Vic
▪️ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း ၂နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ကျင်းပတဲ့ ဆောင်းပါး/စာစီစာကုံး ပြိုင်ပွဲဖြစ်ပါတယ်။
▪️ဆောင်းပါး/စာစီစာကုံးခေါင်းစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါပြီး ကိုယ်ယှဉ်ပြိုင်လိုတဲ့ခေါင်းစဉ်ကို ရွေးချယ်ပြီး ပါဝင်ယှဉ်ပြိုင် နိုင်ပါတယ် -
(က) သဘာဝအမွေအနှစ်ကို ဖျက်ဆီးခြင်းသည် လူ့အဖြစ်ကို ထိပါးခြင်းဖြစ်သည်။ (ဆောင်းပါး)
(ခ) ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးခြင်းသည် ကျွန်ုပ်တို့၏ သမိုင်း၊ဂုဏ်သိက္ခာ၊ ဖြစ်တည်မှုနှင့် ရှင်သန်မှုတို့ကို ဖျောက်ဖျက်ခံရခြင်းဖြစ်သည်။(ဆောင်းပါး)
(ဂ) တော်လှန်ရေးကာလအတွင်း အမွေအနှစ်များထိန်းသိမ်းခြင်း (ဆောင်းပါး)
(ဃ) အမွေအနှစ်ကပြောသော မြန်မာ့ တော်လှန်ရေးသမိုင်းများ (ဆောင်းပါး/စာစီစာကုံး-အလယ်တန်း၊ အထက်တန်း)
(င) ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှ လူမှုဘဝသာယာရ (ဆောင်းပါး/စာစီစာကုံး (အလယ်တန်း၊ အထက်တန်း)
(စ) သင်လေးစားရသော တော်လှန်ရေးခေါင်းဆောင်များ (စာစီစာကုံး-အလယ်တန်း၊ အထက်တန်း
(ဆ) ကျွန်ုပ်တို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် (မူလတန်း)
▪️ ဆောင်းပါး/စာစီ စာကုံးများကို အောက်က အချက်အလက်တွေ ဖော်ကျူးနိုင်မှုပေါ်မူတည်ပြီး ဆုများချီးမြင့်မှာဖြစ်ပါတယ်။
- အချက်အလက်ချိတ်ဆက်ခိုင်မာခြင်း၊
- အမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုခြင်း၊
- အမွေအနှစ်၏အရေးပါမှု၊ တန်ဘိုးတို့ကို စာဖတ်သူများအားအသိပညာပေးနိုင်ခြင်း၊
- ပြည်ထောင်စုတိုင်းရင်းသားများအားလုံး သွေးစည်းညီညွတ်ရေးကို အထောက်အကူ ပြုခြင်း၊
- တော်လှန်ရေးစိတ်ဓာတ်အား အထောက်အကူပြုခြင်း၊
- ဆောင်းပါး/စာစီစာကုံးနှင့် လိုက်ဖက်သော အလှဓာတ်ပုံ သတင်းဓာတ်ပုံများပါရှိခြင်း (မဖြစ်မနေထည့်သွင်းရန်မဟုတ်ဘဲ အကြောင်းအရာအရ ထည့်သွင်းနိုင်ခြင်း မရှိပါက လည်းအခြားအချက်များပေါ် မူတည်စဉ်းစားမည်ဖြစ်သည်။)
▪️ဆောင်းပါးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ
- ပထမဆု ကျပ်ငွေ (၃)သိန်း
- ဒုတိယဆု ကျပ်ငွေ(၂)သိန်း
- တတိယဆု ကျပ်ငွေ(၁)သိန်း
▪️စာစီစာကုံး (အလယ်တန်း၊ အထက်တန်း) အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ
- ပထမဆု ကျပ်ငွေ(၂)သိန်း
- ဒုတိယဆု ကျပ်ငွေ(၁)သိန်းခွဲ
- တတိယဆု ကျပ်ငွေ(၁)သိန်း
▪️ စာစီစာကုံး (မူလတန်း) အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ
- ပထမဆု ကျပ်ငွေ(၁) သိန်း
- ဒုတိယဆု ကျပ်ငွေ(၇၅,၀၀၀)
- တတိယဆုအတွက် ကျပ်ငွေ(၅၀,၀၀၀) ခ
ဆုရရှိခြင်းမရတဲ့ စာမူတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့သွားမှာဖြစ်ပါတယ်။ စာမူတွေကို IBHA Pageမှာ တည်းဖြတ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
▪️ ပြိုင်ပွဲဝင်စည်းကမ်းချက်များ
(က) ဆောင်းပါးအား IBHA အဖွဲ့ဝင်များမှလွဲ၍ အမွေအနှစ်ကို ချစ်မြတ်နိုးသော မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး စာစီစာကုံးအတွက် အမွေအနှစ်ချစ်မြတ်နိုးခြင်းအား ကလေး ငယ်ဘဝမှပင်ရှိစေလိုသော ရည်ရွယ်ချက်ကြောင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါသည်။
(ခ) ဆောင်းပါးအတွက် စာလုံးရေ ၁၅၀၀ မှ ၃၀၀၀ အတွင်း၊ အလယ်တန်း၊ အထက်တန်း စာစီစာကုံးအတွက် စာလုံးရေ ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ မူလတန်းအတွက် ၄၅၀ မှ ၉၀၀ အတွင်း ရှိရမည်ဖြစ်သည်။
(ဂ) ကွန်ပြူတာဖြင့်စာရိုက်မည်ဆိုပါက A4 တွင် ပြည်ထောင်စုဖောင့် ၁၂ ဖြင့်ရိုက်နှိပ် ထားသောစာမူအား soft copy ဖြင့်၊ လက်ရေးမူဖြင့်ရေးသားပါက A4 စာရွက်ဆိုဒ်ပေါ်တွင် သေသပ်စွာရေးသားထားသော စာမူအားရှင်းလင်းစွာ ရိုက်ထားသောဓာတ်ပုံဖြင့် IBHA facebook page သို့မဟုတ်၊ IBHA email [email protected] သို့မဟုတ် Signal +61470368509 ,09957810474, +959773325921 များသို့ (၂၁-၆-၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။
(ဃ) ကိုယ်တိုင်ရေးစာမူများဖြစ်ရပါမည်။ (ကိုယ်တိုင်းရေးဖြစ်ကြောင်းဝန်ခံချက်ပါရှိရ ပါမည်။)
(င) အချက်အလက်ကိုးကားထားခြင်းရှိက အကိုးအကားစာအုပ်စာရင်း ထည့်သွင်းပေး ရမည်။
(စ) ဆောင်းပါးအင်္ဂါရပ်၊ စာစီစာကုံးအင်္ဂါရပ်နှင့်ညီညွတ်ရမည်။
(ဆ) ဆောင်းပါး/စာစီစာကုံးနှင့် လိုက်ဖက်သောကြောင့် ပူးတွဲပေးပို့လိုသော ဓာတ်ပုံ၊ ရုပ်ပုံများရှိကလည်း ပူးတွဲပေးပို့နိုင်ပါသည်။
(ဈ) ကလောင်ရှင်အမည်၊ ပညာအရည်အချင်း၊ အမွေအနှစ်အပေါ်စိတ်ဝင်စားမှုအကြောင်း အရာအကျဉ်းချုပ် အား စာမူပေးပို့သည့်အခါ ဖော်ပြပါရှိရပါမည်။
ကိုးကား - IBHA Facebook
Photo © Pinterest
အသေးစိတ်သိရှိရန် _
https://www.facebook.com/share/p/SPTeBLK35DwnnB4T/?mibextid=qi2Omg
Keep Reading