HONEY
-နှင်းဆီနဲ့တူသော မိန်းကလေးဆိုတာ ဘာကိုပြောချင်တာလဲ/ ဘယ်လိုအဓိပ္ပာယ်မျိုးလဲ။
နှင်းဆီပန်းဆိုတာနဲ့ အမျှ ဘယ်လိုအရောင်တွေရှိတာလဲ။ အရောင်တွေရဲ့ အဓိပ္ပာယ် အကုန်လုံးကို ပြောပြပေးသွားပါမယ်။
နှင်းဆီနဲ့တူသော မိန်းကလေးဆိုတာကို မပြောပြခင်မှာ ပန်းအကြောင်းတွေကို အရင်စပြောပြပါမယ်။
အတုအယောင်လူတွေ ကြားထဲမှာ စစ်မှန်တဲ့ ပန်းများစွာလဲရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်ဒီနေ့မှာတော့ ကိုယ်တိုင်လဲသဘောကျရတဲ့ ပန်းလေးတစ်ခုလဲဖြစ်ပြီး၊ လူတော်တော်များများ သဘောကျကြတဲ့ နှင်းဆီပန်းလေးအကြောင်းကို မိန်းကလေးများနှင့် နှိုင်းယဉ်ပြီး ပြောပြပေးမှာဖြစ်ပါတယ်ဗျ။
နှင်းဆီပန်း ပန်းတို့ရဲ့ဘုရင်ဖြစ်ပြီးတော့ နှင်းဆီကိုရည်ရွယ်ပြီး သီချင်းေတွ၊ ကဗျာေတွ၊ ဇာတ်လမ်းတွဲများလည်း ရှိကြပါတယ်။အရင်ေခတ်ကဆို နှင်းဆီကို အနုပညာလက်ရာများအနေဖြင့် ကျောက်မျက်ရတနာများ၊ အိုးများနှင့် ပန်းအလှထိုးခြင်းတို့မှာ ဒီဇိုင်းလက်ရာများအဖြစ်လဲ တွေ့ရှိကြရပါသည်။ နှင်းဆီပန်းကို မြန်မာနိုင်ငံမှာတွင်သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာလဲ စိုက်ပျိုးလျက်ရှိပြီး ဂန္တဝင်ဆန်သည့် လှပမှုေတွနှင့် အကျော်ကြားဆုံးပန်းအဖြစ် လူအများရဲ့ အသိအမှတ်ပြုခြင်းခံထား ရသည့် ပန်းလဲဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ နှင်းဆီအမျိုးပေါင်း ထောင်ကျော်ရှိပြီး မျိုးစိတ်လဲ ရာကျော်ရှိပါသည်။
ဆူးခက်များစွာပါရှိသည့် နှင်းဆီပန်းသည် ပန်းတို့၏ဘုရင်၊ ပျိုမေတို့၏ အသည်းစွဲဖြစ်ပြီး အရောင်အသွေး၊ အဆင်းရနံ့များစွာဖြင့် ဖုံးလွှမ်းထားပါတယ်။ ပြီးတော့ နှင်းဆီပန်းက အချစ်ရဲ့ သေင်္ကတပန်းလဲ ဖြစ်ပါသေးတယ်။ နှင်းဆီပန်းမှာဆို အနီ၊ အဝါ၊ အဖြူ၊ အစိမ်း၊ အနက်၊ လိမ္မော်ဝါ၊ ခရမ်း၊ ပန်းရောင်စသည် တို့ဖြင့် အရောင်မျိုးစုံရှိပြီး နှင်းဆီစပ်ကြားအရောင်များလည်းရှိပါသည်။ ထိုသို့ အရောင်တွေ ရှိသည့်အနက် အရောင်တွေရဲ့ အဓိပ္ပာယ်လဲများစွာရှိပါတယ်။
အဓိပ္ပာယ်တွေ များစွာရှိပေမဲ့လည်း ကျွန်တော်ယူဆသည့် အဓိပ္ပာယ်များနှင့်မတူလို့ မပြောပြတော့ပါဘူး။ ဒီနေ့အဓိက ပစ်မှတ်ဖြစ်တဲ့ နှင်းဆီနှင့် တူသော မိန်းကလေးအကြောင်းကို ဆက်ပြောပြပါမည်။
နှင်းဆီမှာအရောင်အမျိုးမျိုးရှိသည့်အနက်
ကျွန်တော့်အကြောင်းဆုံးအရောင်ကတော့ အနီရောင်နှင်းဆီပဲဖြစ်ပါတယ်။ အနီရောင် နှင်းဆီ.... အနီရောင်နှင်းဆီကို ဘာလို့ကြိုက်လဲ။ အနီရောင်က ရဲရင့်တယ်၊ ပြတ်သားတယ်။ နှင်းဆီက ဆူးတွေရှိတယ် အဲ့ကြောင့်လဲ ကြိုက်ရတာလဲ ပါပါတယ်။
နောက်ပြီးတော့ ကျွန်တော့်ခေါင်းစဉ်နဲ့ ပြောသွားတာတွေက ဘာဆိုင်လဲလို့ တွေးရင်တွေးနိုင်ပါတယ်။
နှင်းဆီပါတာပြောမှာဖြစ်တဲ့အတွက် နှင်းဆီရဲ့ အကျဉ်းလေးတွေလဲ ပြောပြဖို့လိုမယ်ထင်လို့ပါခဗျာ။
ဒါဆိုရင် နှင်းဆီနဲ့တူသော မိန်းကလေးဆိုတာ ဘာကိုပြောချင်တာလဲ/ ဘယ်လိုအဓိပ္ပာယ်မျိုးလဲ။
နှင်းဆီက ဆူးရှိတယ်၊ လှပတယ်။ (သူ့ရဲ့ ဆူးတွေနဲ့ သူ့ကို ညင်သာစွာမကိုင်ရင် သူ့ဆူးတွေက ဆူးတတ်တယ်) ကျွန်တော်တို့ မိန်းကလေးတွေမှာ မတူညီတဲ့အလှမျိုးစုံရှိတယ်၊ အဲ့အလှကိုခူးယူချင်ကြတဲ့ လူတွေလဲရှိတယ်။ မိန်းကလေးတော်တော်များများ နှင်းဆီလိုဆူးတွေများပြီး ထက်မြက်တဲ့ မိန်းကလေးတွေဖြစ်ရမယ်ဗျ။ မိန်းကလေးဆိုတိုင်း အားနည်းမနေဘူး၊ သန်မာရမယ်၊ မာနရှိရမယ် အဲ့တာကို နှင်းဆီနှင့်တူသော မိန်းကလေးလို့ခေါ်တယ်ဗျ။
(ဆိုလိုရင်းကနည်းပြီး နှင်းဆီအကြောင်းပြောပြတာ များသွားလို့လဲ တောင်းပန်ပါတယ်ဗျ။)
မိန်းကလေးတိုင်း၊ အမျိုးသမီးတိုင်း နှင်းဆီလို ဆူးများကဲ့သို့ သန်မာကြပါစေဗျာ။)
[Photo design ဆွဲပေးပါသော ကျွန်တော့် သူငယ်ချင်းကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။)
ပျော်စရာ ပိတ်ရက် တနင်္ဂနွေနေ့လေးဖြစ်ကြပါစေဗျ။
#ဟန်နီ
(8.9.2024)
Keep Reading