Author's Profile Photo

SarPhat Author

16/11/2023

ကိုယ်သင်းရနံ့လေးသင်းပျံ့နေပြီး တစ်ကိုယ်ရည်သပ်ရပ်သန့်ရှင်းသူတစ်ဦးဖြစ်စေဖို့ ဘာတွေလိုအပ်မလဲ။

1 min read
Life Style
Personal Development
General Knowledge
ကိုယ်သင်းရနံ့လေးသင်းပျံ့နေပြီး တစ်ကိုယ်ရည်သပ်ရပ်သန့်ရှင်းသူတစ်ဦးဖြစ်စေဖို့ ဘာတွေလိုအပ်မလဲ။'s photo

ကျွန်မတို့ နေ့စဥ်ဘဝမှာ ကိုယ့်အနားက ရနံ့ကောင်းပြီး သပ်ရပ်နေတဲ့အခါ ပိုပြီး ယုံကြည်မှုအပြည့်ရှိစေပါတယ်။
အရင်က ကျွန်မဘဝနေနည်းတွေ၊ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းနည်းတွေကို မျှဝေခဲ့ပြီးတဲ့အလျောက် ဒီနေ့မှာတော့ ကျွန်မတို့ ဘဝမှာယုံကြည်မှုတိုးပြီး အဆင်ပြေချောမွေ့စေဖို့ အရေးပါတဲ့ ကိုယ်သင်းရနံ့အကြောင်းဆက်လက်ဆွေးနွေးသွားချင်ပါတယ်ရှင်။

ကျွန်မက အလှအပနဲ့ နေ့စဥ်လူနေမှုတွေစိတ်ဝင်စားတဲ့အလျောက် ဆိုရှယ်မီဒီယာပေါ်က အလှအပ Group တွေဝင်ရောက်လေ့လာလေ့ရှိပါတယ်။
အဲ့ဒီမှာ မေးလေ့ရှိတာက အနားကပ်လိုက်ရင် မွှေးနေချင်တယ်။ ဘာလုပ်ရမလဲ။ ? သို့မဟုတ် ချွေးနံ့ပြင်းနေလို့ အနံ့မထွက်အောင် ဘယ်လိုလုပ်ရမလဲ။ ဆိုတဲ့ မေးခွန်းလေးတွေပေါ့။

ဒီမေးခွန်းလေးတွေနဲ့ဆက်စပ်ပြီး စဥ်းစားမိရင်း ခန္ဓာကိုယ်က ရနံ့သင်းပျံ့ပြီး တစ်ကိုယ်ရည်သပ်ရပ်ကာ ယုံကြည်မှုအပြည့်ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်လေးတွေမျှဝေပေးချင်ပါတယ်။

၁။ ရေမှန်မှန်ချိုးပါ။

ဒီအချက်ကတော့ အားလုံးသိတဲ့အတိုင်း မဖြစ်မနေလုပ်ရမယ့်အချက်ပါပဲ။ ရေချိုးတဲ့အခါ သေချာ ဆပ်ပြာတိုက်ပြီး ရေဝအောင်ချိုးပေးဖို့တော့ လိုအပ်ပါတယ်။

၂။ Lotion သေချာလိမ်းဖို့ လိုပါတယ်။

လိုရှင်းတွေက အချိန်ကြာတဲ့အထိ ရနံ့မထိန်းနိုင်ဘူးဆိုပေမယ့် နောက်ထပ်လာမယ့် Body Spray တွေ၊ ရေမွှေးတွေ ကြာကြာစွဲစေဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။

၃။ ရေမွှေးကို ဘယ်လိုနေရာတွေမှာ ဆွတ်မလဲစဥ်းစားထားပါ။

ကျွန်မတို့ ခန္ဓာကိုယ်အပူချိန်နဲ့နေရာအလိုက်ရနံ့စွဲပုံတွေကွာလို့ အချိန်ကြာကြာ ရေမွှေးနံ့ရနေချင်ရင် နေရာသေချာရွေးဖို့လိုပါတယ်။

၄။ ဆံပင်ကိုလည်း သန့်ရှင်းနေပါစေ။

ကျွန်မတို့ ခန္ဓာကိုယ်က ဘယ်လောက်ပဲသန့်ရှင်းနေပါစေ။ ဆံသားနဲ့ ဦးရေပြားက အနံ့ဆိုးရနေရင် သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ ဒီတော့ ဆံသားနဲ့ ဦးရေပြားကို ပုံမှန်သန့်ရှင်းပါ။

၅။ အနံ့ပျောက်ဆေးကို မကျော်လိုက်ပါနဲ့။

ကိုယ်က ရေမွှေးသုံးထားလို့၊ Lotion လိမ်းထားလို့ ဆိုပြီး ချိုင်းချွေးနံ့ပျောက်ဆေးကို မကျော်လိုက်ပါနဲ့နော်။ ချိုင်းချွေးနံ့သက်သာခြင်းက ကိုယ်သင်းရနံ့ကောင်းစေဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။

၆။ အဝတ်အစားတွေလည်း သန့်ရှင်းနေပါစေ။

ဝတ်ပြီးသားအဝတ်ဟောင်းတွေပြန်ဝတ်တာက ကိုယ်သင်းရနံ့ကောင်းစေဖို့ အဟန့်အတားပါပဲ။ ဒီတော့ သန့်နေတဲ့ ခန္ဓာကိုယ်ပေါ်မှာ သန့်နေတဲ့ အဝတ်အစားပေါင်းစပ်မှုက ရနံ့လည်းကောင်းပြီး သပ်ရပ်တဲ့ အသွင်ဖြစ်ပေါ်စေပါတယ်။

ကဲ ဒါဆိုရင်တော့ နေ့စဥ်ဘဝမှာ သန့်ရှင်းသပ်ရပ်ပြီး ရနံ့ဆိုးကင်းအောင် လုပ်ဆောင်ရမယ့် အခြေခံအချက်လေးတွေကို သိရှိသွားကြပြီလို့ မျှော်လင့်ပါတယ်။

နောက်ထပ်လည်း စာဖတ်သူများ စိတ်ရောကိုယ်ပါ ကျန်းမာလှပမယ့် နည်းလမ်းများကို ဆက်လက်မျှဝေသွားပါမယ်ရှင်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမရိုးတရိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ရပ်တန့်ရမယ့်အချိန်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း