Author's Profile Photo

မောရိသျှ

1/04/2025

စာစောင်လေးဆယ့်သုံး - ချမ်းသာခြင်းအစစ်

3 mins read
Life Style
Personal Development
Motivation
စာစောင်လေးဆယ့်သုံး - ချမ်းသာခြင်းအစစ်
's photo

တပဓမ္မကို လိုက်စားနေတယ်လို့ ဆိုတိုင်း တိုးတက်ကြီးပွားရေးနဲ့ ချမ်းသာကြွယ်ဝရေးကို မလုပ်တော့ဘဲ တောထဲမှာ ဖြစ်သလို သွားနေနေမယ်လို့ တစ်ဖက်ပိတ်အမြင်နဲ့ ထင်ချင်တိုင်း ထင်လို့တော့ မရဘူးဗျ။ တပဓမ္မဆိုတာက အမှန်တော့ ရောင့်ရဲတင်းတိမ်မှုအစစ်နဲ့ အခြေအနေအလိုက် အလျဉ်းသင့် နေထိုင်တတ်မှုကို သွန်သင်တဲ့ အတွေး အခေါ်တွေ ဖြစ်တာကြောင့်၊ လူတွေအတွက် လက်တွေ့အသုံးကျသလို ဘဝအတွက် မဖြစ်မနေ လိုအပ်တဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့လည်း အထူးပတ်သက်ပါတယ်။

လွယ်လွယ်ပြောရရင် တပဓမ္မ အတွေးအခေါ်တွေကို အခြေခံပြီး ချမ်းသာကြွယ်ဝအောင် လုပ်လို့ရပါတယ်ဗျ။
ပိုက်ဆံရှာတာနဲ့ ပတ်သက်ပြီး ဧပ္ပိတေတုစ် ပြောခဲ့ဖူးတာလေး ရှိတယ်။ 

“ရိုးသားမှု ရိုးဖြောင့်မှု ယုံကြည်ရမှုနဲ့ ဂုဏ်သိက္ခာတွေကို ထိပါးခြင်း မရှိစေဘဲ ပိုက်ဆံရှာပါ၊ အဲဒီလိုပဲ ကိုယ့်ရှာဖွေမှုက ကိုယ့်ရပ်တည်မှုအပေါ် ထိခိုက်လာတာမျိုး လုံးဝ မဖြစ်ပါစေနဲ့။”

တပဓမ္မအတွေးအခေါ်တွေက ထုံးစံအတိုင်း အင်မတန် နက်နဲပါတယ်။ အဲဒီလိုပဲ အင်မတန် သိမ်မွေ့ပါတယ်။ လူမှန်ရင် အတ္တစွဲတွေကြီးပါပဲ၊ အတ္တစွဲမှန်ရင် လောဘကိုယ်စီ ရှိကို ရှိမှာပါ။ ဒါကြောင့် ကိုယ့်ဘဝ တိုးတက်ရာတိုး တက်ကြောင်း ချမ်းသာကြွယ်ဝမှုတွေကို ဖွေရှာတာက တပဓမ္မရှုထောင့်အရ အပြစ်မဖြစ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှု ရှာဖွေပုံနဲ့ ရပ်တည်ပုံတွေက တပဓမ္မက သွန်သင်ထားတဲ့ အဆုံးအမတွေကို ဆန့်ကျင်နေမယ်ဆိုရင်တော့ အဲဒီနည်းလမ်းတွေနဲ့ စီးပွားမရှာ လုပ်ငန်းမလုပ်တာဘဲ ကောင်းပါတယ်။

လောဘဇောတက်ပြီး အငမ်းမရ ငွေနောက်လိုက်တဲ့ ဘဝမျိုးနဲ့လည်း မရှင်သန်ချင်ပါနဲ့။ စိတ်မော ရင်မော လူမောပါတယ်။ ပိုင်ဆိုင်မှုမှန်သမျှ သေတဲ့အခါ ကိုယ့်နောက်ပါသွားမှာ မဟုတ်ပါဘူး။ ရလေလိုလေ အိုတစ္ဆေဘဝနဲ့ ချမ်းသာကြွယ်ဝအောင် အတင်းကြိုးစားတာမျိုးကိုတော့ တပဓမ္မက အကြံမပေးပါဘူး။ ရောင့်ရဲတင်းတိမ်ပြီး စားဝတ်နေရေး ပြီးပြည့်စုံ လုံလောက်တဲ့ဘဝမျိုး၊ အနည်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် နေလို့ရတဲ့ ဘဝမျိုးကိုပဲ တပဓမ္မက ထောက်ခံပါတယ်။ 

တပဓမ္မနည်းလမ်းတကျ ချမ်းသာကြွယ်ဝမှုကို ဖွေရှာတဲ့နေရာမှာ အရေးကြီးဆုံးက လွတ်လပ်စွာ ရပ်တည်နိုင်တဲ့ဘဝမျိုးနဲ့ အနှောင်အဖွဲ့မရှိ အစွဲအလမ်းကင်းတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ရုန်းကန်ရှင်သန်နေတဲ့ဘဝမျိုးပါ။ ပြောရရင် ဆေဏိကဆို ရောမမြို့ကြီးရဲ့ အချမ်းသာဆုံးသော မိသားစုတွေထဲက ဦးပိုင်ခေါင်းကိုင်တစ်ယောက်ပါ၊ နိုင်ငံရေးလောကမှာလည်း ဩဇာရှိသလို၊ ကျေးကျွန်များစွာပိုင်ဆိုင်ထားသူပါ။

ဒါပေမဲ့ အဲဒီ ပိုင်ဆိုင်မှုတွေကို သူ့ရဲ့ ချမ်းသာကြွယ်ဝမှုအဖြစ် မခံယူထားတဲ့အတွက်၊ ရပ်ဆွေရပ်မျိုး သားသမီးတွေအားလုံးကို ခွဲတမ်းချ မျှဝေပြီးတဲ့နောက် ရောမမြို့ကြီးထဲကနေ နယ်ရပ်ကျေးရွာတွေဘက် ထွက်ခဲ့တာကိုပဲ ပြန်ထောက်ကြည့်လိုက်ရင်၊ သူ့အတွက် ချမ်းသာမှုက အပူအပင်ကင်းကင်း ရှင်သန်ခွင့်နဲ့ စားဝတ်နေရေးအတွက် ကြောင့်ကြမဲ့ဘဝမျိုးကို ပြောတာပါ။ ချမ်းသာကြွယ်ဝမှုကို “ငွေကြေး” ပြည့်စုံမှုနဲ့ပဲ တိုင်းတာတာမျိုး မလုပ်ပါနဲ့။ ငွေကြေးပိုင်ဆိုင်မှုဆိုတာက ချမ်းသာကြွယ်ဝမှုအစစ်တွေကို ရဖို့အတွက် ပေါင်းကူးတခုမျှသာ အသုံးကျပါတယ်။ 

တကယ်တမ်း လူမှုလောကကြီးရဲ့ လည်ပတ်ပုံကို စေ့စေ့စပ်စပ်သုံးသပ်ကြည့်လိုက်ရင် “ငွေ” က အသုံးဝင်သလောက် နေရာတိုင်းမှာ အသုံးမကျပါဘူး။ “ငွေ” ဆိုတာက ပေါင်းကူးတခုသာသာပါ။ တန်

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ့်သုံး - ချမ်းသာခြင်းအစစ် စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ခြောက်-မရှိခြင်းရဲ့တန်ဖိုးမေတ္တာပေးခြင်းဆ်ိုသည်မှာ...

Unlock to read this premium article with 100 points.