မိုးနှောင်းအလင်္ကာ
ကျွန်တော်တို့တွေ စိတ်ဆိုးလာတဲ့အခါ၊နာကျည်းလာတဲ့အခါ၊ဒါမှမဟုတ် စိတ်ကိုအနာတရဖြစ်စေတဲ့စကားမျိုးကိုကြားတာ လုပ်ရက်မျိုးကိုလုပ်တာက ဒေါသကို ဖြစ်စေမှာပါ။ အဲ့ဒီဖြစ်ပေါ်လာတဲ့ ဒေါသ ရဲ့ အကျိုးဆက်ဟာသိပ့်ကိုဆိုးရွားလွန်းပါတယ်။ဒါကြောင့်ဒီနေ့ ဒေါသကို ကျွန်တော်တို့ ဘယ်လိုထိမ်းချုပ်မလည်း။ဒေါသထွက်လာရင် ရော ဘယ်လိုတွေလုပ်ပေးသင့်လည်း စတဲ့ အရာတွေကို ပြောပြပေးမှာဘဲဖြစ်ပါတယ်။အကယ်၍ ဒေါသကို ထိန်းချူပ်ဖို့ကြိုးစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးဟာ စာဖတ်သူအတွက် အကျိုးရှိစေမှာပါ။
ဒေါသထွက်လာပြီဆို ဘာတွေလုပ်သင့်မလဲ။ဒေါသထွက်လာပြီဆိုအရင်ဆုံး သတိထားရမှာက ဦးနှောက်နဲ့စဥ်းစားတတ်ဖို့ပါ။ဒေါသထွက်လာတဲ့အခါ ဘာမှမစဥ်းစားနိုင်ဘဲပူထူနေတတ်ပါတယ်။အဲ့ဒီအခါ စိတ်အေးစေဖို့အတွက်အကောင်းဆုံးက
နံပါတ်စဥ်တွေ ရည်တွက်တာပါဘဲ။တစ် ကနေ တစ်ဆယ်၊တစ်ဆယ် ကနေ နှစ်ဆယ်၊သုံးတယ် စသည်ဖြင့်ရည်တွက်ခြင်းနဲ့ စိတ်ကိုလျော့ချဖို့ အရင်လုပ်ဆောင်ရပါမယ်။ဒေါသမီးတောက်လောင်နေတဲ့အချိန်ဟာ စဥ်းစားချင့်ချိန်နိုင်စွမ်းမဲ့တတ်ပါတယ်။ဒါကြောင့်လည်းရှေးလူကြီးတွေက ပြောခဲ့တာပါ ပညာရှိအမျက်အပြင်မထွက်နဲ့ ဆိုတဲ့ စကားပုံဟာ သိပ့်ကိုမှန်ပါတယ်။ဒေါသတွေငြိမ်းချမ်းသွားအောင် တောက်လောင်နေတဲ့အချိန် စိတ်ကိုအခြားဖက်ကို လွှဲပြောင်းပေးတာဟာအကောင်းဆုံးနည်းလမ်းပါ။
ကျွန်တော်တို့ ဒေါသထွက်တဲ့အခါ ဘယ်လိုထိန်းချုပ်ရမလည်းဆိုတာကို နားလည်ထားပြီမို့ ဆက်သွားလိုက်ရအောင်ပါ။ဒေါသတွေကို အလွယ်တကူမထွက်အောင်ဘယ်လိုဆက်လုပ်သင့်လည်း။အကောင်းဆုံးနည်းလမ်းက စိတ်တည်ငြိမ်အောင် တရားထိုင်တာ ဘာသာရေးအရ မဟုတ်ဘဲ စိတ်ငြိမ်ဖို့တရားထိုင်ကြည့်ပါ။စိတ်ကို ငြိမ်းချမ်းစေပြီး ဒေါသတရားတွေကိုလျော့နည်းစေမယ် စိတ်ကိုလည်းလန်းဆန်းစေမှာဖြစ်ပါတယ်။ နောက်တစ်ခုက ယောဂကျင့်ပါ။ခန္ဓာကိုယ်အတွက် လည်းကျန်းမာစေပြီး စိတ်ကိုလည်း ပြေလျော့စေပါတယ်။ပြီးတော့ စိတ်ကိုပေါ့ပါးလန်းဆန်းစေတဲ့ ရသ စာအုပ်၊ဗဟုသုတနဲ့အေးချမ်းစေတဲ့ သုတ စာအုပ် စတဲ့ စာအုပ်တွေကို များများဖတ်ပေးပါ ဒါတွေကိုသာ လုပ်မယ်ဆိုရင် ဒေါသဖြစ်စရာတွေ ကြုံလာရင်တောင် တည်ငြိမ်မှုနဲ့အတူ ပြသနာကို ဖြေရှင်းနိုင်လာမှာဖြစ်ပါတယ်။
ဒေါသတွေကို အလွယ်တကူမထွက်အောင်ဘယ်လိုလုပ်သင့်လည်းဆိုတာ သိပြီဆိုတော့ ဆက်ရအောင်ပါ။ဒေါသတွေကိုချုပ်တည်းထားရတာ စိတ်ပင်ပန်းတဲ့အခါမျိုး ပေါက်ကွဲထွက်ချင်တဲ့ အခါမျိုးမှာဆိုရင် ဘယ်လိုလုပ်သင့်လည်း။ဒါကတော့ ဒေါသတွေပေါက်ကွဲထွက်လာပြီဆို တချို့က မိမိ အသားနာအောင်လုပ်တာမျိုး စတဲ့ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်မျိုးကို လုပ်လေ့ရှိကြပါတယ်။အကောင်းဆုံးကတော့ လေ့ကျင့်ခန်း ဆော့ကစားတာမျိုး၊ သီချင်းတွေကို အကျယ်ကြီးဖွင့်ပြီး လိုက်အော်ဆိုတာမျိုး၊ လူမရှိတဲ့ ကွင်းပြင်ကျယ်မှာ အော်ဟစ်ပစ်တာမျိုး၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ဒေါသတွေကို အခြားတစ်ယောက်ကို ရင်ဖွင့်ပြီး ပြောပြတာမျိုး စတဲ့အရာတွေနဲ့ စိတ်ကို ပေါ့ပါးသွားအောင်လုပ်ကပါမယ်။စိတ်ကိုအေးဆေးသွာအနားပေးပါ။
အခုဆိုရင် စာဖတ်သူတို့လည်း ဒေါသကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလည်းဆိုတာသိပြီထင်ပါတယ်။ဒေါသဟာရုပ်ရည်ကို ရင့်ရော်စေတယ်၊စိတ်နှလုံးကို ညစ်ညမ်းစေတယ်၊လူကိုအကျည်းတန်စေပါတယ်။ဒေါသ၊မောဟ တွေ ယုတ်လျော့နေတဲ့ လူဟာ အေးချမ်းတယ်၊အသိဉာဏ်ကို ပွင့်လန်းစေတယ်၊စိတ်ကိုလမ်းဆန်းစေပါတယ်။ဒါကြောင့် ဒေါသကို လျော့နိုင်သလောက် လျော့ဖို့ကို အကြံပေးပါရစေ။
#မိုးနှောင်းအလင်္ကာ
Keep Reading