Author's Profile Photo

Yam

6/08/2025

" Youth & Perfection "

1 min read
Life Style
Education
" Youth & Perfection "'s photo


လူငယ်တွေတော်တော်များများမှ ကြုံနေရတဲ့ပြဿနာတစ်ခုရှိတယ်ဗျာ။ ကျွန်တော်တို့က အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့အလုပ်လုပ်ဖို့အတွက်ကုန်ကြမ်းကိုအရင်စုတယ် planတွေချတယ်အဲ့အလုပ်နဲ့ပတ်သတ်ပြီးစဉ်းစားတယ်။ တွေးတောတယ်။ perfect ဖြစ်မှစကြတာမျိုးတွေ အားလုံးကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။

အဲ့လိုတွေလုပ်ရင်းလုပ်ရင်းနဲ့ပဲ ကျွန်တော်တို့တွေတကယ်လုပ်ရမဲ့အလုပ်တွေကမလုပ်ဖြစ်တာများတယ်။ အရာရာကို perfect ဖြစ်မှစတင်ချင်တယ်။ အလုပ်တစ်ခုမှာစာရေးပိုင်းဆိုလဲ experience ရှိမှ marketing နဲ့ပတ်သတ်တာတွေကလဲ ‌ကျွမ်းကျင်တဲ့ Skil ရှိမှ ဝန်ထမ်းတွေ management လုပ်တဲ့ကိစ္စကလဲအဆင်ပြေမှ products တွေကလဲ ဈေးအသက်သာဆုံးဖြစ်နေမှ customer တွေကိုလဲအကောင်းဆုံး promotion ပေးနိုင်မှ အဲ့တာတွေကိုတွေးရင်စဉ်းစားရင်းနဲ့ပဲ တကယ်လုပ်ရမဲ့အလုပ်ကိုမလုပ်ဖြစ်တော့ဘူးဗျာ။

လုပ်စရာရှိတာကိုအရင်ဆုံးကျွန်တော်တို့လုပ်လိုက်ပါ ရှိတာလေးနဲ့စလုပ်လိုက်ပါ။
ဥပမာ phone နဲ့ Example ပြမယ်။
ကျွန်တော်တို့ Redmi 2 ဆိုရင် အလယ်မှာ ကင်မရာ တစ်လုံးပဲပါတယ် ။
Redmi 3 ကျတော့ ဘေးဘက်လေးကို‌တခါပြန်ရောက်သွားတယ်။
Redmi 4 လက်ဗွေ စနစ်ပါလာတယ်။
အဲ့မှာ သူဝေဖန်ခံမှုတွေ ဟာ မင်းတို့ဖုန်းက ပူကျစ်နေတာပဲ မီးပူတောင်တိုက်လို့ရတယ် battery ကလဲမခံဘူး။ အိုခေ သူကဟုတ်ပြီ

အခုကျွန်တော်တို့ battery ခံမယ် နောက်ထပ် model မြင့်တဲ့ဖုန်းတွေ အပူခံတဲ့ဖုန်းတွေ ‌ဖုန်းကသေးလို့ပြောခဲ့တာကြောင့်အသင့်အတင့်ဖုန်းအမျိုးအစားတွေထုတ်လာတယ် ခု‌ထွက်နေတဲ့ Redmi 11,12,13,14..... စတာတွေကိုသူတဖြေးဖြေးထုတ်လာခဲ့တယ်။ ဖြေရှင်းရင်ကနေပဲ ကျွန်တော်တို့တဖြေးဖြေးတိုးတက်လာတာဗျာ ပြီးတော့ အရာရာကို Perfection ဖြစ်နေတဲ့ထိကိုမစောင့်ပါနဲ့။
ဥပမာ - ဝိတ်ချမယ် gym ဆော့မယ် အဲ့တာတွေအတွက် အားဖြည့်မဲ့အစားစားတွေစားမယ် ။ protein တွေသောက်မယ်။ အဲ့တာတွေဆိုရင်ဒီကောင် Gym မသွားပဲသောက်နေတာကြောင့် ဝ တုတ်ကြီးဖြစ်လာမယ်။ gym သွားမှာက ဆန္ဒတစ်ခုရည်ရွယ်ထားတာ အဲ့တာကို perfect ဖြစ်တဲ့ထိစောင့်ရင် ဝ တုတ်ကြီးဖြစ်သွားရော။

အဓိက perfect ဖြစ်နေမှမဟုတ်ပါ။
ဝိတ်ချတယ်ဆိုတာ gym သွားမှဆော့လို့ရတဲ့အရာမဟုတ်ပါ။
အိမ်မှာ workout လုပ်လို့ရတယ်။
ဒိုက်ထိုးလို့ရတယ်။ ဒါတွေလုပ်လို့ရတာပဲ အရာရာ Perfection ဖြစ်နေမှစတင်ရမယ် ဆိုတာမဟုတ်ပါဘူး။

ကျွန်တော်တို့တွေ အနေနဲ့ပိုပြီးအထူးဂရုစိုက်သင့်ပါတယ်။ လုံးဝလုပ်မယ်လို့ဆုံးဖြတ်ပြီး Timetable တွေဆွဲ လိုမဲ့ပစ္စည်းတွေဝယ်စု ပြီးရင် တကယ်မလုပ်ဖြစ်ကြတာများပါတယ်။ အဲ့တာတွေကလိုတာမှန်ပါတယ် ဒါပေမယ့်အဲ့တာတွေလုပ်ဖို့ပြင်ဆင်တာတွေနဲ့ပဲအချိန်ကုန်သွားပြီးတကယ်လုပ်လို့ရပြီဆိုမလုပ်နိုင်တော့ဘူး။ အလုပ်တစ်ခုကိုလုပ်တဲ့အချိန်မှာ 50% အထက် လုပ်ဖို့ ready ဖြစ်နေပြီဆို စတင်လိုက်ပါ။ 50%လောက်ထိမှ အဆင့်သင့်မဖြစ်သေးရင် ဒါစုသင့်ပါတယ် ။ အရာရာကို 100% ဖြစ်မှစတင်တာဆိုရင်တော့မဖြစ်သေးပါဘူး။ အဲ့တာတွေကိုပြင်ပါ။ အဲ့အကျင့်တွေကိုပြင်ပါ။

ခု ကျွန်တော် Sharing ပေးသွားတာကလဲ ကျွန်တော်နဲ့လဲ 75% ထိတူတယ် နောက်ပြီး Brother တစ်ယောက် vd တွေ့ရင် သတိရလို့ ကောက်ရေးလိုက်တာပဲဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အကယ်၍အဆင်ပြေရင် Feedback လေးတွေလဲထားခဲ့ပေးလို့ရပါတယ်ခင်ဗျာ့။✋

𝐘𝐚M - 6/8/2025

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုးရှောင်တာက ကြောက်ခြင်းမဟုတ်