Author's Profile Photo

စောမြတ်နွယ်

8/09/2024

နေ့စဥ်လေ့လာ Englishစာ (63)

1 min read
Education
General Knowledge
18 Again
နေ့စဥ်လေ့လာ Englishစာ (63)'s photo

ဒီနေ့မှာတော့
There is no need to +V(0)
ဆိုတဲ့ စကားပြောပုံစံ ကို ပြောပြမှာ ဖြစ်ပါတယ်။

There is no need to +V(0)
ဖို့/စရာ....... မလိုဘူး
လို့အဓိပ္ပာယ် ရပါတယ် ။

နမူနာ ဝါကျတွေကိုကြည့်ကြရအောင်။
?????
There is no need to worry about this problem.
ဒီပြသာနာနဲ့ ပက်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။

There is no need to blame others.
တခြားသူတွေကို အပြစ်တင်စရာမလိုဘူး။

There is no need to apologize me.
ကျွန်တော့်ကို တောင်းပန်စရာမလိုပါဘူး ။

There is no need to thank me.
ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး ။

There is no need to give advice.
အကြံပေးစရာ မလိုပါဘူး။

There is no need to sell your computer.
မင်းရဲ့ကွန်ပျူတာကို ရောင်းစရာမလိုပါဘူး။

There is no need to explain everything.
အရာရာတိုင်းကို ရှင်းပြနေဖို့ မလိုပါဘူး။

There is no need to make me angry.
ကျွန်တော့်ကို စိတ်ဆိုးအောင်လုပ်ဖို့ မလိုပါဘူးဗျာ။

There is no need to come back.
ပြန်လာစရာမလိုဘူး ။

?????

ဒီလောက်ဆိုရင် ဒီပုံစံကို စကားပြောတဲ့ နေရာမှာ ထိထိမိမိ သုံးတတ်သွားမယ်ထင်ပါတယ်။

ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

#.စောမြတ်နွယ်
8.9.2024

Keep Reading

မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသာဘဝ (Episode-2)တက်ညီလက်ညီ ပန်းတိုင်ဆီသို့မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-1)ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship