San G
ဂျပန် လို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံကလူတွေ မသိတဲ့သူမရှိသလောက်ပါပဲ
သူတို့ရဲ့ကြိုးစားအားထုတ်ပုံပဲ အကောင်းဘက်ကပြောပြမှာပါ။
ဂျပန်နိုင်ငံရဲ့ ပထဝီဝင်နဲ့ သမိုင်းကြောင်းလေးကို အကျဉ်းချုံး ပြောပြလိုပါတယ်။
ဂျပန်(သို့မဟုတ်)နိပွန် ဆိုတဲ့အဓိပ္ပာယ်က နေမင်းလို့ အဓိပ္ပာယ်ရပါတယ်
ဂျပန်နိုင်ငံက ပြည်ထောင်စုပါလီမန်စည်းမျဉ်းခံဘုရင်စနစ်ကိုလက်ရှိကျင့်သုံးပြီး ယန်းငွေကိုပြည်တွင်းမှာ သုံးစွဲပါတယ် ။
မဟာယာနဗုဒ္ဓ ဘာသာကို အများစုကိုးကွယ်ကြပြီး
နတ်ကိုးကွယ်ကြတဲ့ သူတွေလဲရှိပါတယ်။
နိုင်ငံရဲ့အကျယ်အဝန်းမှာ ၃၇၇၉၇၅ ကီလိုမီတာစကွဲ ရှိပါတယ်။
ကျွန်းစုပေါင်း ၆၈၄၈ကျွန်းပေါင်းနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံဖြစ်ပြီး လူဦးရေမှာ ၁၂.၅သန်းကျော်ရှိ၍ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်တယ်။
မီးတောင်ပေါများပြီး မီးတောင်ရှင်ပေါင်း ၄၇ခုလဲရှိပါတယ်။ မုန်တိုင်းပေါင်းများစွာကလဲ နှစ်စဉ်တိုက်ခတ်ဖျက်ဆီးခြင်းခံရတဲ့နိုင်ငံလဲဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ အနျုမြူဗုံးဒဏ်သင့်ခံရပြီး အပျက်အဆီး အဆုံးအရှုံးများစွာဖြင့် ပြန်လည်ထူထောင်ခဲ့ရတဲ့နိုင်ငံလည်းဖြစ်တယ်။
ဆာမူရိုင်းခေတ်တွေတုန်းကတည်းက သူတို့နိုင်ငံကို အသက်ထက်ချစ်မြတ်နိုးပြီး သစ္စာရှိပြီး ရဲစွမ်းသတ္တိရှိတဲ့နိုင်ငံသားတွေရှိတဲ့နိုင်ငံ
ဤကဲ့သို့ ကုန်းကောက်စရာမရှိတဲ့ဘဝကနေ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာအောင် သူတို့ ပြည်သူ
တစ်ယောက်ချင်းစီက ကြိုးစားအားထုတ်ခဲ့ကြပါတယ် ယခုချိန်ထိလဲ ကြိုးစားနေဆဲပါ။
မုန်တိုင်းဒဏ်တွေမကြာခဏခံရပေမယ့် စိတ်ဓာတ်မကျအားမလျော့ပဲ ပြန်လည်ကြိုးစားခဲ့ကြပါတယ်။
စည်းကမ်းရှိတဲ့နိုင်ငံ၊ ဒီမိုကရေစီဆိုပြီး ကြွေးကြော်ပြနေစရာမလို၊ စည်းကမ်းရှိပြီး အလုပ်ကြိုးစားတဲ့နိုင်ငံ
သူတို့မှာ မလျော့သောဇွဲ၊ လုံ့လဖြင့် မဖြစ်ဖြစ်အောင်ကြိုးစားအားထုတ်လိုတဲ့ စိတ်ဓာတ်တွေက သံမဏိလိုမာကြောပြီး ကျောက်သားလိုမြဲမြံကြတယ်။
ပျက်ဆီးသွားလား ရတယ် အစကနေပြန်ကြိုးစားကြမယ်ဆိုတဲ့သူတွေ နေထိုင်တဲ့နိုင်ငံ
(စကားမစပ်) အခက်အခဲတစ်ခုခုကြုံရရင် -
-ကုလား နေဖင်ပေး
-တရုတ်ရွှေရင်အေး
-ဗမာ ဗေဒင်မေးဆိုတဲ့ စကားရပ်လေးကြားဖူးကြရဲ့လား
စီးပွားရေးကိုအဓိကဆိုလိုတာကုလားလူမျိုးက အခက်အခဲဖြစ်လာရင် နေကိုကျောခိုင်း ဖင်ပေး အံတုပြီး
အလုပ်ကြိုးစားတယ်၊ တရုတ်က စီးပွားရေးအကျပ်အတည်းကြုံရင်တောင် ရွှေရင်အေးဆိုင်ဖွင့်ပြီးရောင်းစားဖို့ကျန်တဲ့အထိ ငွေတွေစုဆောင်းထားတတ်ပြီး၊ ဗမာလူမျိုးကြ ဗေဒင်မေး ယတြာချေပြီးကံကို ကိုးကွယ်ကြတယ်၊ ဆုတောင်းတော့ သပြေခက်နဲ့ လိုချင်တော့ စိန်ဘယက် အာ့လိုအဓိပ္ပာယ်မျိုးပါ။
ပြန်ဆက်ရမယ်ဆိုရင် ဂျပန်လူမျိုးက သူတို့ရိုးရာဓား
ကင်တားနားလိုမျိုး တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေအောင်
အမြဲသွေးနေကြသလို သွေးလေထက်လေဆိုတဲ့လူမျိုး။
သူတို့ရဲ့ မဆုတ်မနစ်ကြိုးစားကြတဲ့ ဂမ်ဘာ့တဲစိတ်ဓာတ်တွေရှိကြတဲ့လူမျိူး။
အဲ့ ဂမ်ဘာ့တဲ စိတ်ဓာတ်အကြောင်းကို ကျွန်တော်အကြိုက်ဆုံး စာရေးဆရာတစ်ဦးဖြစ်တဲ့ အမျိုးသားစာပေဆုရှင် ဆရာကြီး တင်ညွှန့်ရေးသားထားတဲ့ ဂျပန်စိတ်ဓာတ် ဂန်ဘာ့တဲ(သို့)ဂမ်ဘာ့တဲ မှာ အကျယ်တဝင့်
စာဖတ်သူ၊စာချစ်သူ မိတ်ဆွေအပေါင်း ဖတ်ရှုနိုင်ပါတယ်
ကျွန်တော်ကတော့ မဆုတ်မနစ် ဂမ်ဘာ့တဲ စိတ်ဓာတ်လို ဖြစ်အောင်ကြိုးစားနေဆဲပါ။
မိတ်ဆွေတို့ရော မဆုတ်မနစ်ကြိုးစား အားထုတ်သူတွေလား၊ လက်လျော့အရှုံးပေးတတ်တဲ့သူတွေလား...
Keep Reading