Max's sharing
?စာဖတ်ခြင်းသည် ကျောင်းသားများအတွက် စိတ်ဖိစီးတစ်ခုမဟုတ်ဘဲ သက်တောင့်သက်သာ ဖြစ်စေနိုင်တဲ့အရာတစ်ခု အဖြစ် ဖန်တီးပေးရပါမည်။ စိတ်ပျော်ရွှင်မှုသည် စာဖတ်ခြင်း၏ ပထမဆုံး အဆင့်ဖြစ်ပါသည်။
? မက်လုံးပေးခြင်း
မက်လုံးပေးခြင်းကို အချို့က သိသိသာသာ ပြောင်းလဲခြင်းမရှိဟု ဆိုကြသော်လည်း သုတေသီများကမူ ပြောင်းလဲစေလိုသော အပြုအမူအတွက် မက်လုံးပေးခြင်းသည် အပြောင်းလဲ ဖြစ်စေနိုင်ပါသည်။ ဥပမာ- စာမျက်နှာ ၃မျက်နှာဖတ်ပြီးတဲ့သူ၊ ပုံပြင်တစ်ပုဒ်ဖတ်ပြီးတဲ့သူ ကို မှတ်စုစာအုပ်လက်ဆောင်ပေးခြင်း၊ စာသင်ခန်းအတွင်း notice board တွင် starပြပေးခြင်း စတာတွေလုပ်ပေးနိုင်ပါသည်။
? ပြင်ပစာ
ကျောင်းစာသည် ၎င်းဖိအားဖြစ်စေနိုင်ပါသည်။ ထိုကြောင့် ပြင်ပ ကာတွန်းစာပေများ၊ ပုံပြင်တိုများကို ရှာဖွေပံ့ပိုးပေးကာ အစပျိုးပေးနိုင်ပါသည်။ ကလေးများသည် နေအိမ်ရှိ နီးစပ်သော စာအုပ်များကိုစူးစမ်းဖတ်တတ်ကြပါသည်။ ဥပမာ နေ့စဉ်သတင်းစာ များမှ ဗဟုသုတများ ရလာခြင်း၊ ငယ်စဉ်ဘဝက တစ်ပတ်တစ်ခါ သတင်းစာဝယ်ဖတ်တတ်တဲ့ အဖေ ကြောင့် ဆောင်းပါးတွေ ဖတ်ရတာ သဘောကျနှစ်သက်လာပြီး အားလပ်ချိန်များတွင် သတင်းစာတစ်စောင်ကိုင်ကာ အချိန်ကုန်နေခဲ့ပါတယ်။
? မေးခွန်းမေးခြင်း
ဖတ်ပြီးထားတဲ့ အကြောင်းအရာတွေကို သိချင်သောကြောင့် ကလေးများကို မေးခွန်းပြန်မေးပေးခြင်း ဖြစ်သည်။ ဥပမာ- အဲဒီ ပုံပြင်မှာ ပါတဲ့ ဇာတ်ကောင်တွေကဘာတွေလဲ၊ ဘယ်လိုဖြစ်သွားလဲ စသဖြင့်၊ ထိုကြောင့် နားထောင်သူရှိတဲ့အတွက် နောက်ထပ် ဖတ်ချင်စိတ်များ ဖြစ်လာတတ်ပါသည်။
AH_Thwin
Thanks
Keep Reading