Author's Profile Photo

SarPhat Author

4/08/2024

ငွေတန်ဖိုး နဲ့ စိတ်အတက်အကျ

1 min read
Education
General Knowledge
Art
ငွေတန်ဖိုး နဲ့ စိတ်အတက်အကျ's photo

အားလုံးပဲ မင်္ဂလာပါ
ကျွန်တော်ခေတ်သျှားလူပါ ။ ။

ကျနော်ဒီနေ့ရွေးချယ်ရေးသားဖြစ်တာကတော့ ကျနော်တို့နေ့စဥ်ဘဝမှာဖြစ်ပေါ်နေတဲ့ ပိုက်ဆံ ဆိုတဲ့အရာလေးတစ်ခုကြောင့်ပါပဲ ။

ပိုက်ဆံ..... ဟုတ်ပါတယ် ပိုက်ဆံဆိုတာ အသက်မဲ့နေတဲ့ငွေစက္ကူလေးတစ်ရွက်ဆိုတာ ဘယ်သူမဆိုသိပါတယ်။ အသက်မဲ့နေတဲ့ငွေစက္ကူလေးက သက်ရှိတွေထက်အရေးပါနေတယ်ဆိုတာလဲ ဘယ်သူမှငြင်းမရဘူး မဟုတ်လား!!

ဒီသက်မဲ့ငွေစက္ကူကြောင့်ပဲ



  • တစ်ချို့သောလူတွေရဲ့ ဂုဏ်သိက္ခာတွေပျက်ဆီးဆုံးရှုံးခဲ့တယ်။ ။
  • ဒီပိုက်ဆံကြောင့်ပဲ လူငယ်တွေရဲ့ အနာဂတ်တွေယိမ်းယိုင်ပျက်ဆိီးခဲ့ကြတယ်။ ။

ဒါကျနော်မြင်သာအောင်ပြောရုံပါ။ တဂယ်တော့အခန်းကဏ္ဍတိုင်းမှာ အရေးပါအရာရောက်နေပါတယ်။ ။

ဒါဆိုပိုက်ဆံက ဘာကြောင့်အရေးပါနေရတာလဲ??

သချာ်သဘောအရပြောရရင် ဖလှယ်ရဂုဏ်သတ္တိရှိနေလို့ပဲ။ လိုချင်တဲ့အရာကို လဲလှယ်နိုင်တဲ့ သတ္တိပေါ့။
''မင်းဘာလိုချင်လဲ ၊မင်းလိုချင်တဲ့အရာရာတော်တော်များများကို ဒီပိုက်ဆံနဲ့ ယူနိုင်စွမ်းရှိတယ်''

ဒါကျနော့်အမြင်ပါ ။စာဖတ်သူအမြင်ကရော....

ဒါဆို ငွေတန်ဖိုး နဲ့ စိတ်အတတ်အကျ ဘာဆိုင်လို့လဲ??


အဲ့အဖြေကိုမဖြေခင် စာဖတ်သူကိုမေးချင်တယ်။
မင်းလက်ထဲကို ပိုက်ဆံတစ်သိန်းထည့်ပေးလိုက်တဲ့အချိန်နဲ့ - မင်းစိတ်ကြိုက်သုံးဖြုန်းပြီးလို့လက်ထဲထောင်ဂဏန်းပဲကျန်နေချိန် မင်းစိတ်က ဘာများကွာခြားသွားမှာလဲ...

အရပ်ထဲကအန်တီကြီးပြောသလိုပြောကြေးဆိုရင်
''လက်ထဲငွေနည်းလေလေ ဗိုက်အောင့်သလိုလိုခေါင်းကိုက်သလိုလိုပေါ့''

စာဖတ်သူကို စကားလေးလက်ဆောင်ပါးချင်ပါတယ်။

  1. ငွေနောက်မလိုက်ပါနဲ့။
  2. ငွေကိုရစေနိုင်တဲ့ စွမ်းရည်ကို ရအောင်ရှာဖွေကြိုးစားပါ ။
  3. အပင်ပန်းခံကြိုးစားပြီးမှ ရတဲ့ငွေမဖြစ်အောင်တော့ မင်းစွမ်းရည်ကို မင်းအသိဉာဏ်နဲ့ချင့်ချိန်ပါ။


ဟုတ်ကဲ့ ကျနော်ခေတ်သျှားလူပါ။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------