SarPhat Author
ကာဗွန်ဒိုင်အောက်ဆိုဒ်လို့ခေါ်တဲ့ CO2 ဆိုတာက အခုနောက်ပိုင်း လူတွေတော်တော်များများပြောနေကြတဲ့ ဓါတ်ငွေ့တစ်ခုပေါ့။ သူ့အကြောင်းပြောရင် ကောင်းတဲ့အကြောင်းမဟုတ်၊ ဆိုးတာတွေချည်းပါပဲ။? အရင်က CO2 အကြောင်းကို သိပ်မပြောခဲ့ကြပေမဲ့ အရင်ကတည်းက သဘာဝအတိုင်း ရှိနေခဲ့တာပါတဲ့။
သူ့ကို Greenhouse Gas လို့လည်း ခေါ်သေးတယ်။ နွေရာသီမှာ အသေအလဲပူခဲ့ကြတာ သူတို့ကြောင့်ပဲပေါ့။? အဲ့လိုဆိုလို့ ကမ္ဘာပေါ်မှာ CO2 တွေ Greenhouse Gas တွေ မရှိပါစေနဲ့ဆိုပြီးလည်း ဆုမတောင်းလိုက်နဲ့နော်။ သူတို့သာမရှိရင် ကမ္ဘာကြီးက ရေခဲတုံးကြီးလို တအားအေးနေမှာမို့ အဲ့လိုကျလည်း လူသားတွေ ဒုက္ခရောက်နေဦးမှာပဲ။
ဒါပေမဲ့ လေထုထဲမှာ CO2 တွေများလွန်းပြန်တော့လည်း အခုလူတွေကြုံနေရတဲ့ Global Warming ဆိုတာကြီးကို ဖြစ်စေပြန်ရော။? ဒီလိုတွေဖြစ်လာရတာက လူတွေကြောင့်လို့ တော်တော်များများကလည်း ပြောနေကြပါတယ်။ အဲ့တော့ လူသားတွေရဲ့ ဘယ်လိုလုပ်ရပ်တွေက CO2 တွေကို လိုတာထက်ပိုစေတာလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
?️ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်း
?️သစ်ပင်၊ သစ်တောများကို ခုတ်ပစ်ခြင်း
?️လယ်ယာစိုက်ပျိုးရေး တိုးတက်လာခြင်း
?️စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာခြင်း နဲ့ အခြား၊ အခြားသော အကြောင်းအရာတွေကြောင့်ပေါ့။ ဒီအချက်တွေကိုတော့ အသေးစိတ်မရှင်းပြတော့ဘူးနော်။ ဒါတွေက လူတိုင်းကြားဖူးနားဝရှိပြီးသားပဲလို့ ယူဆပါတယ်။
အဲ့တော့ အဓိကပြောချင်တာက ဒီမှာပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မြင့်တက်လာရင် ဘာတွေဖြစ်မလဲ❔️ကမ္ဘာကြီးပူနွေးစေတယ်ဆိုတာတော့ သိထားပြီ။ ဒီလောက်ပဲလား❔️ တခြားရောဘာတွေဖြစ်သေးလဲ❔️ ဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦးနော်။
?️ရာသီဥတုအခြေအနေ ပြင်းထန်လာခြင်း
အရင်ကထက်စာရင် ‘မုန်တိုင်း’ဆိုတာကို ပိုပိုပြီး ကြားလာရပါတယ်။? ဒါ့အပြင် အချိန်မဟုတ် လေပြင်းတိုက်ခတ်တာ၊ မိုးရွာတာ၊ အအေးလိုင်းဖြတ်တာ စတာတွေကို ဖြစ်ပေါ်စေပါတယ်။
?️ရေသတ္တဝါများအပေါ်သက်ရောက်မှု
ရေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလာမယ်ဆိုရင် အလွန်လှပတဲ့ သန္တာကျောက်တန်းလေးတွေကို ထိခိုက်စေပါတယ်။? တစ်နည်းပြောရရင် သူတို့ရဲ့အရောင်စုံလေးတွေ ကျွတ်ကုန်တာပေါ့။ သန္တာကျောက်တန်းဆိုတာက လှရုံတင်မဟုတ်ဘဲ Ecosystem မှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ဒါ့အပြင် ရေထဲမှာ CO2 တွေများလာတဲ့အခါ အက်စစ်ဓါတ်တွေပိုများလာမှာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲလာတာက ရေထဲက ခရု၊ ကမာလေးတွေကိုလည်း ထိခိုက်စေပြန်ပါတယ်။
?️ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှု
CO2 များပြားလာတဲ့အခါ ရာသီဥတု ဖောက်ပြန်လာတယ်။?? အဲ့အခါ တိရစ္ဆာန်တွေအနေနဲ့ ပြောင်းရွှေ့နေထိုင်ရတာတွေ ဖြစ်ပေါ်လာတယ်။ Migrate လုပ်ဖို့ အဆင်မပြေတာ၊ အချိန်လုံလုံလောက်လောက်မရတဲ့အခါ Habitat Loss ကနေ Biodiversity Loss ဆိုတဲ့ ဇီဝမျိုးစုံမျိုးပွဲ ဆုံးရှုံးမှုပါ ဖြစ်ပေါ်လာပါတယ်။ အပေါ်မှာပြောသွားတဲ့ ရေသတ္တဝါတွေအပေါ် ထိခိုက်မှုတွေရှိလာတာကလည်း Biodiversity Loss တစ်ခုဖြစ်တယ်။
ဒါတွေတင် မကသေးပါဘူး။ လေ့လာကြည့်ရင် လေ့လာသလောက် ဆိုးကျိုးတွေကို တွေ့ရမှာပါ။☹️ ကျွန်မတို့လူသားတွေအတွက် ကမ္ဘာကြီးဆိုတာက အလွန်အရေးပါပါတယ်။ ဒါကြောင့် ကမ္ဘာကြီးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ဖျက်ဆီးနေမိရင်လည်း ကိုယ့်ရဲ့အပြုအမူတွေကို ပြောင်းလဲရပါမယ်။ တကယ်လို့ ပြောင်းလဲဖို့ကို တုံ့ဆိုင်းနေမယ်ဆိုရင် လာမယ့် အနာဂတ်ကိုရောက်တဲ့အခါ နောင်တတွေပဲရနေရမှာ ဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ အပြုအမူတွေကိုပြုပြင်ဖို့ အချိန်ကုန်သွားပြီဆိုတာကိုပဲ သိရမှာဖြစ်ပါတယ်။
There's no Planet B!
Keep Reading