Author's Profile Photo

စောမြတ်နွယ်

3/08/2024

နေ့စဉ်လေ့လာ Englishစာ (34)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ Englishစာ (34)'s photo

ဒီနေ့မှာတော့ get နဲ့ သက်ဆိုင်တဲ့ အသုံးအချို့ကို မျှဝေပေးချင်ပါတယ်။

ကျွန်မတို့ တော်တော်များများသိတာက get ဆိုတဲ့ စကားလုံးကို ရရှိသည် ဆိုတဲ့အဓိပ္ပာယ် အနေနဲ့ သိကြတာ များမယ်ထင်ပါတယ်။

ဒါပေမယ့် Dictionary ကို ကြည့်လိုက်တဲ့အခါ get နဲ့ တွဲသုံးတဲ့ အသုံးများစွာ တွေ့ရပါတယ်။

အဲ့ဒီအထဲကမှ အချို့ကို မျှဝေပေးချင်ပါတယ်ရှင်။

?????

? get= ရရှိသည်။

✏Did you get my postcard?
မင်းငါ့ရဲ့ ပို့စကတ်ကို ရခဲ့လား။

✏What did you get for Christmas?
ခရစ်စမတ် အတွက် မင်းဘာလက်ဆောင်ရလဲ။

✏This room gets very little sunshine.
ဒီအခန်းက နေရောင်ခြည် ရတယ်ဆိုရုံလေးပဲရတယ်။

?get= (တစ်စုံတစ်ရာ) ဖြစ်လာသည်။

✏The weather is getting colder.
ရာသီဥတုက ပိုအေးလာတယ်။

We ought to go-it's getting late.
ငါတို့သွားသင့်ပြီ။အချိန်နောက်ကျနေပြီ။

✏You'll get wet if you go out in the rain without an umbrella.
မင်းမိုးရွာထဲကို ထီးမပါဘဲသွားရင် မင်းစိုကုန်လိမ့်မယ်။

?be getting on=အသက်ရလာသည်။

✏Grandma's getting on a bit and doesn't go out as much as she used to.
အဖွားက အသက်နည်းနည်းရလာတော့ အရင်ကလောက် အပြင်များများ မထွက်နိုင်တော့ဘူး။

✏He's getting on a bit.He'll be 76 next birthday.
သူ အသက်နည်းနည်းရလာပြီ။ လာမယ့်မွေးနေ့ဆို ၇၆နှစ် ဖြစ်တော့မှာ။

?be getting on =အချိန်လင့်သည်။
အချိန်နောက်ကျသည်။

✏It's getting on - we'll be late if we don't go now.
အချိန်လင့်နေပြီ။ငါတို့အခုမသွားရင် နောက်ကျလိမ့်မယ်။

✏Time's getting on and we need to be there by seven.
အချိန်နောက်ကျနေပြီ။အဲ့ဒီကို ငါတို့ ၇နာရီရောက်ဖို့လိုတယ်။

?get along =အဆင်ပြေသည်။
ကောင်းမွန်သော ဆက်ဆံရေး
ရှိသည်။

✏I don't really get along with my sister's husband.
ငါတော့ ငါ့အစ်မခင်ပွန်းနဲ့ တကယ်ကို အဆင်မပြေဘူး။

✏They seem to get along pretty well.
သူတို့ တော်တော်လေး အဆင်ပြေပုံပေါ်တယ်။(ဆက်ဆံရေးလို ဆိုလိုခြင်းဖြစ်ပါတယ်)

✏How did you get along with your previous supervisor?
နင်ရဲ့ အရင် ကြီးကြပ်ရေးမှူးနဲ့ ဘယ်လိုများအဆင်ပြေခဲ့လဲ။

?????

ဒီလောက်ဆိုရင် get နဲ့ ပက်သက်တဲ့ တချို့အသုံးတွေကို သိသွားပြီထင်ပါတယ်နော်။

ဒီနေ့အတွက်ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
3.8.2024





Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------