မိုးနှောင်းအလင်္ကာ
ဘဲဥ၊ ကြက်ဥ ဆိုတာ နေ့စဉ်ဘ၀မှာ ကျနော်တို့နဲ့မကင်းတဲ့ အရာတွေ ဖြစ်ပါတယ်။ ဈေးမသွားနိုင်တဲ့နေ့မှာပဲဖြစ်ဖြစ်၊ နေမကောင်းရင် ဖြစ်ဖြစ်၊ ဖြစ်သလိုပဲစားချင်ရင်ဖြစ်ဖြစ် ကြက်ဥနဲ့ဘဲဥ ကိုပြေးပြီး သတိရကြမှာပါ။ သတိရကြမှာပါ။ ဒါပေမယ့် ကြက်ဥ၊ဘဲဥ နဲ့ပတ်သတ်ပြီး ကျနော်တို့ ဇဝေဇဝါ ဖြစ်နေကြတဲ့ အကြောင်းအရာလေးတခုရှိပါတယ်။ အဲ့တာ က ကြက်ဥ၊ဘဲဥ စားရင်ညဏ်ထိုင်းလား မေ့တတ်လား ပဲဖြစ်ပါတယ်။
ကျနော်တို့ ငယ်ငယ်ကဆို အိမ်က စာမေးပွဲဖြေမယ့်ရက်တို့ ဘာတို့ဆို ဥ တွေမစားခိုင်းပါဘူး၊ လူကြီးတွေက ဥ စားရင် စာမေ့လိမ့်မယ်၊ ည ဏ်မကောင်းဖြစ်လိမ့်မယ်ဆိုပြီး ပြောတတ်ကြပါတယ်။ ဒါကြောင့် အဲ့ တာ ဟုတ်၊မဟုတ် ကျနော်ကပြောပြပေးသွားပါမယ်။ကြက်ဥ၊ ဘဲဥ ဆို တာ အသားဓာတ်(Protein) ကြွယ်၀စွာပါတဲ့ အစားအစာတွေဖြစ်ပါ တယ်။ ဥတွေ မှာ ဗီတာမင် B6၊ B12၊ folate နဲ့ Choline အပါအဝင် ဦးနှောက်ကျန်းမာရေး အတွက် လိုအပ်တဲ့အာဟာရများစွာ ပါ၀င်ပါ တယ်။
Choline ဆိုတာကတော့ စိတ်ခံစားချက်နှင့် မှတ်ဉာဏ်ကိုထိန်းညှိ ပေးနေတဲ့ acetylcholine ကိုဖန်တီးပေးတဲ့အရေးကြီးတဲ့ အာဟာရ တစ်မျိုးဖြစ်ပါတယ်။ လေ့လာမှုနှစ်ခုအရ choline စားသုံးမှုဟာ ပိုမို ကောင်းမွန်တဲ့ မှတ်ဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများ ရရှိစေ ကြောင်း သိရပါတယ်။ ကြက်ဥစားခြင်းက choline ရရှိရန် လွယ်ကူ ကြောင်း သရပါတယ တဲ့နည်းလမ်းဖြစ်ပြီး ကြက်ဥအနှစ်မှာ choline 112 mg clου တယ်။
ဒါ့အပြင်ကြက်ဥမှာတွေ့ရတဲ့ ဗီတာမင်ဘီဟာ ဦးနှောက်ကျန်းမာရေး အတွက် အထောက်အကူများစွာပေးနိုင်ပြီး သက်ကြီးရွယ်အိုများမှာ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုကို နှေးကွေးစေပြီး စိတ်ကျရောဂါနှင့် အယ် လ်ဇိုင်းမားရောဂါ(အတိတ်မေ့ရောဂါ) ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါ တယ်။ ကြက်ဥစားခြင်းနဲ့ ဦးနှောက်ကျန်းမာရေးကြား ဆက်စပ်မှု အပေါ် တိုက်ရိုက်သုတေသနပြုမှု အနည်းငယ်သာ ရှိသေးပေမယ့် ကြက်ဥမှာပါတဲ့ အာဟာရတွေကတော့ ဦးနှောက်ကို မြှင့်တင်ေ တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။
ဒါကြောင့် ကြက်ဥကို ဘယ်အချိန်ပဲစားစား ညဏ်ထိုင်းတာတို့ မေ့ လွယ်တာတို့ မဖြစ်စေတာကြောင့် ကျန်းမာရေး အရမဖြစ်မနေစား သင့်တဲ့ အစားအစာတွေဖြစ်ပြီး တနေ့ တလုံး၊ ၂လုံး လောက်ပုံမှန်စား သင့်ပါတယ်။ ဒါပေမယ့်လည်း အလွန်အကျွံ စားရင်တော့ ကိုလက်စ ရော ကိုမြင့်တက်စေပြီး ဆီးချို၊သွေးချို ဖြစ်စေပါလိမ့်မယ်ဗျ။ ဘာပဲ ဖြစ်ဖြစ် ဒီလို ကောင်းကျိုးတွေ အများကြီးရှိတာကို မသိသေးတဲ့ အိမ် ကလူကြီးသူမတွေ ရှိရင်လည်း သေချာလေး ရှင်းပြလိုက်ကြဦး နော်။
#မိုးနှောင်းအလင်္ကာ
#mpt4uမှီငြိမ်းသည်။
Keep Reading