စောမြတ်နွယ်
ဒီနေ့ ပြောပြမှာက
Don't ever.....ရဲ့ အသုံးကိုပြောပြမှာဖြစ်ပါတယ်။
Don't ever......
လုံးဝမဖြစ်စေနဲ့နော်
?????
ဥပမာ
Don't ever miss a good opportunity.
အခွင့်အရေးကောင်းကို လုံးဝလက်မလွတ်စေနဲ့။
Don't ever go there anymore.
အဲ့ဒီနေရာကို နောက်ထပ်လုံးဝမသွားနဲ့နော်။
Don't ever talk to me like that.
ငါ့ကို အဲ့ဒီလိုမျိုး လုံးဝမပြောနဲ့။
Don't ever arrive late for an interview.
အင်တာဗျူးဖြေဖို့ကို လုံးဝ နောက်ကျပြီးမှ မရောက်စေနဲ့။
Don't ever lose these keys. They are very important to me.
ဒီသော့တွေကို လုံးဝမပျောက်စေနဲ့နော်။အဲ့ဒါတွေက ငါ့အတွက် အလွန်အရေးကြီးတယ်။
ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာကို ပိုမိုလေးနက်စေလိုတဲ့အခါ ဝါကျထဲမှာ ever ကိုထည့်သုံးပါတယ်။
Don't lose it.
အဲ့ဒါကို မပျောက်စေနဲ့ ။
Don't ever lose it.
အဲ့ဒါကို လုံးဝမပျောက်စေနဲ့။
ဒီလောက်ဆိုရင် Don't ever အသုံးကို နားလည်သွားပြီ ထင်ပါတယ်။
?????
ဒီနေ့တော့ ဒီလောက်ပါပဲရှင်။
English စာဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
23.7.2024
Keep Reading