Author's Profile Photo

စောမြတ်နွယ်

17/07/2024

နေ့စဉ်လေ့လာ English စာ(17)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ English စာ(17)'s photo


ဒီနေ့ ပြောပြချင်တာက
How long have you been.....?
ရဲ့အသုံးကို ပြောပြမှာ ဖြစ်ပါတယ်။

အချိန်ဘယ်လောက်ကြာပြီလဲလို့ မေးချင်ရင် ဒီပုံစံနဲ့ မေးလို့ရပါတယ်။

How long have you been... ?
ဘယ်လောက်ကြာပြီလဲ

?????
ဥပမာ
How long have you been waiting?
မင်းစောင့်နေတာ ဘယ်လောက်ကြာပြီလဲ။

How long have they been married?
သူတို့လက်ထပ်ထားတာ ဘယ်လောက်ကြာပြီလဲ။

How long have you been studying English?
မင်း အဂ်လိပ်စာ လေ့လာနေတာ ဘယ်လောက်ကြာပြီလဲ။

How long have you known her?
မင်းသူမကို သိတာ ဘယ်လောက်ကြာပြီလဲ။

နောက်တစ်လုံးက
not forgetting= including, and also,as well as
အဓိပ္ပာယ် က ဒါ့အပြင်၊နောက်ပြီးတော့၊ ဒါလည်း ပါသေးတယ်လို့ ဘာသာပြန်ရမှာပါ။

?????
ဥပမာ

I have bought some meat,apples, milk,sugar,not forgetting coffee.
ကျွန်တော် အသားအချို့၊ ပန်းသီး၊ နွားနို့နဲ့ သကြားဝယ်ခဲ့တယ်၊ နောက်ပြီးတော့ ကော်ဖီမှုန့်လည်း ပါသေးတယ်။

I share the house with Jim,Ian and Sam,not forgetting Spike, the dog.
ဒီအိမ်မှာ ကျွန်တော်က Jim, Ianနဲ့ Samတို့နဲ့ အတူနေပါတယ်၊နောက်ပြီး ခွေးလေး Spike ရောပေါ့။

ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။
English စာဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
17.7.2024





Keep Reading

"စကားချိုသာလျှင် လိုရာကိုရသည်"Cambridge English Examတက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship