Tapathi (တပသီ)
?နည်းပညာနှင့်တကွ အရာရာဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်ကြီးမှာ လေ့လာချင်တဲ့ပညာရပ်တွေကို အချိန်ကုန်ခံ ငွေကုန်ခံပြီး လေ့လာစရာမလိုအောင် Khan Academy ရှိနေပါပြီ ။ ကိုယ်လေ့လာချင်တဲ့ ပညာရပ်ပေါင်းစုံကို website ထဲဝင်လိုက်တာနဲ့ 100% Free လေ့လာနိုင်ပါပြီ။အချိန်လဲပေးစရာမလိုဘဲ ကိုယ်အားတဲ့အချိန်အဆင်ပြေတဲ့အချိန်မှာ ဝင်လေ့လာနိုင်ပါတယ်။
?Computing, Math, Science, Art & Humanities, Economics, Reading & Language Arts ,Life Skills စတဲ့ ပညာရပ်ပေါင်းစုံကို ကျယ်ပြန့်စွာ လေ့လာလို့ရပါတယ်။ကျောင်းသား/သူ များအတွက်လည်း Grade အလိုက် လေ့လာလို့ရပါတယ်။ သင်ကြားရေးဗီဒီယိုတွေနှင့် လေ့ကျင့်ခန်းတွေပါဝင်ပြီး တကယ်အထောက်အကူပြုတဲ့အတွက် စိတ်ကြိုက်သာလေ့လာလိုက်ပါတော့။
?Khan Academyကို ဖန်တီးတည်ထောင်သူကတော့
အမေရိကန်ပညာရေးဆရာတစ်ဦးဖြစ်တဲ့ Sal Khan ဖြစ်ပါတယ်။
?လူကြီး လူငယ်များအပြင် ကလေးငယ်များအတွက်လည်း စိတ်ဝင်စားစရာ ကာတွန်းဇာတ်ကောင်လေးများအသုံးပြုကာ ဖန်တီးပေးထားပါတယ်။ကလေးတွေက သင်ယူရတာ စူးဆန်းရတာ နှစ်သက်ကြပါတယ်။ ကလေးငယ်များအား တီထွင်ဖန်တီးနိုင်စွမ်းနှင့် လူမှုရေး-စိတ်ခံစားမှုဆိုင်ရာစွမ်းရည်များတည်ဆောက်ပေးခြင်း၊ လွယ်ကူစွာ စာတတ်မြောက်မှု၊ စာဖတ်မှု၊ အရေးအသား၊ ဘာသာစကားနှင့် သင်္ချာကဲ့သို့သော အဓိကဘာသာရပ်များကို သင်ကြားပေးပါတယ်။
https://www.khanacademy.org/
?လေ့လာခွင့်ရတဲ့အချိန်မှာ မကုန်နိုင်တဲ့ပညာတွေကို တတ်နိုင်သလောက် ရှာဖွေစုဆောင်းလိုက်ကြရအောင်။?
✨ပညာလိုလားသူအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အောင်မြင်ပျော်ရွှင်သော ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။☘
Keep Reading