Luminous Pai
ကျနော်တို့မှာအမှတ်တရတွေများစွာရှိတယ်။
မေ့မရတဲ့အမှတ်တရတွေလဲရှိမယ်။
လွယ်လင့်တကူ ကွယ်ပျောက်သွားတဲ့
အမှတ်တရတွေလဲ ရှိမယ်။
တချို့အမှတ်တရတွေဆို
အသဲကွဲပြီးမှရလာတော့ ပိုမေ့ရခက်တယ်။
တကယ်တော့ ကမ္ဘာပေါ်က အသက် 18 - 25 ကြား သန်းပေါင်းများ
စွာသော လူငယ်တိုင်း အသဲကွဲရောဂါကို ခံစားရပါတယ်။
ဘယ်လောက်ပဲသန်မာတဲ့ သူဖြစ်ဖြစ် အနည်းဆုံး တကြိမ်တော့အသဲကွဲဖူးပါတယ်။
အသဲကွဲတာက ပြဿနာမဟုတ်ပါဘူး။ လူတိုင်းကြုံတွေ့နိုင်တဲ့ စိတ်ပင်ပန်းစေတဲ့ အရာတခုပါပဲ။
အချစ်ကြောင့် ဘဝပျက်သွားတဲ့ လူတွေ၊
ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ လူတွေ၊
အတိတ်ထဲ ပိတ်မိပြီး ဘာမှလုပ်ချင်စိတ်မရှိတဲ့ လူတွေ၊
ဘာမှန်းမသိလိုက်ဘဲ ဖောက်ပြန်ခံလိုက်ရတဲ့ လူတွေ၊
နေ့ရက်တိုင်း တိုးတက်မှုမရှိ အိပ်ယာထဲပဲခွေလှဲနေတဲ့ လူတွေ၊
အရက်သမား ဖြစ်သွားတဲ့သူတွေရှိပါတယ်။
တကယ်တော့ ကျနော်တို့တွေက တခုခုဆို ခံစားချက်နဲ့ပဲသုံးသပ်၊ဆုံးဖြတ်တတ်ကြလို့ပါ။
“ဂရုမစိုက်ခြင်း အနုပညာ” စာအုပ်ထဲမှာ ခံစားချက်ဆိုတာ ပူတယ်၊အေးတယ်၊ပျော်တယ်၊ဝမ်းနည်းတယ် စတဲ့ အာရုံတွေ
ဖော်ပြဖို့၊ သိဖို့ သက်သက်ပဲ။
တနေ့ထဲမှာတင်ပဲ ခံစားချက်အမျိုးစုံကို ကျနော်တို့ခံစားရတယ်။
အဲ့ခံစားချက်တွေအတိုင်း လိုက်ပါပြီး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်လို့ emotional person ဖြစ်လာတာကိုပဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ဖော်ပြောတတ်လာတယ်။
အမှန်တကယ်တော့ ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်တာကို ခံစားလွယ်တယ်လို့ အလွယ် ခေါင်းစဥ်တပ်လိုက်ကြတာပဲ။
ငါကတော့ ခံစားလွယ်တဲ့ သူ။ ဒါငါ့ပုံစံ။ ပြင်လို့မရဘူးလို့ ခံယူပြီး၊ တဖြည်းဖြည်းချင်း ဒီအတွေးတွေကနေတဆင့် ယုံကြည်မှုတခုဖြစ်လာပြီး သိမ်ငယ်စိတ်တွေ၊ အတွေးအချော်တွေနဲ့ ခံယူချက်တခုဖြစ်တည်လာတယ်ပေါ့။
ဒါဆို ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ။
ကျနော်တို့လူမျိုးတွေမှာ သိပ်တွေ့ရလေ့မရှိတဲ့ ရိုးရှင်းတဲ့ အဖြေရှိပါတယ်။ လူတိုင်း ရင်းနှီးပြီးသားပါပဲ။
“Why” (ဘာကြောင့်) ဆိုတဲ့ မေးခွန်းတခုမေးဖို့ပါပဲ။
ကျနော်တို့က ဝမ်းနည်းတယ်။စိတ်ရှုပ်တယ်လို့တော့ ခဏခဏ ပြောကြတယ်။ ဘာကြောင့် စိတ်ရှုပ်ရတာလဲ ဆိုတာတော့ ဘယ်သူမှ ကိုယ့်ကိုကိုယ်ပြန်မမေးဖြစ်ကြဘူး။
ရည်းစားနဲ့ပြတ်တယ်။ အသဲကွဲတယ်။ ဘာလို့အသဲကွဲနေရတာလဲ။ ဘာလို့ နေ့တိုင်းကြီး ငိုနေရတာလဲလို့ ဘယ်သူမှမတွေးဘူး။ တွေးကြည့်ဖို့ မရဲတာလဲ ဖြစ်နိုင်တယ်။ ရဲရဲမေးကြည့်ပါ။ ကိုယ့်ကိုကိုယ် မညာဘဲ အမှန်တိုင်းဖြေပါ။ အဖြေနဲ့အတူ ကိုယ့်ခံယူချက် အမှားတွေပါ တွေ့ရပါိလိမ့်မယ်။
နောက်ဖြေရှင်းချက်တဆင့်။
အဖြေတခုရလာပြီဆိုရင် “ သုံးသပ်ပါ ”။ “ အဖြေရှာပါ ”။
ဥပမာ - ငါက နေ့တိုင်း အိပ်ယာထဲလှဲပြီး ငိုနေဖို့ သင့်ရဲ့လား။
ဒီ relationship တခုကြောင့် နေ့တိုင်း စိတ်ညစ်တာဖြစ်သင့်ရဲ့လား။ မိုးမိပြီး စာအုပ်တွေစိုကုန်လို့ တနေကုန် ဒေါသထွက်ပြီးစိတ်မကြည်နေတာ ဖြစ်သင့်ရဲ့လား။
အခုလို သုံးသပ်ပြီးရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အဖြေပါတခါတည်းရှာပါ။
ဒီနေရာမှာ “ ဂရုမစိုက်ခြင်း အနုပညာ ” စာအုပ်ထဲက အကြံဉာဏ်လေးတခုကို ပြောပြချင်တယ်။
မီးလာတုန်း စာလုပ်မယ်ဆိုပြီး စာကြည့်စားပွဲမှာ ထိုင်၊
မီးကပျက်။ ဒေါသလဲထွက်။ စာလုပ်ချင်စိတ်ပါ
ပျောက်ဆုံးသွားတာမျိုး။
မနက်စောစောထ အဘွားရဲ့ပူညံပူညံအသံကြောင့် စိတ်မကြည်မလင်ဖြစ်တာမျိုး။
လမ်းလျှောက်ရင်း ခုံစောင်းနဲ့ခြေထောက်နဲ့ ရိုက်မိလို့ ဒေါသထွက်နေတာမျိုး။
အခုလို အသေးအဖွဲလေးတွေက စလို့ ဒေါသထွက်နေတယ်၊ စိတ်တိုနေတယ်၊ လိုက်ခံစားနေတယ် ဆိုတာ ကျနော်တို့မှာ အဲ့ထက် ပို အရေးကြီးတဲ့ အကြောင်းအရာ မရှိလို့ပါ။
ဥပမာ- ကျနော်က တရားထိုင်နေတယ် ။ကလေးတွေက ဘေးနားလာဆော့နေတယ်။ ပုံမှန်ဆို ကျနော် စိတ်တိုမိမှာပဲ။ ဒါပေမယ့် ကျနော့်အတွက် ဘာကအရေးကြီးလဲဆိုတာကို သိထားတော့ အခုကြုံနေတဲ့ ပြဿနာက အရမ်းမဆိုးတော့ဘူးပေါ့။
ဆိုတော့ ကျနော်တို့ အသဲကွဲလို့ အရက်တွေသောက်တယ်။ ငိုတယ်။ နံလန်မထူနိုင်အောင် ဖြစ်ကြတယ်။ လေးငါးနှစ်လောက် heal လိုက်ရတယ်။ ဒါတွေဖြေရှင်းဖို့ဆို အပေါ်မှာ ကျနော်ပြောခဲ့သလို ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာက ဘာလဲဆိုတာကို ပြန်ရှာဖွေသုံးသပ်ဖို့လိုတယ်။ အသဲကွဲတာထက် အရေးကြီးတဲ့အရာ၊ အဓိပ္ပာယ်ပိုရှိတဲ့အရာ မရှိလို့ အခန်းအတွင်းအောင်းပြီး ဆေးလိပ်တွေသောက်၊ မီးခိုငွေ့တွေရှိုက် နေကြရတာပဲ။
ပြန်သုံးသပ်ရရင်
?ကိုယ့်ကိုကိုယ်မေးခွန်းမေးတဲ့ အကျင့်ကို မွေးမြူပါ။
?သုံးသပ်ပါ။ အဖြေရှာပါ။
?အသေးအဖွဲလေးတွေနဲ့ ကိုယ့်စွမ်းအင်မကုန်ပါစေနဲ့။
?Meditation လုပ်ပါ။
?ဝါသနာပါတဲ့ အရာတွေ လုပ်ပါ။
?သဘာဝနဲ့ ထိတွေ့ပါ။
?မနက်စောစော နေရောင်ခံပါ။လမ်းလျှောက်ပါ။
?ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ အမြဲတွေးပါ။
?ကိုယ့်ခန္ဓာကိုယ်က ပြောတဲ့ စကားကို သေချာနားထောင်ပါ။
?အတွေးတွေကို ထိန်းချုပ်ပါ။???
#luminouswithpai
#self-love
#personaldevelopment
Keep Reading