Author's Profile Photo

SarPhat Author

19/12/2023

If I were 18 again

2 mins read
18 Again

ကျွန်မသာ ၁၈နှစ်အရွယ်ကိုပြန်သွားလို့ရခဲ့ရင်....

ကျွန်မတို့တွေဟာ တစ်ရက်ပြီးတစ်ရက်အသက်တွေကြီးလာကြရင်း အရင်တုန်းကထက် ပျော်ရွှင်စရာတွေ ဆိတ်သုဉ်းလာကြတယ်လို့ အများစုတွေးမိတတ်ကြပါတယ်။တစ်နည်းပြောရရင် တကယ့်ပျော်ရွှင်မှု၊စိတ်ချမ်းသာမှုအစစ်အမှန်ကို ရှာမတွ့ကြသေးတာပါ။ ငယ်ငယ်တုန်းက ကျွန်မတို့ ကြုံးဝါးနေကြဖြစ်တဲ့ " ကြည့်နေ၊ငါအသက်ပြည့်ပြီးတာနဲ့ ဒါတွေအကုန်လုံးကိုလုပ်ပစ်မယ်"ဆိုတဲ့စကားပါ။လူကြီးမိဘတွေက "နင်ကငယ်သေးတယ်၊ ဒါမလုပ်ရသးဘူး၊ ဒီနေရာ မသွားရသေးဘူး" စသည်ဖြင့်ပြောကြတဲ့အချိန် ကျွန်မတို့ပြန်လည်ချေပခဲ့ကြတဲ့ စကားစုလေးပေါ့။
ဆိုတော့ အဲ့ဒီအသက်ပြည့်တဲ့ ၁၈နှစ်အရွယ်ကိုရောက်တဲ့ သင့်ကိုယ်သင်ပြန်ပြီး မြင်ယောင်ကြည့်လိုက်ပါ။ ကျွန်မတို့အဲ့ဒီအရွယ်ကို ပြန်တွေးကြည့်မိရင် သိပ်ကိုလွတ်လပ်ပြီး ပျော်ရွှင်ခဲ့ကြရပါတယ်။တက်ကြွမှု၊စူးစမ်းစိတ်လေးတွေအပြည့်နဲ့ စိတ်ပူပင်စရာတွေ နည်းသေးတဲ့ စိတ်သွားတိုင်းကိုယ်ပါအရွယ်တွေကိုး။လောကအလယ်မှာ အပျံသင်စငှက်ငယ်လေးတွေလိုပေါ့။လွတ်လပ်ပေါ့ပါးတက်ကြွမှာတွေအပြည့်။အချို့ အိမ်မက်နောက်လိုက်ကြမယ်၊ သင်တန်းတက် ၊ကျောင်းတက်ကြမယ်၊ အသင်တွေစလုပ်ကြမယ်၊ကိုယ်စီရည်မှန်းချက်တွေနဲ့ပေါ့။ အချို့ကတော့ ‌တကယ့်ပျော်ရွှင်မှုကိုမသိဘဲ ခဏတာပျော်ရွှင်မှုနောက်ကိုလိုက်ရင်း အချိန်ဖြုန်းနေကြလိမ့်မယ်။ စာဖတ်သူရော အသက်၁၈နှစ်တုန်းက ဘယ်လိုဖြတ်သန်းနေခဲ့ပါသလဲ?
အတိတ်ကနေ့ရက်တွေကို စိတ်ကူးနေတာလေးတွေအခုရပ်လိုက်ပြီး လက်ရှိရောက်နေတဲ့အသက်အရွယ်နဲ့ အခြေအနေ၊အနေအထားကို ပြန်သုံးသပ်ကြည့်ပါ။ပစ္စုပ္ပန်ကို ပြန်လာကြည့်ရအောင်။ စာဖတ်သူ ကျေနပ်နေပြီလား? အများစုကတော့ လိုချင်တဲ့အနေအထားတစ်ခုကိုရောက်ဦးမှမဟုတ်သေးဘူးလို့ဖြေကြမှာပါ၊ကြိုးစားနေဆဲပေါ့။ ဒီလိုဖြေမယ့်ထဲမှာ ကျွန်မကိုယ်တိုင်လည်းပါ ပါတယ်။ အသက်၂၀ပြည့်ပြီးခါစကျွန်မလည်း အိမ်မက်နောက်လိုက်ရင်း အနာဂတ်မျှော်မှန်းချက်တွေအတွက် ကြိုးစားနေဆဲ သင်ယူနေဆဲလူငယ်တစ်ယောက်ပါ။ ဒါပေမယ့် ဒီလိုပုံမှန်ကြိုးစားဖို့အတွက်ကိုဘဲ ကျွန်မအများကြီးဖြတ်သန်းခဲ့ရပါတယ်။အဓိက ကျွန်မရဲ့စိတ်ပါဘဲ။
ဆယ်တန်းဖြေပြီးပြီးချင်းညကိုဗစ်နဲ့ stay home နေနေရတဲ့အချိန်၊ အခြားသောအရာတွေကြောင့် အပြင်မထွက်ဖြစ်ခဲ့တဲ့အချိန် ကျွန်မရဲ့ဆယ်ကျော်သက်အချိန်တွေဟာ သိပ်ကိုတန်ဖိုးမဲ့ခဲ့ပါတယ်။ တစ်နေ့တစ်နေ့ အချိန်တွေကုန်ခဲတာကို ငြီးတွားရင်း ဘာကိုမှစိတ်တိုင်းမကျခဲ့တဲ့အချိန်တွေကို သိပ်ကိုနှမြောမိပါတယ်။ကျွန်မဒီလိုတွေ ပျင်းရီနေချိန်မှာ ကျွန်မရဲ့ကျောင်းနေဘင်သူငယ်ချင်းအချို့ဟာ သူတို့အိမ်မက်တွေကိုရှာဖွေခဲ့ကြတယ်။ ဒီအချိန်တွေလွန်ရင် လက်တွေ့လုပ်မယ့် အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားခဲ့ကြတယ်။ ဒီလိုနဲ့ အချိန်တွေလွန်လာတော့ ကျွန်မရဲ့အချိန်ဆွဲပျင်းရိမှုက အကျိုးသက်ရောက်ခဲ့ပါတယ်။သူများတွေ အလုပ်လုပ်တဲ့သူ၊အိမ်ကိုထောက်ပံ့နေတဲ့သူ၊ပညာတွေသွားသင်နေကြတဲ့သူတွေအလယ်မှာ ကျွန်မတစ်ယောက်တည်းကျန်ခဲ့ပါတယ်။အချိန်နဲ့တပြေးညီ မကြိုးစားခဲ့တဲ့ကျွန်မရဲ့လုပ်ရပ်တွေက ကျွန်မရဲ့နေ့စဉ်ဘဝမှာပါ သက်ရောက်လာခဲ့ပါတယ်။ ပုံမှန်ကြိုးစားနေခဲ့ကြသူတွေ ပျော်ရွှင်နေကြတဲ့အချိန် ကျွန်မဟာသူတို့ကိုအားကျဖို့ဘဲတတ်နိုင်ခဲ့တယ်။သူတို့နဲ့ အသက်တူပေမယ့် ခြေတစ်လှမ်းနောက်ကျခဲ့ပြီမို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပျော်ဆုံးပြီး သိမ်ငယ်လာတယ်။နဂိုကတည်းက စိတ်ဓာတ်ကျရင် ဟိုးအောက်ဆုံးကျတတ်တဲ့ ကျွန်မဟာ ဒီအခြေအနေတွေမှာ မနည်းအားပြန်တင်းခဲ့ရတယ်။အခြေအနေနည်းနည်းလေးမတူတော့တာနဲ့ ပြောင်းလဲတတ်လာတဲ့လူ့လောကကြီးအကြောင်းကိုလည်း အံ့ဩစွာသိခဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာ ကျွန်မရဲ့ စာဖတ်ဝါသနာပါတဲ့အကျင့်လေးက ကျွန်မကို ပုံမှန်လူတောတိုးရဲတဲ့ နေ့စဉ်ဘဝကိုပြန်လည်ဆွဲတင်ပေးခဲ့ပါတယ်။
အဆုံးသတ်အနေနဲ့ ကျွန်မသာအသက်၁၈နှစ်အရွယ်ကိုပြန်ရောက်ခဲ့ရင်
(၁)အချိန်ရဲ့တန်ဖိုးကိုပိုပြီးတန်ဖိုးထားပါမယ်
(၂)လူကြီးမိဘတွေရဲ့ဆုံးမစကားဟာသူတို့ရဲ့ဖြတ်သန်းလာခဲ့တဲ့ ဘဝအတွေ့အကြုံတွေကလာတာပါလားဆိုပြီး ပိုပြီးနာခံတတ်အောင်သင်ယူပါမယ်
(၃)ကိုယ့်ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကိုရှာပါမယ်
အချုပ်အနေနဲ့ ကျွန်မအတွက် စိတ်ခွန်အား၊နှလုံးသားခွန်အားဖ့စ်စေခဲ့တဲ့စာအုပ်ကောင်းတွေထဲကမှ ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ နှလုံးသားအာဟာရဆိုတဲ့ စာအုပ်လေးသုံးအုပ်ကို စာဖတ်သူတို့ကို ဖတ်ကြည့်ဖို့ ‌အကြုံပြုရင်း......။

Keep Reading

တကယ်ပြီးသွားမှာလား? Really End?မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲအလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။"သူလိုလူ"