုပ်ပစ်တတ်ကြတာပါ။စုဆောင်းဖို့ကျ မေ့နေကြတာများပါတယ်။ဒါ့ကြောင့် မြန်မာနိုင်ငံမှာ တရုတ်နဲ့ကုလားကသာ ကြီးပွားသွားတယ်။
တို့မြန်မာတွေက ခြေတစ်လှမ်းအမြဲနောက်ကျလျက်ပါပဲ။
ဒါ့ကြောင့် "တရုတ်လိုရှာ၊ကုလားလိုစု၊ဗမာလိုမဖြုန်းနဲ့"ဆိုတဲ့စကားပုံပေါ်လာရခြင်းပါပဲ။

"ငွေရှာတာက သုံးဖို့အတွက်ပဲ မဟုတ်ဘူးလား"လို့မေးစရာရှိပါတယ်။
ငွေရှာတာက သုံးဖို့အတွက်ဆိုတာမှန်ပါတယ်။
ဖြုန်းဖို့အတွက်တော့မဟုတ်ပါဘူး။

အသုံးနဲ့အဖြုန်းကို ရှင်းရှင်းလင်းလင်းသိပြီး
အသုံးချတတ်မယ်ဆိုရင်တော့ တို့မြန်မာများ တိုးတက်လာနိုင်ခြေရှိပါတယ်။
အကျင့်ဆိုးတွေကို မပြင်နိုင်သရွေ့တော့
ကြီးပွားလာမှာမဟုတ်ပါဘူး။


ဒါ့ကြောင့် ရွှေမြန်မာတို့လည်း တရုတ်လိုရှာ၊ကုလားလိုစုပြီး ဒီစကားပုံကိုပြင်နိုင်အောင်ကြိုးစားကြပါစို့လားရှင့်။

-------------------------------------------------

လူမျိုးရေးကို ထိခိုက်စေလိုသောဆန္ဒအလျှင်းမရှိပါဘူးရှင့်။သဘောရိုးဖြင့် ရေးသားဖော်ပြထားခြင်းမျိုးသာဖြစ်ပါတယ်။အမှားတစ်စုံတစ်ရာ ပါခဲ့သည်ရှိသော်
ချစ်သောမျက်စိဖြင့် ဖြည့်စွက် ဖတ်သားပေးကြပါဦးရှင့်။

အဆုံးထိဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်။

အားလုံးကိုအစဥ်လေးစားလျက်....
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း