May Me- Author
ဒီစာလေးက ကလေးရှိတဲ့ ဖေဖေမေမေတို့တွက်ပါရှင်
ကလေးတွေရဲ့ အကျင့်စရိုက်ကို အခြေခံပြီးတော့ မိမိတို့ရဲ့ သားသားမီးမီးလေးတွေဟာ Extrovert လား Introvert လား ဆိုတဲ့ အကြောင်းလေးကို ဂရုစိုက်ပြီး လေ့လာကြည့်ကြရအောင်ပါ။
ဆရာမ Susan Cain ရေးသားတဲ့ Quiet ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးတဲ့ အခါမှာ ကျမကလေးတွေကို လေ့လာရင်း ကလေးရှိတဲ့ ဖေဖေမေမေတို့ သိဖို့မျှဝေပေးခြင်းဖြစ်ပါတယ်နော်။
အရင်ဆုံး Extrovert & Introvert လေးသိအောင်ရှင်းပြပါမယ်နော်။
Extrovert အကျင့်စရိုက်နဲ့ ကလေးတွေဆိုတာ ပွင့်လင်းလွန်းစွာ အများတကာနဲ့ နေရာဒေသအလိုက် လိုက်လျှောညီထွေနေနိုင်ပြီး ဘယ်နေရာမှာဖြစ်ဖြစ် စိုးရိမ်ခြင်းကင်းစွာနဲ့ လူအများကြားမှာ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေကို ဆိုလိုခြင်းသဘောပါ။ သူတို့ဟာအပေါင်းအသင်းကိုလဲ အများအပြား ထားရှိတတ်ပါသေးတယ်။
Introvert အကျင့်စရိုက်နဲ့ ကလေးတွေဆိုတာ တစ်ယောက်ထဲ သီးသန့်နေတတ်ပြီး လူကြားထဲသွားရမှာတွေ အများနဲ့နေထိုင်ခြင်းကို မနှစ်သက်တာတွေနဲ့ မိမိကိုယ်ကို ယုံကြည်မှု့မရှိလို့ တစ်ခုခုလုပ်မယ်ဆို စိုးရိမ်စိတ်လွန်ကဲနေတာလေးတွေ ဖြစ်တတ်တဲ့သူတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ သူတို့ဟာ တစ်ယောက်ထဲနေရတာ သဘောကျပြီး လူများလာရင်စိတ်ရှုပ်ထွေးလာတဲ့အခါ အလိုလို စိတ်ပင်ပန်းလာတတ်ပါတယ်၊ Introvert အကျင့်စရိုက်ရှိတဲ့ ကလေးတွေဟာ သူတစ်ယောက်ထဲနေပြီး တွေးရတာ စဥ်းစားခန်းဖွင့်ရတာ တီထွင်ဖန်တီးရတာတွေကို နှစ်ခြိုက်ကြသူတွေပါ။
ကျမတို့ရဲ့ ရင်သွေးလေးတ
Unlock to read this premium article with 10 points.