မြသွန်း(တောင်ဒဂုံ)
? ဟုတ်ပါတယ်..သွေးစုပ်ဖုတ်ကောင်တွေက ဒဏ္ဍာန်ရီလာသတ္တဝါမဟုတ်ဘဲနဲ့ ဒီကမ္ဘာမြေကြီးပေါ်မှာ အမှန်တကယ်တည်ရှိခဲ့ဖူးတဲ့ သတ္တဝါတွေပဲဖြစ်ပါတယ်။
?ဒါကြောင့်ဒီနေ့မှာတော့ သွေးစုပ်ဖုတ်ကောင်တွေက ဘယ်အချိန်ကတည်းက တည်ရှိခဲ့တာလဲ? ဘယ်လိုပုံစံမျိုးလဲ? အခုချိန်ထိရော ရှိနေသေးလား? စတဲ့စိတ်ဝင်စားစရာအကြောင်းရာတွေကို ဆွေးနွေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
?ကမ္ဘာပေါ်မှာ first vampire လို့ တရားဝင်အသိမှတ်ပြုခံခဲ့ရတဲ့သူကတော့ Giure Grandလို့အမည်ရတဲ့ ဒီအမျိုးသားပဲဖြစ်ပါတယ်။ သူက ၁၅၇၈ခုနှစ်တုန်းက အခု ခရိုအေးရှားနိုင်ငံအဖြစ်တည်ရှိနေတဲ့နေရာမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီး ၁၆၅၆ခုနှစ်မှာ သေဆုံးသွားခဲ့တယ်လို့ မှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။
?အဲ့ဒီအချိန်နောက်ပိုင်းမှာ ဒီသွေးစုပ်ဖုတ်ကောင်တွေကလည်း အတော်လေးများပြားလာခဲ့ပါတယ်။ အခုလို vampire တွေ တစ်စတစ်စတိုးပွားလာခဲ့တာနဲ့အမျှ သူတို့ရဲ့သားကောင်အဖြစ် ပစ်မှတ်ထားခံရတဲ့ လူဦးရေကလည်း များလာပါတော့တယ်။
?ဒီလိုမျိုး လူအသေအပျောက်များတာတွေ၊ ညဘက်ရောက်တိုင်း အကြောက်တရားနဲ့အမြဲရင်ဆိုင်ခဲ့ရတဲ့ကာလကတော့ (၁၈)ရာစုလောက်ကပဲဖြစ်ပါတယ်။ ကြာလာတော့ လူတွေလည်း ဒဏ်မခံနိုင်တော့တာကြောင့် လျှို့ဝှက်အဖွဲ့တွေဖွဲ့စည်းပြီးတော့ စစ်ဆင်ရေးတစ်ခုဆင်ပါတော့တယ်။
? အဲ့ဒီစစ်ဆင်ရေးအရ လူသားတွေကဦးဆောင်ပြီး သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံဖမ်းဆီးပြီးတော့ မီးရှို့သတ်ပစ်ကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် စုန်း၊ကဝေ စတဲ့ အောက်လမ်းပညာသည်တွေကိုပါ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတာပါ။
?ဒါတင်မဟုတ်သေးပါဘူး..."ကျူပင်ခုတ် ကျူမြစ်မကျန်ရ"ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း နောက်ကြောင်းရှင်းအောင်လို့ဆိုပြီး သူတို့ရဲ့မိသားစုဝင်အားလုံးကိုပါ အပြတ်ရှင်းခဲ့ကြပါသေးတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေတောင် ရှိပါတယ်။ မိတ်ဆွေတို့စိတ်ဝင်စားရင် သွားရောက်ရှာဖွေပြီး ကြည့်ရှုကြဖို့လည်း တိုက်တွန်းချင်ပါတယ်။
?အဲ့ဒီခေတ်အချိန်တုန်းက အရှေ့မှာပြောခဲ့သလိုပဲ လူသားတွေက သွေးစုပ်ဖုတ်ကောင်၊ စုန်းကဝေ စတဲ့အောက်လမ်းပညာသည်တွေကို မြေလှန်ရှာပြီး ရက်ရက်စက်စက်သတ်ပစ်ဖို့အတွက် သွေးဆူပွက်နေခဲ့ကြပါတယ်။
? ဒါကိုအခွင့်ကောင်းယူပြီး တစ်ချို့မနာလိုသူတွေရဲ့ချောက်တွန်းမှုကြောင့် vampire လည်းမဟုတ်၊ စုန်းလည်းမဟုတ်တဲ့ အပြစ်ကင်းသူတစ်ချို့ပါ သေသွားခဲ့ကြရပါတယ်။ အခုလိုနဲ့ (၁၈)ရာစုနောက်ပိုင်းကစပြီး သွေးစုပ်ဖုတ်ကောင်တွေပျောက်ကွယ်သွားခဲ့တာ ယနေ့ထိတိုင်အောင်ပါပဲ။
?သမိုင်းမှတ်တမ်းတွေမှာဖော်ပြချက်အရ သွေးစုပ်ဖုတ်ကောင်တွေဟာ လျင်မြန်ကြတယ်၊ ခွန်အားကြီးကြတယ်၊ ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်ကြတယ်၊ လူတွေရဲ့စိတ်ကိုလည်းဖတ်နိုင်တယ်၊ နောက်ပြီး သူတို့ရဲ့မျက်နှာနဲ့ မျက်လုံးတွေက နီရဲနေတတ်တယ်လို့ တွေ့ရှိရပါတယ်။
?ဒါဆိုရင် သွေးစုပ်ဖုတ်ကောင်တွေက အခုချိန်အထိ ကမ္ဘာပေါ်မှာရှိနေတုန်းပဲလား? အခုလတ်တလောမှာတော့ "I am san the vampire"ဆိုတဲ့ ဒီအကောင့်ပိုင်ရှင်အမျိုးသမီးက သူ့ကိုယ်သူ vampire တစ်ကောင်ဖြစ်တယ်ဆိုပြီး ပြောထားတာမျိုးတော့ရှိပါတယ်။
?သူက ၁၈၆၆ခုနှစ်ကတည်းက မွေးဖွားခဲ့တာပါလို့ပြောပါတယ်။ ဒါမယ့် လူတော်တော်များများကတော့ ဒါဟာ လုံးဝမဖြစ်နိုင်ဘူးလို့ပြောနေကြပါတယ်။ ဘာလို့လဲဆိုတော့ သူမသာ တကယ်သွေးစုပ်ဖုတ်ကောင်မှန်တယ်ဆိုရင် အခုလိုမျိုး လူသိရှင်ကြားဖြစ်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူက attention လိုချင်လို့ သက်သက်လုပ်နေတာလို့ပဲမြင်ပါတယ်။
မြသွန်း(တောင်ဒဂုံ)
Keep Reading