စောမြတ်နွယ်
ဒီနေ့ပြောပြမှာက
It’s on the tip of my tongue.
ဒါဟာ ငါ့လျှာရဲ့ ထိပ်ဖျားမှာဆိုတဲ့ အဓိပ္ပာယ်ပါ
ဒါကို ငါသိတယ်၊ ပြောဖို့ ထွက်မလာဘူး၊ ပါးစပ်ဖျားလေးမှာ၊ ရုတ်တရက် မမှတ်မိ၊ သတိမရ စသည်ဖြင့် ပြောချင်ရင် အခုပုံစံကိုသုံးလို့ရပါတယ်။
?????
ဥပမာ
It’s on the tip of my tongue, let me think.
ငါ့ ပါးစပ်ဖျားလေးတင်ပါ ငါစဥ်း
စားပါရစေဦး။
His address is on the tip of my tongue, wait a minute.
သူ့လိပ်စာက ငါ့ပါးစပ်ဖျားလေးတင်ပါ ငါသိတယ်။ ခဏလေးစောင့်ပါဦး။
Her name is on the tip of my tongue.
သူမနာမည်ကို ငါသိတယ်။ ငါ့ပါးစပ်ဖျားလေးတင်ပါ။
What was that movie called?It's on the tip of my tongue.
အဲ့ဒီရုပ်ရှင်နာမည် ဘာပါလိမ့်။ငါ့ပါးစပ်ဖျားလေးတင် မေ့နေတယ်။
I cann't exactly remember the title of the book, but it is on the tip of my tongue.
ဒီစာအုပ်ရဲ့ခေါင်းစဥ်ကို ငါသေသေချာချာ မမှတ်မိဘူး ။ဒါပေမယ့် ငါသိတယ် ပါးစပ်ဖျားလေးတင်။
Just give me a minute -his birth date is on the tip of my tongue.
ငါ့ကို အချိန်ခဏပေးပါဦး။ သူ့မွေးနေ့က ငါ့ပါးစပ်ဖျားလေးတင် မေ့နေတယ်။
?????
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။
English စာဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
28.7.2024
Keep Reading