မိုးနှောင်းအလင်္ကာ
လောကကြီးမှာ လူတိုင်းလည်း မကောင်းနိုင်သလို လူတိုင်းလည်း မဆိုးနိုင်ပါဘူး။လူကောင်းလုပ်ကတာ မလွယ်ပေမဲ့ လူဆိုးလုပ်ကတာတော့ သိပ်မခတ်လှပါဘူး။အဘွားက ပြောဘူးတယ် လူကောင်းတွေဆိုတာ အသက်မရှည်ကြဘူး ငါ့မြေးတဲ့။ အဲ့တာကြောင့် လူဆိုးသာလုပ်လို့ မှာခဲ့တယ်။
ဘယ်လိုလူဆိုး လုပ်ကမှာလည်း ဆိုတော့
(1)ခွဲခြားဆက်ဆံတတ်တဲ့လူဆိုးလုပ်ပါ။
ပထမဦးဆုံးလုပ်ကမှာက ခွဲခြားဆက်ဆံတတ်ပါစေ။ဘယ်လိုခွဲခြားဆက်ဆံရမလည်းဆိုရင် အကောင်းနဲ့အဆိုးကို ခွဲခြားဆက်ဆံရမယ်။အဆိုးကိုသိလေပိုကောင်းလေဘဲ။ဘာကြောင့်ကောင်းတာလည်းဆိုရင် အဆိုးကိုသိမှ အကောင်းတွေကိုလုပ်မှာမို့လို့၊အကောင်းရဲ့တန်ဖိုးကိုသိမှာမို့လို့ဘဲ။အဲ့ဒီတော့ အဆိုးနဲ့အကောင်းကို ခွဲခြားတတ်ကမယ်။ဆိုးမှန်းသိရင် အကောင်းကိုပြန်ပြင်လို့ရမယ်။
(2) အားမနာတတ်တဲ့လူဆိုးလုပ်ပါ။
အားနာနေရင် ခါးပါသွားပါလိမ့်မယ်။အားနာတတ်တဲ့စိတ်ကြောင့်မပေးချင်ဘဲ ပေးလိုက်ရတဲ့ ပစ္စည်းတွေဘယ်လောက်များနေပြီလည်း?။ဒါကြောင့်အားနာမနေပါနဲ့ ပြောပါ၊ပြောလွန်းလို့ လူဆိုးဖြစ်မယ်ဆိုရင်တောင် မကြိုက်တာကိုတော့မကြိုက်ဘူးဆိုတာပြောဖို့လိုပါတယ်။
(3)မှန်လိုရောင်ပြန်တတ်တဲ့လူဆိုးဖြစ်အောင်နေပါ။
အဓိကအားဖြင့်မေတ္တာရောင်ပြန်တာပါ။ပေးကမ်းလာတဲ့ ကောင်းသော လက်တစ်စုံရဲ့ ကျေးဇူးကိုသိတတ်သောအားဖြင့် ရောင်ပြန်ဟပ်တဲ့ လူဆိုးဖြစ်အောင်လုပ်ပါ။ကျေးဇူးတရားသိတဲ့သူ၊ ကျေးဇူးတရားကိုသိပြီးရင်လည်း ပြန်လည်ကျေးဇူးဆပ်ဖို့ မမေ့လျော့စေနဲ့လို့မှာခဲ့တဲ့သဘောပါ။
(4)လူတိုင်းမရနိုင်တဲ့ လူဆိုးလုပ်ပါ။
လူတိုင်းမရနိုင်တဲ့ လူဆိုး ဆိုတာ ယုံကြည်မှုကိုလွယ်လွယ်မပေးတတ်ဖို့ ပြောတာပါ။ယုံကြည်မှုဆိုတဲ့ အရာက နှစ်ရှည်လများတည်ဆောက်ကတဲ့ အရာဖြစ်တာမို့ တွေ့ကရာလူကို ရက်ပိုင်းလောက်နဲ့ ပုံအပ်ပြီးမယုံကြည်ဖို့ လူတိုင်းက ယုံကြည်မှုနဲ့ ထိုက်တန်ရဲ့လားဆိုတာကို စဥ်းစားတတ်တဲ့ လူဆိုးတစ်ယောက်လုပ်ပါ။
(5)စကားမပြောတတ်တဲ့ လူဆိုးလုပ်ပါ။
စကားမပြောတတ်တဲ့လူဆိုး ဆိုတာ စကားမပြောခိုင်းတာမဟုတ်ပါဘူး။ ပြသနာတွေရဲ့ အစက ပါးစပ်က စတယ်။အဲ့ဒီပါးစပ်က နေ ထွက်တဲ့ စကားလုံးတိုင်းဟာ ပြသနာကို သယ်လာနိုင်သလို ဖြေရှင်းနိုင်တာလည်းရှိတယ်။အဲ့တာကြောင့် ပြောလိုက်တဲ့ စကားလုံး တွေက ပြသနာမသယ်လာဖို့လိုတယ်။ ပိုပြောတာထက် လိုအပ်သလောက်ပြောတတ်ဖို့လိုတယ်။ဒါကြောင့် ပြသနာစကားမပြောတတ်တဲ့ လူဆိုးလုပ်ပါ။
(6)ကရွတ်ခွေနဲ့ကင်းခြေများကိုသိမြင်တတ်တဲ့ လူဆိုးဖြစ်အောင်နေပါ။
လူဆိုးလုပ်ဖို့ဆိုရင်လည်း ကရွတ်ခွေနဲ့ကင်းခြေများ ကိုသိဖို့လိုပါသေးတယ်။ကရွတ်ခွေနဲ့ ကင်းခြေများ ဆိုတာဘာလည်း?။ကရွတ်ခွေဆိုတာ ပုဆိုးစုတ်ကို အပိုင်းပုံစံ ခွေပြီးသောက်ရေအိုးအောက်မှာ ရေအိုးဖင် မနာအောင် ခံထားတဲ့ ပစ္စည်းပါ။အဲ့ဒီ ကရွတ်ခွေ ပေါ်မှာ လမ်းလျှောက်နေတဲ့ ကင်းခြေများ ဟာ အစအဆုံး ဆိုတာမရှိဘဲ တ၀ဲလည်လည် ဖြစ်နေတဲ့ အခြေအနေကို သိမြင်တတ်တဲ့ လူဆိုးလုပ်ဖို့ပြောတာပါ။ပိုရှင်းအောင်ပြောရရင် သံသယာ ဟာ တ၀ဲလည်လည်နဲ့ ပြုလုပ်လိုက်တဲ့ ကံဟာ ပြုလုပ်သူဆီဘဲ ပြန်လာတတ်တယ်ဆိုတာကိုသိမြင် တတ်တဲ့ လူဆိုးဖြစ်အောင်နေပါလို့ပြောတာပါ။
ဒီ(6)ချက်လုံးကို နားလည်ပြီး လုပ်နိုင်သူတွေကတော့ သေချာနေပါပီ။အဓိကနဲ့ သာမညကို ခွဲခြားတတ်တဲ့လူဆိုး၊ရဲရင့်စွာပြောဆိုတတ်တဲ့ လူဆိုး၊သိတတ်လိမ္မာတဲ့လူဆိုး၊စဥ်းစားတတ်တဲ့လူဆိုး၊အကျိုးရှိတဲ့စကားကိုပြောတတ်တဲ့လူဆိုး၊ဘာဘဲလုပ်လုပ် ဖြစ်လာမဲ့အကျိုးဆက်ကို တွေးတောသိမြင်တတ်တဲ့ လူဆိုးတစ်ဦးဖြစ်လာပါလိမ့်မယ်။
# မိုးနှောင်းအလင်္ကာ
Keep Reading