Author's Profile Photo

စောမြတ်နွယ်

15/07/2024

နေ့စဉ်လေ့လာ Englishစာ (15)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ Englishစာ (15)'s photo


ဒီနေ့မှာတော့ Idiom စကားလုံးတစ်လုံးကို ပြောပြချင်ပါတယ်။

It's raining cats and dogs =It's raining very heavily
(မိုးသည်းထန်စွာရွာ)

ဒီစကားလုံးကို တိုက်ရိုက်ဘာသာပြန်လိုက်ရင်တော့ ဆိုလိုတဲ့ အဓိပ္ပါယ် နဲ့ တက်တက်စင် လွဲသွားပါလိမ့်မယ်။
သူ့ရဲ့ အဓိပ္ပာယ်က မိုးတအားရွာတာ မိုးသည်းကြီးမည်းကြီးရွာတာကို ဆိုလိုတာဖြစ်ပါတယ်။
နမူနာ ဝါကျတွေကို ကြည့်ကြရအောင်။

?????
ဥပမာ
You'd better take an umbrella. It's raining cats and dogs out there.
မင်းထီးယူသွားတာ ပိုကောင်းလိမ့်မယ်။
အပြင်မှာ မိုးတွေတအားရွာနေတယ်။

The weather was horrible on Saturday. It was raining cats and
dogs all day.
စနေနေ့တုန်းက ရာသီဥတုက တော်တော်ဆိုးရွားတယ်။ တစ်နေ့လုံး မိုးတွေ တအားရွာတာပဲ။

We had to cancel our picnic because it was raining cats and dogs.
မိုးတွေ သည်းသည်းမည်းမည်းရွာနေလို့ ကျွန်တော်တို့ ပျော်ပွဲစားကို ပယ်ဖျက်လိုက်ရတယ်။

Sorry. I'm late for work,it's raining cats and dogs and the streets are flooded.
တောင်းပန်ပါတယ်ဗျာ။ကျွန်တော် အလုပ်နောက်ကျမယ်။မိုးတွေ တအားရွာနေတယ်။
လမ်းတွေမှာလည်း ရေတွေ ပြည့်လျှံနေတာပဲ။

I'll go outside later. It's raining cats and dogs now and I don't want to get soaking wet.
ငါ နောက်မှ အပြင်သွားတော့မယ်။မိုးတွေကလည်း တအားရွာနေတယ်။နောက်ပြီး ငါရေမစိုချင်ဘူး။

?????

ကဲ ဒီလောက်ဆိုရင်တော့ ဒီ Idiom လေးကို သိသွားပြီထင်ပါတယ်။ ခွေးမိုးကြောင်မိုးရွာတာ မဟုတ်ဘူးနော်။

English စာဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
15.7.2024

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?