Author's Profile Photo

စောမြတ်နွယ်

22/07/2024

နေ့စဉ်လေ့လာ Englishစာ( 22)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ Englishစာ( 22)'s photo

ဒီနေ့ပြောပြမှာက Compared to ရဲ့ အသုံးကို ပြောပြမှာဖြစ်ပါတယ်။

Compared to.....ရဲ့ အဓိပ္ပာယ် က
.......နဲ့ နှိုင်းယှဥ်ကြည့်ရင်တော့..... ဖြစ်ပါတယ်။


?????
ဥပမာ

Compared to other students, she is quite hard working.
တခြားကျောင်းသားတွေနဲ့ နှိုင်းယှဥ်ရင်တော့ သူမက စာတော်တော်လေး ကြိုးစားတယ်။

Compared to basketball, football is more enjoyable.
ဘတ်စ်ကတ်ဘောနဲ့ နှိုင်းယှဥ်ရင်တော့ ဘောလုံးက ပိုပျော်စရာ ကောင်းတယ်။

Compared to city life, country life is quiet and peaceful.
မြို့ပြလူနေမှုဘဝနဲ့ နှိုင်းယှဥ်ရင်တော့ ကျေးလက်လူနေမှုဘဝက တိတ်ဆိတ်ပြီး အေးချမ်းတယ်။

Compared to the performance last year, this year's team has made remarkable progress.
ပြီးခဲ့တဲ့ နှစ်က စွမ်းဆောင်ရည်နဲ့ နှိုင်းယှဥ်ရင် ဒီနှစ်အသင်းက ထူးခြားတဲ့ တိုးတက်မှုရအောင် လုပ်နိုင်လိုက်တယ်။

Compared to other books, this book is more interesting.
တခြားစာအုပ်တွေနဲ့ နှိုင်းယှဥ်ရင်တော့ ဒီစာအုပ်က ပိုစိတ်ဝင်စားစရာကောင်းတယ်။

?????

English စာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
22.7.2024

Keep Reading

Cambridge English Exam"စကားချိုသာလျှင် လိုရာကိုရသည်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship