Author's Profile Photo

SarPhat Author

24/12/2023

ကျေးဇူးဆပ်ပါ။

1 min read
Life Style
Education
Culture
ကျေးဇူးဆပ်ပါ။'s photo

ကျေးဇူးဆပ်ပါ။

လူ့ဘဝ ဖြစ်တည်မှု စတင်ဖို့ ကျေးဇူးပြုခဲ့ထားတဲ့ အကြောင်းအရင်း ကိစ္စများစွာ ရှိပါတယ်။

ဒီနေ့ ဒီအချိန်ထိ အသက်ရှင်၊ ရပ်တည်၊ နေထိုင်၊ လုပ်ကိုင် စားသောက်နိုင်ဖို့ ထောက်ပံ့ ပေးထားရတဲ့ အကြောင်းတရားပေါင်း များစွာက ကျေးဇူးပြုထားရပါတယ်။

ဒီအကြောင်းတရားတွေကို ကျေးဇူး တင်ရမယ်၊ ကျေးဇူး သိရမယ်၊ ကျေးဇူး ဆပ်ရပါမယ်။

ငါ တကော ကောပြီး၊ အတ္တ၊ မာန အားကြီးနေရင် ကျေးဇူး မမြင်၊ အပြစ်ပဲတင်နေတတ်ပါတယ်။

ကျွန်တော့်တို့ရဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များက ကျွန်တော်တို့ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အရေး

ပူပင် သောက ကင်ဝေးပြီး ပြည့်ဝတဲ့ ဘဝ အနှစ်သာရကို လွတ်လပ် ပေါ့ပါး ပျော်ရွှင်စွာ ခံစား နေထိုင်တတ်စေဖို့

ကျွန်တော်တို့ရဲ့ ဝါသနာ၊ စရိုက်၊ အကြိုက်နဲ့ အလေ့အထတွေ အလိုက် သင့်တော်တဲ့ နည်းလမ်းများနဲ့ ပဲ့ပြင် ဆုံးမလေ့ ရှိပါတယ်။

ဒီအဆုံးအမ တွေကို နာယူတတ်၊ လက်ခံတတ်၊ လိုက်နာ ကျင့်သုံးတတ်ဖို့ လိုပါတယ်။

ဒါပြင် ကျွန်တော်တို့ အနီးနား ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ ညီအစ်ကို မောင်နှမ၊ အလုပ်ရှင်၊ ဝန်ထမ်း၊ မိတ်ဆွေ သူငယ်ချင်းများသည်လည်း ကျွန်တော်တို့ အတွက် အထောက်အပံ့ကောင်း များစွာနဲ့ ကျေးဇူးပြုထားကြပါတယ်။

တကယ်တော့ ကျေးဇူးတင်တတ်မယ် ဆိုရင် ကျေးဇူးတင်စရာတွေချည်းပါပဲ။

ဒါကလည် ကျေးဇူး သိမှ ကျေးဇူး ရှိတာပါ။

ကျေးဇူး ရှိတယ်လို့ တကယ် နှစ်နှစ်ကာကာ ခံစားရရင်၊ မိမိ အဆင်ပြေတဲ့ အခြေအနေ အလိုက် ကျေးဇူး ဆပ်တတ်ကြပါတယ်။

သစ်ပင်ရိပ်ရဲ့ အေးမြမှုကို ခံစားရလို့ ကျေးဇူးတင်တတ်ရင် ဒီအပင် ရှင်သန် ဖွံ့ဖြိုး တည်တန့်စေဖို့ ကိုယ်နိုင်တဲ့ဘက်က အားစိုက်ကြပါတယ်။ ဒါ ဒီသစ်ပင်ကို ကျေးဇူးဆပ်ခြင်းပါပဲ။

ကျွန်တော်တို့လည်း ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ ကျေးဇူး ကို ဆပ်နေရမယ်။

ဇနီး၊ ခင်ပွန်း၊ ကျေးဇူး ဆပ်နေရမယ်။

သားသမီး၊ ညီအစ်ကို မောင်နှမ ကျေးဇူးဆပ်နေရမယ်။

မိတ်ဆွေကောင်း ကျေးဇူး ဆပ်နေရမယ်။

ကျေးဇူးပြုထားတဲ့ အရာမှန်သမျှကို ကျေးဇူးဆပ်နေရမယ်။

ဒီလို ကျေးဇူးဆပ်တဲ့ လုပ်ရပ် ဆိုတာ စိတ်ထဲ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခော တွေ အားကောင်းလာတယ်။

လက်ရှိ နေထိုင်ရတဲ့ ဘဝမှာ ပြီးပြည့်စုံနေမှုကို ခံစားရမယ်။

ဘဝ ကြီးပွား တိုးတက် အောင်မြင်ဖို့ အထောက်အပံ့ကောင်းတွေလည်း ဖြစ်တယ်။

ဒါကြောင့် ကျေးဇူးကို သိဖို့ ပထမ လိုအပ်ပါတယ်။

ကျေးဇူး သိဖို့ ဆိုတာ မှန်ကန်တဲ့ အသိပညာဉာဏ် ဖြစ်မှသာ ခံစားရမှာ ဖြစ်ပါတယ်။

သို့မှသာ ကျေးဇူး သိ၊ ကျေးဇူး တင်၊ ကျေးဇူး ဆပ်တတ်ကြမှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့လည်း ကျေးဇူးဆပ်တတ်ကြပြီး ဘဝ၊ မိသားစုနဲ့ လုပ်ငန်းများ ယခုထက် အောင်မြင်၊ ပျော်ရွှင်၊ ငြိမ်းချမ်းကြပါစေ။

ကျေးဇူးတင်စွာဖြင့် ကျေးဇူးဆပ်လျှက်

မိတ်ဆွေတို့ရဲ့

တင်ထွန်းဦး

#TIN_TUN_OO
#Family_And_Business_Coach
#Master_Trainer_And_Speaker

Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော့်ပြောင်းလဲမှု အချို့၏ အစပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞