Author's Profile Photo

သင်္ကေတ

6/09/2024

ကလောင်နာမည် ပေးခြင်း ✍?

2 mins read
General Knowledge
Art
18 Again
ကလောင်နာမည် ပေးခြင်း ✍?'s photo

စာဖတ်သူများ အားလုံးပဲ မင်္ဂလာပါရှင့်။
ကျွန်မ အမည်ရင်းက မေဖြိုးအောင် ပဲ ဖြစ်ပါတယ်။ ကျွန်မ စာရေးတဲ့အခါ အမည်ရင်းကိုပဲ သုံးပြီး ရေးဖြစ်တာများပါတယ်။
ပြီးတော့ ကျွန်မက ‌ကောင်းကင်ကြီးကို သဘောကျတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ ကောင်းကင် Sky ဆိုပြီး ကလောင်နာမည်သုံးကာ ရေးတတ်ပါတယ်။

ကျွန်မ စာစရေးတော့ ကျွန်မရဲ့ဖေဖေကိုပြောပြီး ကလောင်နာမည် ဘာသုံးရမလဲလို့ မေးဖူးပါတယ်၊ ကျွန်မရဲ့ ဖေဖေမှ အောင် ကို အင်္ဂလိပ်လို အတိုကောက် Ag ဆိုပြီး သုံးခိုင်းပါတယ်။ အဲ့တော့ ကျွန်မ စာရေးတဲ့အခါတိုင်း ကျွန်မအမည်ရင်းနဲ့တကွ ဖေဖေပေးသော Ag ကို ထည့်အမြဲထည့်သွင်း ရေးလေ့ရှိပါတယ်။

ကျွန်မ ကလောင်နာမည်အတွက် ဆရာတွေရောသူငယ်ချင်းတွေကိုရော မေးဖူးပါတယ်၊သူငယ်ချင်းတွေက လိုက်ဖက်မယ့် နာမည် အမျိုးမျိုးဝိုင်းစဉ်းစားပေးကြပါတယ်၊၊ ဒါပေမဲ့ သဘောကျတာ မရခဲ့ပါ။ ဆရာတစ်ယောက်ကလည်း မိဘတွေနာမည်ပါအောင် ထည့်သုံးဖို့ပြောပါတယ်။ ကျွန်မ ဖေဖေနဲ့ မေမေမှာ နာမည်တူတာ တစ်လုံးစီပဲပါပါတယ်၊ အဲ့တစ်လုံးကိုလည်း ကျွန်မ သဘောကျပေမဲ့ မကြိုက်ဘူးဖြစ်နေတာနဲ့ မရွေးဘဲ ထားလိုက်တယ်။

စာရေးတဲ့လူတစ်ယောက်အတွက် ကလောင်နာမည်ဆိုတာ အရေးကြီးပါတယ်၊ အမြဲတမ်းပြောင်းနေလို့မဖြစ်၊ အမြဲတမ်းပြောင်းရေးနေရင် စာဖတ်သူတွေ သိတော့မှာ မဟုတ်ပါဘူး။ နာမည်တစ်ခုသုံးပြီး စာ‌တွေရေးဖို့အတွက် တာဝန်ကြီးတယ်လို့လည်း မြင်မိပါတယ်။ ဘယ်သူဘယ်သူ ရေးလိုက်တဲ့စာက လူတွေအတွက် အကျိုးယုတ်သွားစေတယ်၊ လူတွေကို ထိခိုက်သွားစေတယ် စေတာဆိုမျိုးတွေ ဖြစ်နိုင်သလို လူတွေအတွက် အသုံးဝင်သွားစေတယ်ဟာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကျွန်မ အနှစ်သက်ဆုံး စာရေးဆရာတစ်ယောက်ရှိပါတယ်၊ သူက ဂျာနယ်ကျော်ဦး‌ချစ်မောင်ပါ၊ သူ့ကလောင်နာမည်က ရွှေလင်းယုန်ပါ၊ ‌ရှေးရှေး စာရေးဆရာအများစုက တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ နာမည်ပေးကြတာများတယ်လို့ထင်တယ်၊ ကျွန်မလည်း ကိုယ့်ကလောင်နာမည်မှာ အဲ့လိုပေးဖို့ စဉ်းစားကြည့်‌သေးတယ်၊ ခေါင်းထဲသဘောကျတဲ့အရာမျိုး‌ပေါ်မလာ၊ အဲ့တာနဲ့ အဲ့လိုပေးမှာကို ပယ်လိုက်ပါတယ်။

ဒီလိုနဲ့ ကျွန်မခေါင်းထဲမှာ ကလောင်နာမည်ပေးဖို့ကိုပဲ စိတ်ရောက်နေခဲ့တယ်၊ ကျွန်မအသုံးပြုလိုက်မယ့် နာမည်က

  • အဓိပ္ပာယ်ရှိရမယ်၊
  • သာမန်နာမည်သက်သက်တစ်ခုပဲ မဖြစ်ရဘူး၊
  • သူများတွေနဲ့ မတူရဘူး၊
  • ထူးခြားနေရမယ်၊

စတဲ့အချက်တွေနဲ့ ကျွန်မကိုယ်ကျွန်မ ဘောင်ခတ်ပြီး စဉ်းစားနေခဲ့တယ်။ ကျွန်မခေါင်းထဲ နာမည်တွေပေါ်လာတယ်၊ ပထမတစ်ခုက ဂမုန်း ဆိုပြီး ဒုတိယတစ်ခုက ဂန္ဓမာ နှစ်ခုလုံးက တမျိုးတွေတော့ ဖြစ်နေတယ်လို့ ခံစားမိတယ်၊ ဒါပေမဲ့ မကြိုက်ဘူး၊ နောက်တစ်ခုခေါင်းထဲပေါ်လာတာက သင်္ကေတဆိုတဲ့ စာလုံးပါ၊ အဲ့စာလုံးက ကျွန်မခေါင်းထဲကနေမပျောက်သွားဘဲ စိုးမိုးနေမိတယ်။ အဲ့စာလုံးကို မြင်လိုက်လို့ ဖတ်လိုက်တာနဲ့ အဓိပ္ပာယ်ကို လူတိုင်းတန်းသိနိုင်တယ်။

ဒီစကားလုံးက ထူးခြားနေတယ်။ မြန်မာစာလုံးတိုက်ရိုက်မဟုတ်ဘဲ ပါဠိမှဆင်းသက်လာသော စာလုံးဖြစ်တယ်။ English လိုဆို Symbol, Mark, Notation၊ မြန်မာလိုအမှတ်အသားပဲဖြစ်ပါတယ်။

သင်္ကေတဆိုသည်မှာ တစ်စုံတစ်ရာကို ကိုယ်စားပြုသော၊ တစ်စုံတစ်ရာကို ရည်ညွှန်းသော အမှတ်အသားဖြစ်သည်ဟု ဖွင့်ဆိုနိုင်ပါသည်။ ထိုတစ်စုံတစ်ရာသည် သက်ရှိ၊သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့ တစ်ခုခု ဖြစ်နိုင်ပါသည်။ ဆီမီးသည် ပညာကို ရည်ညွှန်းသော သင်္ကေတ။ အသည်းပုံသည် အချစ်ကို ရည်ညွှန်းသော သင်္ကေတ။ အနီရောင်သည် ရဲရင့်ခြင်းကို ရည်ညွှန်းသော သင်္ကေတ။ -Wikipedia မှ ဖွင့်ဆိုချက်။


ကျွန်မရဲ့ ကလောင်နာမည်အဖြစ် ဒီစာလုံးကို ရွေးချယ်လိုက်တဲ့ ရည်ရွယ်ချက်မှာ

ကျွန်မ ရေးလိုက်သော စာမှန်သမျှ၊ ပြောလိုက်သော စကားမှန်သမျှအားလုံးဟာ လူသားတွေအတွက် အကျိုးရှိစေပြီး အမှတ်အသားတစ်ခုအဖြစ် ရင်ထဲမှာဖြစ်ဖြစ်၊ ဦးနှောက်ထဲမှာဖြစ်ဖြစ်၊ ကျန်ရှိနေစေရန်ဖြစ်ပါတယ်။


ဒါကြောင့် ဒီကလောင်နာမည်ကိုသုံးပြီး စာများ ရေးသားသွားပါမည်ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်ရှင့်။

စာဖတ်သူများအား ထာဝစဉ်လေးစားလျက်...

Feedback ပေး၍ ထောက်ပြလိုပါက

@Daffo0918 


ကျွန်မ၏ စာများဖတ်ရန်နှင့် အထွေထွေဗဟုသုတရစေရန် ကျွန်မ၏ ကိုယ်ပိုင် Telegram Channel ကို join ထားနိုင်ပါကြောင်း။
https://t.me/My_Collections_Channel

6/9/2024 Friday
10:02PM
@Ag #သင်္ကေတ

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း