Author's Profile Photo

မြ (စံကားဝါမြေ)

26/08/2024

ကျေးဇူးသိမှ ကျေးဇူးဆပ်တတ်မယ်

2 mins read
General Knowledge
ကျေးဇူးသိမှ ကျေးဇူးဆပ်တတ်မယ်'s photo

ဒီဆောင်းပါးလေးကတော့ မြ မနေ့က မြတို့အိမ်နီးချင်းဖြစ်တဲ့ အသိမိတ်ဆွေအိမ်မှာ ဝါဆိုသင်္ကန်းကပ်ဖိတ်လို့ တရားနာ သွားဖြစ်ခဲ့ပါတယ်။ ဆိုတော့ မနေ့က နာကြားခဲ့ရတဲ့ "ကျေးဇူးသိမှ ကျေးဇူးဆပ်တတ်မယ်"ဆိုတဲ့ တရားတော်ကို ဒီနေ့မှာ ဆောင်းပါးအဖြစ်နဲ့ ပြန်လည်ရေးသားမျှဝေလိုက်ရပါတယ်ရှင်။

တစ်ခါတုန်းက ကု‌ဋေ(၄၀)ကြွယ်ဝတဲ့ ပုဏ္ဏားသူဌေးကြီးတစ်ဦးနဲ့ သူ့ရဲ့ သမီးတော်လေးတစ်ပါး ရှိလေတယ်။ သူဌေးကြီးက ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ အဲ့တော့ သူဌေးကြီးသွားတဲ့လမ်းမှာ မြတ်စွာဘုရားနဲ့တွေ့ရင် ဝေးဝေးက ရှောင်သွားပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီး ကွယ်လွန်သွားခဲ့ရတာပေါ့ရှင်။ ကွယ်လွန်သွားချိန်မှာ သူဌေးကြီးဟာ အရင်ဘဝက ဘာမှ မလှူခဲ့၊ မတမ်းခဲ့တဲ့အတွက်ကြောင့် ပြိတ္တာဘဝကို ရောက်ရှိနေတာပေါ့ရှင်။

အဲဒီလ်ုနဲ့ပဲ သူဌေးကြီး ကွယ်လွန်ပြီး တစ်လပြည့်ဖို့ တစ်ရက်အလိုမှာ သူ့ရဲ့ သမီးလေးက သူ့ဖခင် သူဌေးကြီးကို သတိရအောက်မေ့ပြီး "ငါ အဖေပုဏ္ဏားကြီးအတွက် ကောင်းမှုကုသိုလ်လေး လုပ်ပေးဦးမှပဲ" လို့ တွေးပြီး ချက်ချင်းပဲ ဈေးထဲသွားပြီး အသီးအရွက်၊ အသား၊ ငါးတွေ ဝယ်လာခဲ့လေတယ်။

သူဌေးကြီးကလည်း "ငါပြိတ္တာဘဝက မစားရ၊ မသောက်ရနဲ့ ငါ့ကို ဒီဘဝကကနေ ကျွတ်လွတ်အောင် အမျှဝေ ပေးမယ့်သူများ ရှိလေမလား?" ဆိုပြီး ပြိတ္တာမျက်စိနဲ့ ကြည့်လိုက်တဲ့အခါမှာ သူ့သမီးလေးက ကုသိုလ်လုပ်ဖို့ ပြင်ဆင်နေတာကို မြင်တွေ့လေတယ်။

အဲဒီအခါ ပြိတ္တာဘဝကို ရောက်ရှိနေတဲ့ သူဌေးကြီးလည်း ဝမ်းသာသွားပြီး ညချမ်းအချိန်ခါမှာ ကောင်ကင်လမ်းကို ဖြတ်သန်းပြီး "သာဓု‌" ခေါ်ဖို့ သူ့အိမ်ကို ဆင်းသက်လာခဲ့ပါတော့တယ်။

အဲဒီလို သူဌေးကြီး ဆင်းသက်လာနေတာကို မင်းကြီးတစ်ပါးက ညလရောင်အောက်မှာ လရောင်ရဲ့ အေးချမ်းသာယာ ငြိမ့်ညောင်းမှုကို ရှုစားနေရင်း မြင်တွေ့လိုက်တဲ့အခါ

မင်းကြီးက "သူဌေးကြီး ဘယ်သွားမလို့လဲ" ဟူ၍ ပြိတ္တာကြီးကို လှမ်းမေးလိုက်ပါတယ်။

ဒီတော့ ပြိတ္တာကြီးကလည်း "အရှင်မင်းကြီး တပည့်တော်က ကွယ်လွန်ပြီး ပြတ္တာဘဝ ရောက်နေပါတယ်။ အခု တပည့်တော်ရဲ့ သမီးလေးက တပည့်တော်ကို "သာဓု" ခေါ်နိုင်ဖို့ ကုသိုလ်လုပ်ပေးနေတာကြောင့် "သာဓု" သွားခေါ်မို့ပါ အရှင်မင်းကြီး" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အရှင်မင်းကြီးကလည်း "သူဌေးကြီး အကူအညီလိုရင် ငါကိုယ်တော်ကို ပြောနိုင်ပါတယ်" လို့ ပြန်ပြောပြီး သူတို့နှစ်ဦး နှုတ်ဆက်ခဲ့ကြပါတယ်။

အဲဒီလို နှုတ်ဆက်ပြီး သူဌေးကြီးအိမ်ကို ရောက်တဲ့အခါမှာ သူဌေးကြီး "သာဓု" ခေါ်ဆိုခွင့် မရခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် သူ့သမီး ထမင်းပင့်ဖိတ်ကျွေးတာက မြတ်စွာဘုရား အမှူးပြုတဲ့ သံဃာတော်တွေ မဟုတ်ဘဲ သူတို့ရဲ့ ပုဏ္ဏားမျိုးတွေကို ဖိတ်ကျွေးတာ ဖြစ်နေလို့ပါပဲ။

ဒီလိုနဲ့ သူဌေးကြီးလည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရတာပေါ့ရှင်။ အပြန်လမ်းမှာ သူဌေးကြီးက အရှင်မင်းကြီးရဲ့ စကားကို အမှတ်ရသွားပြီး ဖြစ်ကြောင်းကုန်စင်ကို မင်းကြီးဆီ လျှောက်တင်တာပေါ့ရှင်။

အဲ‌ဒီတော့ မင်းကြီးက "ဟုတ်ပြီ သူဌေးကြီး။ ဒီညကတော့ အချိန်လွန်သွားပြီ။ ပစ္စည်းတွေလည်း ဝယ်လိူ့မရနိုင်တော့ဘူး။ ဒါ့ကြောင့် သူဌေးကြီး မနက်ဖြန် ငါကိုယ်တော်ဆီ ကျိန်းသေပြန်လာခဲ့ပါ။ ငါ ကိုယ်တော် သင်္ကန်း ပရိက္ခရာစုံလင်စွာနဲ့ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်ပြီး "အမျှ" ပေးဝေပေးမယ်" လို့ ကတိပေးလိုက်‌လေတယ်။

နောက်တစ်နေ့ သူဌေးကြီး ကွယ်လွန်တာ တစ်လတင်းတင်း ပြည့်မြောက်တဲ့နေ့မှာ အရှင်မင်းကြီးက သင်္ကန်း ပရိက္ခရာစုံလင်စွာနဲ့ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်ပြီး "အမျှ" ပေးဝေပေးခဲ့သောကြောင့် သူဌေးကြီးလည်း "သာဓု" ခေါ်ဆိုခွင့်ရကာ ပြိတ္တာဘဝမှ ကျွတ်လွတ်သွားလေတယ်။

ယ‌ခု မြ ရေးသားသွားခဲ့တဲ့ မြတ်စွာဘုရားလက်ထပ်တော်မှာ ဖြစ်ပျက်ခဲ့သော အဖြစ်မှန်လေးကို တရားနားယူပြီး ဆောင်းပါးအဖြစ် ပြန်လည်ဆန်းသစ် ဖန်တီးမှုကို ဖတ်ရှုပြီးသွားတော့ ကျေးဇူးဆပ်တဲ့အခါမှာလည်း မှန်မှန်ကန်ကန် ဆပ်တတ်မှသာလျှင် ဘဝကူးပြောင်းသွားသူတွေအတွက် အကျိုးအမြတ် ရရှိနိုင်ကြပါလိမ့်မယ်လို့ ပြောကြားရင်း မြရဲ့ "ကျေးဇူးသိမှ ကျေးဇူးဆပ်တတ်မယ်" ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
26.8.2024(Monday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း